Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

သြစီ၊ ကန်နဲ့ ဥရောပ ပြည်သူတွေကိုပါ သတ်ပစ်ဖို့ IS တိုက်တွန်း


ISIS ​လို့ခေါ်တဲ့ ​အစ္စလာမ်မစ်နိုင်ငံ ​တည်ထောင်သူတွေက ​သြစတြေးလျ၊ ​အမေရိကန်၊ ​ကနေဒါနဲ့ ​ဥရောပတိုက်က ​မွတ်စလင်ဘာသာ ​မဟုတ်သူတွေကို  ​သတ်ပစ်ဖို့ ​ကမ္ဘာပေါ်က ​သူတို့အဖွဲ့ကို ​ထောက်ခံသူတွေကို ​ပန်ကြားလိုက်ပါတယ်။

အနောက်တိုင်းနိုင်ငံတွေအပေါ် ​စစ်ခင်းကြောင်း ​အတိအလင်းပြောကြားတဲ့ ​အသံဖိုင်ထဲမှာ ​ISIS ​အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ​Abu ​Muhammad ​al-Adnani ​ash-Shami ​က ​ပြောခဲ့တာပါ။

အမေရိကန် ​ဒါမှမဟုတ် ​ဥရောပက ​တိတ္ထိကောင်တွေ၊ ​မုန်းဖွယ်ကောင်းပြီး ​အသုံးမကျတဲ့ ​ပြင်သစ် ​ဒါမှမဟုတ် ​သြစတြေးလျ၊ ​ကနေဒါ ​နဲ့ ​တခြား ​ဘာသာပတွေကို ​သတ်ပစ်နိုင်မယ်ဆိုရင် ​အာလာ ​ဘုရားရှင်ကို ​အားကိုးပြီး ​တတ်နိုင်တဲ့နည်းနဲ့ ​သတ်ဖြတ်ဖို့ ​al-Adnani ​က ​အသံဖိုင်ထဲမှာ ​ပြောဆိုထားပါတယ်။

အနောက်တိုင်း ​စစ်သားတွေသာမက ​သာမာန်ပြည်သူတွေ ​ဖြစ်နေပါစေ ​သတ်ပစ်ဖို့ ​တိုက်တွန်းထားပြီး ​ကိုယ့်ရဲ့ ​အစီအစဉ်နဲ့ ​ပတ်သက်ပြီး ​ဘယ်သူ့ကိုမှ ​အကြံညဏ်တောင်းစရာ၊ ​တိုင်ပင်စရာမလိုပဲ ​အကောင်အထည်ဖော် ​လုပ်ဆောင်ဖို့ ​ပြောထားပါတယ်။

အမေရိကန်နဲ့ ​နိုင်ငံတကာတပ်တွေက ​ISIS ​စစ်သွေးကြွတွေအပေါ် ​ထိုးစစ်ဆင်မှုတွေ ​ပိုမိုလုပ်လာပြီးတဲ့နောက် ​အခုလို ​တကမ္ဘာလုံးက ​မွတ်စလင်တွေအပေါ် ​ပန်ကြားချက် ​ထွက်ပေါ်လာတာပါ။

သြစတြေးလျ ​အစိုးရကတော့ ​ဒီလို ​ခြိမ်းခြောက်ပြောဆိုမှုတွေဟာ ​အထူးအဆန်း ​မဟုတ်ပေမယ့် ​တပ်လှန့်မှုတွေ ​ရှိဖို့ ​လိုတယ်လို့တော့ ​သြစတြေးလျ ​ရှေ့နေချုပ် ​George ​Brandis ​က ​တုန့်ပြန်ထားပါတယ်။

ISIL ​အဖွဲ့နဲ့ ​တခြား ​အကြမ်းဖက်အဖွဲ့တွေက ​အခုလိုမျိုး ​အနောက်တိုင်းတွေရဲ့ ​လွတ်လပ်မှုနဲ့ ​ဒီမိုကရေစီကျတဲ့ ​နေထိုင်မှုအပေါ် ​ရန်လိုတဲ့ ​ထုတ်ပြန်ချက်မျိုး ​ထုတ်ပြန်ဖူးတာရှိတယ်လို့လည်း ​ပြောပါတယ်။

အကြမ်းဖက် ​ပညာရှင် ​Greg ​Barton ​ကတော့ ​အဲဒီ ​အကြမ်းဖက်ခေါင်းဆောင် ​ပြောသွားတဲ့ ​အပြောအဆိုတွေဟာ ​ဓမ္မာကျမ်းစာဟောင်းက ​တမန်တော်တွေ ​ပြောသွားသလို ​ပြောဆိုတဲ့အတွက် ​ဆွဲဆောင်မှု ​ရှိမှာကို ​စိုးရိမ်မိတဲ့အကြောင်း ​အထူးသဖြင့် ​လူငယ်တွေနဲ့ ​သြစတြေးလျနိုင်ငံက ​လူငယ်တွေအပေါ် ​လွှမ်းမိုးသွားမှာကို ​စိုးရိမ်တယ်လို့ ​ပြောပါတယ်။

အခုဆိုရင် ​အရှေ့အလယ်ပိုင်းကို ​လာပြီး ​ပူးပေါင်းတိုက်ခိုက်ဖို့ ​ဖိတ်ခေါ်မှုတွေ ​မလုပ်ပဲ ​သူတို့နေထိုင်ရာ ​နိုင်ငံမှာ ​အကြမ်းဖက်မှုတွေ ​လုပ်ကြဖို့ ​တိုက်တွန်းတဲ့အတွက် ​သြစတြေးလျပြည်တွင်းမှာ ​အကြမ်းဖက်မှုတွေ ​ဖြစ်မှာကို ​စိုးရိမ်ရတယ်လို့လည်း ​ပြောပါတယ်။

သြစတြေးလျနိုင်ငံအပါအဝင် ဘာသာပတွေကို သတ်ပစ်ဖို့ ISIS အဖွဲ့တိုက်တွန်း

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ