Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

မယားဖြစ်သူကို ကျောက်ခဲဖြင့် ထုရိုက်၍ မြစ်ထဲဆွဲချ အလောင်းဖျောက်မှု ဖြစ်ပွား


ညောင်ဦးမြို့နယ် အမှတ်(၃) နယ်မြေ အောင်သိဒ္ဓိ ရပ်ကွက်နေ ဒေါ်သီသီဝင်း ၄၅ နှစ်သည် မြေးဖြစ်သူ အတွက် စက်တင်ဘာ ၉ ရက်က ဆေးဝယ်ရန် ထွက်ခွာ သွားခဲ့ရာမှ ပြန်လည် ရောက်ရှိ လာခြင်း မရှိသဖြင့် စုံစမ်းရှာဖွေ၍ မရသောကြောင့် စက်တင်ဘာ ၁၇ ရက်တွင် လူပျောက် တိုင်ကြားခဲ့ရာ မြို့မရဲစခန်း (ညောင်ဦး) မှ လူပျောက် အမှတ်စဉ် ၂/၂ဝ၁၄ ဖြင့် ရေးဖွင့် စုံစမ်းမှု ပြုလုပ် ခဲ့သည်။

ထိုသို့ စုံစမ်းရာတွင် ညောင်ဦးမြို့ ဝက်ကြီးအင်းရပ် ၊ မြတောင် ဘုန်းကြီးကျောင်း မြောက်ဘက် ဧရာဝတီမြစ် ကမ်းဘေးရှိ လက်ပံပင် နှင့် ညောင်ပင်ကြားတွင် ဒေါ်သီသီဝင်း အသုံးပြုသည့် ပါဝါမျက်မှန် တစ်လက် သားရေဖိနပ် တစ်ရံ၊ လက်ပံပင် အောက်မှ ကလေး အားဆေးဗူးခွံ တစ်ခု၊ မြစ်ကမ်းစပ်မှ ရှပ်အင်္ကျီ တစ်ထည် တို့ကို တွေ့ရှိရ၍ သိမ်းဆည်း ခဲ့သည်။

ထို့ပြင် လက်ပံပင် သစ်မြစ်နှင့် ကျောက်တုံး တို့တွင် တွေ့ရှိရသည့် သွေးကွက်များ၊ သဲပြင်ပေါ်တွင် အလောင်းအား ရေထဲသို့ ဆွဲယူသွားသော အရာတို့ကို တွေ့ရှိခဲ့၍ ဆက်လက် စုံစမ်းရာ အခင်း ဖြစ်ပွားစဉ် ဧရာဝတီမြစ် ထဲ၌ ငါးဖမ်း နေသော စိုးဝင်းဟိန်း၊ သူရထွန်း၊ ဇေယျာစိုး တို့ကို တွေ့ရှိ မေးမြန်းရာ လက်ပံပင် အောက်တွင် အမျိုးသမီး တစ်ဦးကို အမျိုးသား တစ်ဦးက ကျောက်ခဲဖြင့် ထုရိုက်ပြီး ရေထဲသို့ ဆွဲချသည်ကို မြင်တွေ့ ရကြောင်း၊ အခင်းဖြစ်ရာ နေရာမှ သိမ်းဆည်း ထားရှိသော အင်္ကျီသည် မိုးမင်းထွန်း ဝတ်ဆင်သည့် အင်္ကျီ ဖြစ်ကြောင်းကို ဒေါ်သီသီဝင်း ၏ သားမက် ကျော်စိုးမင်း ထံမှ စုံစမ်း အတည်ပြု ရရှိသဖြင့် ဒေါ်သီသီဝင်း ကို ကျောက်ခဲဖြင့် ထုရိုက်ပြီး မြစ်ထဲဆွဲချ အလောင်းဖျောက် သည်ဟု ယူဆရသူ ၄င်း၏ ခင်ပွန်း မိုးမင်းထွန်း ၃ဝ နှစ် အောင်သိဒ္ဓိရပ် ညောင်ဦးမြို့ နေသူကို အရေးယူ ပေးပါရန် စက်တင်ဘာ ၁၈ ရက်က ဒုတိယ ရဲအုပ် သန်းဌေးမြင့်မှ တရားလိုပြု လုပ်၍ တိုင်တန်းမှု အရ နယ်မြေရဲ စခန်းက (ပ) ၁၇၂/၂ဝ၁၄၊ ပြစ်မှု ပုဒ်မ ၃ဝ၂/၂ဝ၁ အရ မိုးမင်းထွန်း အား အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ