Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

အိမ်ဖြူတော်ဝင်းထဲ ကျူးကျော်သူရဲ့ယာဉ်ပေါ် လက်နက်နဲ့ကျည်ဆံတွေမိ

ပြီးခဲ့တဲ့ သောကြာညပိုင်းတုန်းက အမေရိကန်သမ္မတ အိမ်ဖြူတော် ခြံဝင်းကို ကျော်ဝင်ခဲ့သူရဲ့ ကားအတွင်းမှာ ကျည်ဆံတွေ၊ ဓါးတွေ တွေ့ရတယ်လို့ ၀ါရှင်တန်ဒီစီက ဖယ်ဒရယ်အစိုးရရှေ့နေက ပြောပါတယ်။ သူဟာ ဓါးငယ်တလက်ကိုင်ပြီး သောကြာနေ့တုန်းက သမ္မတအိမ်ဖြူတော်ခြံဝင်းကို ကျော်ဝင်ပြီး အိမ်ဖြူတော်အဆောက်အဦးထဲ ၀င်ရောက်ဖို့ ကြိုးစားရင်း အ၀င်ဝမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အိမ်ဖြူတော်ခြံဝင်း ကျော်ဝင်သူ Omar Gonzalez ဟာ အမေရိကန် စစ်ပြန်တဦးဖြစ်ပြီး သူ့ကို တရားရုံးတင်ဖို့ အစိုးရရှေ့နေက ပြင်ဆင် ဆောင်ရွက်နေပါတယ်။

အသက် ၄၂ နှစ်အရွယ် Gonzalez ကို ဇူလိုင်လအတွင်းတုန်းကလည်း အိမ်ဖြူတော် လုံခြုံရေးကနေ ဖမ်းခဲ့ဖူးတယ်လို့ အစိုးရရှေ့နေ David Mudd က ပြောပါတယ်။ အဲဒီတုန်းကတော့ သူဟာ အိမ်ဖြူတော်အနားတ၀ိုက် သွားလာနေစဉ် ဖမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီတုန်းက သူ့ဆီက အသံတိတ် ရိုင်ဖယ်တလက်နဲ့ အိမ်ဖြူတော်အဆောက်အဦးမြေပုံတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း သူ့ကို အိမ်ဖြူတော်အနား လမ်းလျှောက်နေစဉ် ဖမ်းခဲ့ဖူးပြီး အဲဒီတုန်းက ဓါးတလက် တွေ့ခဲ့တယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။ အခုလို အဖြစ်အပျက်ဖြစ်ပြီး အိမ်ဖြူတော်လုံခြုံရေးဆိုင်ရာ အားနည်းမှုနဲ့ပတ်သက်လို့တော့ သမ္မတအိုဘားမားအနေနဲ့ အတော်လေး စိုးရိမ်မကင်းဖြစ်ပုံရတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူက ပြောပါတယ်။ ဒါပေမယ့်လည်း သမ္မတအိုဘားမားအနေနဲ့ တနင်္လာနေ့ သတင်းထောက်တွေနဲ့ တွေ့စဉ်မှာတော့ လုံခြုံရေးအထူးတပ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ