ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

Algeria ရောက် ပြင်သစ်တစ်ဦးကို ISIS ဖမ်းဆီးထား

အယ်လ်ဂျီးရီးယား ​(Algeria) ​နိုင်ငံအခြေစိုက် ​စစ်သွေးကြွအဖွဲ့တစ်ခုက ​ပြင်သစ်နိုင်ငံသား ​တစ်ဦးကို ​ဖမ်းဆီးထားပြီး ​အီရတ်နိုင်ငံက ​ISIS ​စစ်သွေးကြွတွေအပေါ် ​ဝေဟင်တိုက်ခိုက်မှု ​လုပ်တာကို ​ပြင်သစ်က ​မရပ်ဆိုင်းရင် ​အဲဒီပြင်သစ်နိုင်ငံသားကို ​လည်လှီးသတ်ဖြတ်မယ်လို့ ​ခြိမ်းခြောက် ​ထားပါတယ်။

Al ​Qaeda ​တပ်ဖွဲ့တွေ ​လှုပ်ရှားမှုများတဲ့ ​အယ်လ် ​ဂျီး ​ရီး ​ယား ​နိုင်ငံက ​တောတောင် ​ထူထပ်တဲ့ ​ဒေသမှာ ​အဲဒီ ​ပြင်သစ် ​နိုင်ငံသားကို ​ပြီးခဲ့တဲ့ ​တနင်္ဂနွေနေ့က ​ဖမ်းဆီးခဲ့တာကို ​အဆိုပါအဖွဲ့က ​ပြောပါတယ်။

တနင်္လာနေ့မှာ ​ထွက်ပေါ်လာတဲ့ ​YouTube ​ဗီဒီယိုမှာတော့ ​ပြင်သစ်နိုင်ငံသား ​Herve ​Pierre ​Gourdel ​ကို ​ထိုင်လျက်တွေ့ရပြီး ​ဘေးမှာတော့ ​မျက်နှာအုပ်ထားတဲ့ ​လက်နက်ကိုင်ဆောင်သူ ​နှစ်ဦး ​ရှိနေတာကို ​တွေ့ခဲ့ရပါတယ်။

အဲဒီ ​ဗီဒီယိုထဲမှာ ​ဖမ်းဆီးခံရတဲ့ ​ပြင်သစ်နိုင်ငံသားက ​Jund ​al-Khilifa ​ဆိုတဲ့ ​တပ်ဖွဲ့ရဲ့ ​ထိန်းသိမ်းမှုကို ​ခံနေရတဲ့အကြောင်း၊ ​အီရတ်အရေးမှာ ​ပြင်သစ်အနေနဲ့ ​ဝင်မပါဖို့ ​ပြောပေးဖို့ ​အကြမ်းဖက်အဖွဲ့တွေက ​ပြောခိုင်းတဲ့အကြောင်း၊ ​သူ့ကို ​ဓားစာခံ ​တစ်ဦးအနေနဲ့ ​ထိန်းသိမ်းထားတာ ​ဖြစ်တဲ့အတွက် ​သူအသက်ရှင် ​လွတ်မြောက်ရေးအတွက် ​အတတ်နိုင်ဆုံး ​လုပ်ဆောင်ပေးဖို့နဲ့ ​ကျေးဇူးတင်ကြောင်း ​ဖမ်းဆီးခံရသူ ​Herve ​Pierre ​Gourdel ​က ​ပြောပါတယ်။

Mr ​Gourdel ​က ​သူ့နာမည် ​အပြည့်အစုံ၊ ​မွေးနေ့ ​သက္ကရာဇ် ​တွေကိုပါ ​အပြည့်အစုံ ​ပြောပြထားပြီး ​သူက ​အယ်လ်ဂျီးရီးယား ​နိုင်ငံကို ​စက်တင်ဘာလ ​၂၀ ​ရက်နေ့မှာ ​ရောက်ရှိပြီး ​၂၁ ​ရက်နေ့မှာ ​ဖမ်းဆီးခံလိုက်ရတာလို့ ​ပြောပါတယ်။

အဲဒီ ​ဗီဒီယိုက ​စစ်မှန်ကြောင်းလည်း ​ပြင်သစ်အစိုးရက ​အတည်ပြုထားပါတယ်
ပြင်သစ်နိုင်ငံသား Herve Pierre Gourdelကို စစ်သွေးကြွနှစ်ဦးက ဖမ်းဆီးထား

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ