Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ဗြိတိန် ၂ ဦး အသတ်ခံရမှု မြန်မာအလုပ်သမားများ ပစ်မှတ်ထား စစ်ဆေးခံရ


ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော်ဖငန့်မြို့နယ် ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူသတ် တရားခံ ဖော်ထုတ်မှုမှာ မြန်မာအလုပ်သမားတွေ တင်းကျပ်စွာ စစ်ဆေးခံနေရပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့က စိုင်ရီကမ်းခြေနားမှာ ဗြိတန်လူငယ် ၂ ဦးဖြစ်တဲ့  ဒေးဗစ်မေ လာနဲ့ ဟန်နာ ဝစ်သာရစ်ခ်ျတို့ရဲ့ အလောင်းတွေ တွေ့ရှိပြီးတဲ့နောက်ပိုင်း  ထိုင်းရဲတပ်ဖွဲ့ဝင်နဲ့ တာဝန်ရှိသူတွေဟာ တအိမ်တက်ဆင်းစစ်ဆေးနေပြီး အထူးသဖြင့် မြန်မာအလုပ်သမားတွေကို ပစ်မှတ်ထားနေတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။

0ရဲတွေဟာ အိမ်ထဲဝင်ပြီး မွှေနှောက်ရှာဖွေတာ၊ လမ်းသွားလမ်းလာတွေကို လူရောပစ္စည်းတွေပါ စစ်ဆေးကြသလို တချို့ဆို စစ်ဆေးရာမှာ အရိုက်ခံရတာတွေပါ ရှိနေတယ်လို့ အလုပ်သမားတဦးဖြစ်တဲ့ ကိုသန်းဇော်ဦးက ပြောပါတယ်။

“မြန်မာအလုပ်သမားအကုန်လုံးကို ခေါ်ပြီး အိမ်တိုင်းမှာ လိုက်စစ်တယ်။ လမ်းသွားနေတဲ့သူတွေကို မသင်္ကာရင်လည်း သူတို့ စစ်တယ်။ ထိုင်းနိုင်ငံသားတွေကိုတော့ စစ်တာ အပြင်မှာ သိပ်မတွေ့ရဘူး။ ကျနော်တို့မြန်မာနိုင်ငံသားတွေကျတော့ အိမ်တွေမှာ ၀ိုင်းတယ်၊ သတင်းမီဒီယာနဲ့ အကုန်ရိုက်တယ်၊ အင်္ကျီဘောင်းဘီချွတ်ပြီး စစ်ဆေးတာလည်း ရှိတယ်။ အရမ်းကိုဆိုးတယ်။ အလုပ်သမားတွေ အလုပ်သွားဖို့လည်း အခက်အခဲကြုံရတယ်။ အရင်လို မလုပ်ရတော့ဘူး။”

စစ်ဆေးခံရတဲ့ မြန်မာအလုပ်သမား ကိုစည်သူက “ဖုန်းတွေဘာတွေစစ်တော့ ကျနော်လည်း လက်မြှောက်ပေးလိုက်တယ်။  က်ေနာ့္ကုိ အေနာက္ကေန အက်ႌကုတ္ကုိ ဆြဲထားတာ။ ကျနော်ဘာမှလည်း အမှားမလုပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ အင်္ဂလိပ်က ကျနော့်ကိုပြောတယ်၊ စကားမများနဲ့တဲ့။ ကျနော်က ထိုင်နေတော့ အနောက်ကနေ ခြေထောက်နဲ့ လာလာပြီး ပုတ်နေတယ်။ မှန်မှန်ဖြေ မလိမ်နဲ့ဆိုပြီး” လို့ ပြောပါတယ်။

ကိုစည်သူရဲ့အခန်းကို သွားရောက်စစ်ဆေးစဉ်က မွေ့ယာဟောင်းမှာ သွေးစနဲ့တူတဲ့ အစက်တွေ တွေ့ရလို့ စက်တင်ဘာလ ၁၉ ရက်နေ့ညက ရဲစခန်းမှာ ၁ နာရီကျော် ခေါ်စစ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အလားတူ သူ့သူငယ်ချင်း ရဲလင်းက လူသတ်သမားကို မသိကြောင်း ဖြေတဲ့အခါ ထိုင်းရဲနဲ့ လိုက်ပါသူ နိုင်ငံခြားသားတဦင်္းက နားရင်းအုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

တာဝန်ရှိသူတွေက ခုလိုစစ်ဆေးရာမှာ ထိုင်းလူမျိုးတွေပါ စစ်ဆေးခံရပေမယ့် ရွှေ့ပြောင်း အလုပ်သမားတွေကို လိုတာထက်ပိုစစ်သလို၊ ခွဲခြားဆက်ဆံမှုရှိသလို ခံစားရတယ်လို့ အခြားအလုပ်သမားတဦးက ပြောပါတယ်။

သူတို့ အခုလို ခံနေရတဲ့အပေါ်မှာ မြန်မာလူမှုကွန်ရက်အဖွဲ့ဝင်တဦးကို အကြောင်းကြားထားတယ်လို့ ကိုသန်းဇော်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းအဖွဲ့ဝင်နဲ့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့  မြန်မာနိုင်ငံသားမျာား ကာကွယ်စောင့်ရှောက်ရေးကော်မတီက ကိုယ်စားလှယ်တွေဟာ မကြာခင်ရက်ပိုင်းအတွင်း ကော့တောဝ်ကျွန်းကို သွားရောက်ပြီး အလုပ်သမားတွေကို လိုအပ်တဲ့ အကူအညီပေးမယ်လို့ ပညာရေးနဲ့ဖွံ့ဖြိုး တိုးတက်ရေးဖောင်ဒေးရှင်းရဲ့ ပြောခွင့်ရ ကိုမင်းဦးက ပြောပါတယ်။

ဗြိတန်လူငယ် ၂ ဦးရဲ့ အလောင်းတွေ တွေ့ရှိပြီးတဲ့နောက်ပိုင်း အမှတ် ၄ တိုင်းဒေသ ရဲတပ်ဖွဲ့ဝင်နဲ့ အထူးစုံစမ်းစစ်ဆေးရေးဘက်က တာဝန်ရှိသူတွေဟာ သေဆုံးသူနဲ့ ဒီအန်အေတိုက်ဆိုင်စစ်ဆေးဖို့ စက်တင်ဘာလ ၂၀ ရက်နေ့က မြန်မာအလုပ်သမား ၂၀ ဦးတို့ရဲ့ ဒီအန်အေ (မျိုးရိးဗီဇ) ကိုရော ခြေဖ၀ါးတွေပါ တိုင်းတာယူထားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဒီအန်အေစစ်ဆေးခံရသူတွေ အများစုဟာ စီစီကင်မရာက ရိုက်ယူထားတဲ့ ပုံပန်းသဏ္ဌာန်တဲ့ ဆင်တူယိုးမှားရှိသူတွေ ဖြစ်ပါတယ်။ ကင်မရာထဲက လူဟာ သေဆုံးသူရဲ့ ဘောင်းဘီကို ယူဝတ်ထားတယ်လို့လည်း စုံစမ်းရေးအဖွဲ့က ပြောပါတယ်။

စီစီကင်မရာတွေ့ရှိချက်နဲ့ အခြားသော အထောက်အထားတွေအရ ကျူးလွန်သူဟာ အာရှတိုက်သားဖြစ်ပြီး ထိုင်းတဦးနဲ့ နိုင်ငံခြားအလုပ်သမားတဦးလို့ ထိုင်းရဲတွေက ယူဆနေပါတယ်။

စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်း နောက်ဆက်တွဲသတင်းတွေအရ ဒီလူသတ်မှုမှာ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း အယောက် ၃၀ ကို ဒီအန်အေ စစ်ဆေးခဲ့ပြီး မုဒိမ်းကျင့်ခံရပြီး သေဆုံးသွားသူ မိန်းကလေးရဲ့ မန်းမကိုယ်က သုက်ပိုးဒီအန်အေနဲ့ တိုက်ဆိုင်သူ တဦးမှ မရှိကြောင်း၊ ဒါပေမယ့် တရားခံမမိမချင်း သံသယရှိသူတွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ရဲချုပ် ဗိုလ်ချုပ်ကြီး ဆုမ်ယုဒ် ဖုန့်ဖန်းမုန့်က သတင်းထောက်တွေကို ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်ကလပ်ကိုတော့ မူရင်းဗြိတိန်နိုင်ငံကို ပြန်လည်သယ် ဆောင်သွားပြီ ဖြစ်ပါတယ်။

ကော့တောင်ကျွန်းမှာ မြန်မာပြည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်ကလာတဲ့ အလုပ်သမားတွေ ထောင်နဲ့ချီရှိပြီး ခြံအလုပ်သမား၊ ဘန်ဂလို၊ အိမ်ဖော်၊ ဆောက်လုပ်ရေး၊ ဈေးရောင်း၊ ဆိုင်ကယ်အငှားလိုက်ခြင်း စတဲ့အလုပ်တွေ လုပ်ကိုင်နေကြပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ