Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

ကလေးစစ်သား ၁၀၀ ကျော် မြန်မာ စစ်တပ်က ထွက်ခွင့်ပြု

မြန်မာစစ်တပ်က ကလေးစစ်သား ၁၀၉ ယောက်ကို တပ်ထဲက ထွက်ခွင့်ပြု လိုက်တယ် လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကလေးစစ်သား စုဆောင်း အသုံးပြုတာ ရပ်ဆိုင်းဖို့ လွန်ခဲ့တဲ့နှစ်နှစ်မှာ အစိုးရက သဘောတူထားပြီး ကတည်းကဆိုရင် ဒါဟာ အရေအတွက် အများဆုံး ထွက်ခွင့်ပြုလိုက်တာပါ။

ဒီလိုလုပ်တာက မြန်မာစစ်တပ်ဟာ ကလေးစစ်သား စုဆောင်း အသုံးပြုတာကို ရပ်ဆိုင်းရေး ကြိုးပမ်းချက်တွေအပေါ် အလေး အနက်ရှိတယ်ဆိုတာကို ပြနေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ စစ်တပ်ထဲက ထွက်ခွင့်ပြုလိုက်သူတွေဟာ ကလေးစစ်သား စုဆောင်း အသုံးပြုမှု ရပ်ဆိုင်းရေး သဘောတူညီချက်ကို ၂၀၁၂ ခုနှစ်မှာ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအကြား လက်မှတ်ရေးထိုးချိန်က အသက် ၁၈ နှစ်အောက် အရွယ်တွေဖြစ်ကြပါတယ်။

အဲဒီအချိန်ကတည်းကစပြီး သြဂုတ်လမှာ ၉၁ ယောက် တပ်ထဲက ထွက်ခွင့်ပြုတာ အပါအ၀င် စုစုပေါင်း ထွက်ခွင့်ပြုတဲ့ ကလေး စစ်သား ၄၇၂ ယောက်အထိ ရှိသွားပါပြီ။

မြန်မာနိုင်ငံမှာ အစိုးရစစ်တပ်အပြင် ကလေးစစ်သား စုဆောင်းအသုံးပြုနေတဲ့ တခြား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ထက်မနည်း ရှိသေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ