Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, September 13, 2014

ရွှေ့ပြောင်းလုပ်သားနှင့် ဒုက္ခသည်များအရေး အစိုးရဆောင်ရွက်မှု လက်တွေ့နှင့် ကင်းကွာဟု လွှတ်တော်ကိုယ်စားလှယ်များဝေဖန်


ထိုင်းစစ်အစိုးရလက်ထက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက မြန်မာအလုပ်သမားများကို ၎င်းတို့၏မူဝါဒနှင့်လိုက်နာရမည့်စည်းကမ်းချက်များ ရှင်းလင်းပြနေစဉ်
မြန်မာနိုင်ငံမှ ထွက်ခွာ သွားသည့် ရွှေ့ပြောင်းလုပ်သား များနှင့် ဒုက္ခသည်များ အရေးအ တွက် ပြည်ထဲရေးဝန်ကြီးဌာန၊ အ လုပ်သမားဝန်ကြီးဌာနနှင့်နိုင်ငံ ခြားရေးဝန်ကြီးဌာနတို့၏ ဆောင် ရွက်ချက်များသည် လက်တွေ့နှင့် ကင်းကွာနေပြီး လုံလောက်မှု မရှိ ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားလိုက်သည်။


စက်တင်ဘာ ၁၂ ရက်က ကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် မြန်မာ ရွှေ့ပြောင်းလုပ်သားများနှင့် ထိုင်း နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း များ၌ ရောက်ရှိနေသော မြန်မာ တိုင်းရင်းသားများအား ပြည်တွင်း ၌ ပြန်လည်နေရာချထားရန် ဆောင်ရွက်နေသော အခြေအနေ များကို အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာနတို့က လာရောက် ရှင်းလင်းခဲ့ရာတွင် ယခင်ထက် တိုးတက်မှု အနည်းငယ်ရှိနေ သော်လည်း လုံလောက်မှုမရှိ ကြောင်း လွှတ်တော်ကိုယ်စား လှယ်များက ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယခုအခါ ပြည်ပရင်းနှီးမြှုပ် နှံမှုများ ၀င်ရောက်နေပြီး ထားဝယ်စီးပွားရေးဇုန်နှင့် သီလ၀ါအထူးစီးပွားရေးဇုန်များ တည်ဆောက်တော့မည်ဖြစ်သောကြောင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် ပြည်ပကုမ္ပဏီများနှင့် ညှိနှိုင်း၍ မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ စီစဉ်ထားပြီးဖြစ်သည်ဟု ဒုတိယ၀န်ကြီး ဦးထင်အောင်က ပြောကြားထားသည်။
ပြည်ထဲရေးဝန်ကြီးဌာနအ နေဖြင့်လည်း ထိုင်းနိုင်ငံတွင် တ ရားမ၀င် မြန်မာရွှေ့ပြောင်းလုပ် သား ၁၈ သိန်းကျော်အား နိုင်ငံကူး လက်မှတ်ထုတ်ပေးနိုင်ခဲ့ပြီး မ လေးရှားနိုင်ငံတွင် ရွှေ့ပြောင်း လုပ်သား တစ်သိန်းခွဲခန့်အား နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးနိုင် ခဲ့သည်ဟု ဒုတိယ၀န်ကြီး ဗိုလ်မှူး ချုပ် ကျော်ဇံမြင့်က ပြောကြား သွားသည်။
သို့သော် ‘‘၀န်ကြီးဌာနသုံးခု ရဲ့ ဆောင်ရွက်ချက်တွေက လက် တွေ့မှာ အများကြီးအားနည်းနေ တာကို တွေ့ရပါတယ်’’ ဟု အမျိုးသား ဒီမိုကရေစီပါတီသစ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
‘‘ဒီနိုင်ငံမှာ အလုပ်လုံ လောက်စွာ မရှိဘူး။ နောက် လုံ ခြုံရေး လုံလောက်စွာမရှိဘူး။ နိုင်ငံရေးတည်ငြိမ်မှု မရှိဘူး။ လူမှု ရေး ဖူလုံမှုမရှိဘူး။ အဲဒါကြောင့်မို့ နိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ များတယ်။ ဒုက္ခသည်တွေများ တယ်။ အဲဒါတွေအားလုံး ဖြေရှင်း ဖို့ ဆိုတာကတော့ ခပ်တိုတိုနဲ့ လည်း ရမှာမဟုတ်ဘူး။ အစိုးရ တစ်ဖက်တည်းကလည်း လုပ်လို့ ရမှာမဟုတ်ဘူး။ တစ်တိုင်းပြည် လုံးက ပါဝင်ဖို့ဆိုတာက ပါဝင်ပိုင် ခွင့်လည်း ရှိရမှာပဲ’’ ဟု ရွှေ့ ပြောင်းလုပ်သားများအရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့ သည်။
ဒုက္ခသည်စခန်းများမှ သိရှိရ သော စာရင်းများနှင့် နိုင်ငံတကာ အဖွဲ့များ၏ ခန့်မှန်းချက်များအရ ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခ သည်များ ၁၀ သန်းခန့်အထိ ရှိနေ နိုင်သည်ဟု ရှမ်းပြည်နယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် နန်းဝါနုက ဆိုသည်။
နိုင်ငံမှ ထွက်ခွာသွားသူများ သည် ပြည်တွင်းစစ်နှင့် ဖြတ်လေး ဖြတ်စနစ်ကြောင့် လယ်မြေများ၊ အိမ်များကို စွန့်ပစ်သွားရသူများ ပါဝင်သဖြင့် ရွာများ ပြန်လည် တည်ဆောက်ရန်နှင့် အလုပ်အ ကိုင်အခွင့်အလမ်းများ ပြန်လည် ရရှိနိုင်ရန် ဖန်တီးပေးခြင်းနှင့် တ ရားဥပဒေအရ အကာအကွယ်ရှိမှ သာ ပြန်လာနိုင်မည်ဖြစ်ကြောင်း ဒေါ်နန်းဝါနုက ပြောသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းသည် အကောင်အ ထည်မပေါ်သေးသော စီမံကိန်း ဖြစ်သည့်အတွက် ၀န်ကြီးဌာနများ ၏ တင်ပြချက်များသည် လက် တွေ့နှင့် အလွန်ကွာခြားနေသည် ဟု လောင်းလုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး အောင်စိုးကလည်း ပြောသည်။
ဝန်ကြီးဌာနသုံးခု၏ တင်ပြ ချက်များကို လွှတ်တော်ကိုယ်စား လှယ်များက ဝေဖန်ခဲ့ကြသော် လည်း လာရောက်ရှင်းလင်းသည့် အစီအစဉ်သာဖြစ်သည့်အတွက် ၀န်ကြီးများ၏ တင်ပြချက်များနှင့် ကိုယ်စားလှယ်များ၏ ဝေဖန်ချက် များကို လွှတ်တော်က မှတ်တမ်း တင်ထားရှိရန်သာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေ မန်းက ဆုံးဖြတ်လိုက်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ