Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ဓာတ်ဆီအရောင်းဆိုင်ဝန်ထမ်းအချို့ ဓာတ်ဆီအငွေ့ကြောင့် အာရုံကြောဆိုင်ရာ ရောဂါများ ခံစားလာရ


မြန်မာနိုင်ငံ အတွင်းရှိ ဓာတ်ဆီ အရောင်းဆိုင် များတွင် တာဝန်ထမ်းဆောင် နေသည့် ဝန်ထမ်းအချို့ ဓာတ်ဆီအငွေ့ကို ရှူရှိုက်မှု များလာ မှုကြောင့် ဦးနှောက်နှင့် အာရုံကြော ထိခိုက်ကာ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားလာရကြောင်း အဆိုပါ ရောဂါများ ခံစား နေရသည့် ဓာတ်ဆီ အရောင်းဆိုင် ဝန်ထမ်း အချို့၏ ပြောပြချက်အရ သိရသည်။

''လူတွေက ဓာတ်ဆီ အရောင်းဆိုင်မှာ လုပ်ရင် ပိုက်ဆံရတာပဲ မြင်ကြတယ်။ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါတွေ ရလာတာကို ဘယ်သူမှ မသိကြဘူး။ ကျွန်တော် ဆိုရင် Octane အနံ့ကို ရှူရတာ များလာလို့ အာရုံကြော ရောင်တဲ့ ရောဂါ ဖြစ်ခဲ့တယ်။ တစ်လလောက် ဆေးရုံတက်ပြီး ကုသ လိုက်ရတယ်။ အခုထိလဲ ဒီရောဂါ အတွက် ဆေးတွေ သောက်နေရ တုန်းပဲ။ ဒီဇယ် အငွေ့ထက် ဓာတ်ဆီအငွေ့ က နေ့စဉ် ရှူမိရင် ဦးနှောက်နဲ့ အာရုံကြောပိုင်း ဆိုင်ရာ အကြောတွေ၊ သွေးကြောတွေ ပျက်စီးတယ်လို့ ပြောတယ်။ ဒါပေမဲ့လဲ ဒီအလုပ်က အသက်မွေး ဝမ်းကျောင်း အလုပ် ဖြစ်နေတော့ မစွန့်လွှတ် နိုင်ဘူး'' ဟု အာရုံကြောပိုင်း ဆိုင်ရာ ရောဂါ ခံစား နေရသည့် ဓာတ်ဆီ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

အဆိုပါ ဓာတ်ဆီ အငွေ့ကြောင့် အာရုံကြော ဆိုင်ရာရောဂါ ခံစားရသည့် ဓာတ်ဆီ အရောင်းဝန်ထမ်း ဦးရေမှာ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ နှင့်ဆိုလျှင် ဝန်ထမ်း အရေအတွက် ရာနှင့်ချီပြီး ရှိကြောင်း သိရသည်။ အဆိုပါ ဓာတ်ဆီ အရောင်း ဝန်ထမ်းများ ရောဂါ ခံစားရ၍ ဆေးရုံ တက်ရောက် ကုသလျှင်လည်း ဓာတ်ဆီ အရောင်းဆိုင် များမှ ဆေးကုသ စရိတ်ကို မပံ့ပိုးကြောင်း၊ အများစုမှာ ပန့်ကိုင်သည့် အရောင်း ဝန်ထမ်းများ ဖြစ်ကြကြောင်း သိရသည်။

''ဓာတ်ဆီ အရောင်းဆိုင်က ဝန်ထမ်းအချို့ ဦးနှောက်နဲ့ ဆိုင်တဲ့ ရောဂါ ခံစားရတယ် ဆိုတာ ဓာတ်ဆီ အရောင်း ဆိုင်ဝန်ထမ်း အချင်းချင်း ပဲ သိကြတယ်။ ကျွန်မဆိုရင် ဓာတ်ဆီ အငွေ့တွေကို ရှူရတာ များလာလို့ ခေါင်းကိုက် လာတယ်။ ဆေးသောက်လဲ မပျောက် တော့ဘူး။ ကျွန်မလဲ အဲဒီရောဂါကို ကြောက်တာကြောင့် ဓာတ်ဆီ အရောင်းဝန်ထမ်း အလုပ်ကို စွန့်လွှတ် လိုက်တယ်'' ဟု ရန်ကုန်မြို့ရှိ ဓာတ်ဆီ အရောင်းဝန် ထမ်းဟောင်း တစ်ဦးက ပြောပြသည်။

ဓာတ်ဆီ အရောင်းဆိုင် ဝန်ထမ်းများ အနေဖြင့် အဆိုပါ အာရုံကြော ရောဂါများကို ကာကွယ်ရန် အတွက် ဓာတ်ဆီဖြည့် သည့်အခါတွင် နှာခေါင်းစွပ် တပ်ပြီး ကားများကို ဓာတ်ဆီဖြည့် ပေးလျှင် အာရုံကြော ရောဂါ ဖြစ်ပွားမှုကို အထိုက် အလျောက် ကာကွယ် ပေးကြောင်း သိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ