စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်များကို စစ်ဆေးရေး ဗဟိုကော်မတီ ဥက္ကဌထံသို့ တင်ပြထားပြီး ဖြစ်ကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ သိရသည်။ ယင်းအပြင် သက်ဆိုင်ရာ ဌာနများသို့လည်း စစ်ဆေး နိုင်ရန်အတွက် တင်ပြထားပြီး ဖြစ်ကြောင်း Mobile Team မှ တာဝန်ကျ အရာရှိတဦးက ပြောသည်။
စက်တင်ဘာ ၃ ရက်နေ့ကလည်း ချယ်ရီဦးကုမ္ဗဏီက တင်သွင်းသည့် Romanson နာရီအလုံး ၉၀၀ ကျော်ကို Mobile Team ၏ စစ်ဆေးခြင်း မပြီးဆုံးသေးခင် အကောက်ခွန် စစ်ဆေးရေး အဖွဲ့ဝင်တဦးက ထုတ်ယူခွင့်ပြုခဲ့ရာ ယင်းကိစ္စအားလည်း ပြည်ထဲရေးနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။




































No comments:
Post a Comment