Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 13, 2014

ကမ္ဘာ့အရပ်အမြင့်ဆုံး ခွေးကြီး သေဆုံးသွားကြောင်း ပိုင်ရှင်ကြေညာ


ကမ္ဘာ့အရပ်အမြင့်ဆုံး ခွေးကြီးအဖြစ် စံချိန်တင်ထားသည့် ဇုစ်သည် ယခုအခါ သေဆုံးသွားရှာပြီဖြစ်ကြောင်း သိရှိရသည်။


ဂရိတ်ဒိန်း အမျိုးအစား ဧရာမ ခွေးကြီးသည် လေးဘက်ထောက်လျက်သား ရှိနေချိန်တွင် ပခုံးအထိ (၄၄)လက်မ အမြင့်ရှိသည်။ အကယ်၍ ခြေထောက် နှစ်ချောင်းထောက်ပြီး မတ်တပ်ရပ်နေပါက ဇုစ်၏ အရပ်အမြင့်သည် (၇)ပေ၊ (၄)လက်မထိ ရှိနေသည်။ ထို့ကြောင့်လည်း ၎င်းသည် (၂၀၁၂)ခုနှစ်တွင် ဂင်းနစ်မှတ်တမ်း အဖွဲ့၏ ကမ္ဘာ့အရပ်အမြင့်ဆုံး ခွေးကြီးအဖြစ် သတ်မှတ်ခြင်းကို ခံခဲ့ရသည်။


ကီဗင်ဒေါလက်ဂ်နှင့် ဇနီးသည် ဒန်းနစ်ဒေါလက်ဂ်တို့ မွေးမြူထားသည့် ခွေးကြီးသည် ဂင်းနစ်မှတ်တမ်းတွင် အမည်ပါဝင်လာပြီး ကတည်းက နိုင်ငံတကာမှ ခွေးချစ်သူများကြား ထင်ရှားလာခဲ့သည်။ ယခုအခါ ခွေးကြီးသည် ၎င်းအသက် (၆)နှစ်မပြည့်မီ (၂)လမျှ အလိုတွင် ဆုံးပါးသွားခြင်း ဖြစ်သည်။

ဇုစ်မှာ အရပ်မြင့်လွန်းသဖြင့် မှတ်ဉာဏ် ဖွံ့ဖြိုးဆဲအရွယ် ကလေးငယ်များဆိုလျင် ၎င်းကို မြင်းတစ်ကောင်နှင့် အမှတ်မှားလေ့ရှိကြောင်း သိရသည်။ ဇုစ်သည် ကွယ်လွန်ချိန်တွင် (၁၆၅)ပေါင်မျှ အလေးချိန်ရှိပြီး ၎င်းအတွက် သီတင်း(၂)ပတ်ကြာတိုင်း ပေါင်(၃၀) အလေးချိန်ရှိ ခွေးစာတစ်ထုပ် ကုန်လေ့ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ သူ့ကို လွမ်းနေမှာပါ။ သူနဲ့ ပတ်သက်လို့ အမှတ်ရစရာတွေ အများကြီးပဲ သူက တကယ့်ကို ထူးခြားတဲ့ ခွေးတစ်ကောင်ပါ”ဟု အမေရိကန်နိုင်ငံ၊ မစ်ချီဂန်ရှိ အော့ဆီဂိုတွင် နေထိုင်သော ဒေါလက်ဂ်က ဆိုသည်။ ဇုစ်သည် အသက်အရွယ် ကြီးရင့်လာသဖြင့် သဘာဝအတိုင်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သေဆုံးခဲ့ခြင်းဟုလည်း ဒေါလက်ဂ်က အတည်ပြုခဲ့သည်။

“ဇုစ်ကို ပထမဆုံး မြင်ဖူးလိုက်တဲ့ လူတိုင်းက ပါးစပ်အဟောင်းသားနဲ့ အံ့ဩသွားကြတယ်။ အဲဒီလို အံ့ဩတကြီး ဖြစ်နေတဲ့ မျက်နှာတွေကို လိုက်ကြည့်ရတာကိုက ပျော်ဖို့ကောင်းပါတယ်။ သူနဲ့ပတ်သက်ပြီး အမှတ်အရဆုံး ဖြစ်ရပ်တွေ ဆိုရင်လည်း မမှားပါဘူး”ဟု ဒေါလက်ဂ်က ဖွင့်ဟသွားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ