Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

ပလက်ဝမြို့ အထက်တန်းကျောင်းတွင် ခူမီးချင်းဘာသာကို စတင်သင်ကြား

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် အစိုးရအထက်တန်းကျောင်းတွင် ခူမီးချင်းဘာသာ စာပေကို ၂၄ စက်တင်ဘာလ ၂၀၁၄ နေ့  မှ စတင် သင်ကြားနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ခူမီးစာပေသင်ကြားရေး အခမ်းအနားကို ၂၂ စက်တင်ဘာလ ၂၀၁၄ နေ့ က အစိုးရ အထက် တန်းကျောင်း သဇင်ခန်းမတွင် ကျင်းပခဲ့ရာ  ခူမီးစာပေ နှင့် ယဉ်ကျေး မှု ကော်မီတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ ကျောင်းဆရာ/မ (၂၅) ဦးအပါ အ၀င်ကျောင်း သူ/သား (၃၇၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခူမီးစာပေနှင့် ယဉ်ကျေးမှု ကော်မီတီ ဥက္ကဌ ဦး စနေအောင်က အမှာစကားပြော ကြားခဲ့ရာမှာ လွှတ် တော်၌ တိုင်းရင်းသား ကိုယ်စားလှယ်များက ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားပေါင်း စုံနေထိုင်သည့်နိုင်ငံ တော်ဖြစ် သည့်နည်းတူ ဒေသတွင်း တိုင်းရင်းသား စာပေများကို အစိုးရ ကျောင်း များတွင် သင်ကြား ခွင့်ပြုရန် တောင်းဆို ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ယင်း တောင်းဆိုချက်ကို လိုက်လျောခဲ့၍ စာသင်ကျောင်းများတွင် သင်ကြား ခွင့်ပြုခဲ့ တာဖြစ်ကြောင်း  “ စာပေမြှင့်မှလူမျိုးတင့်မည် ” ဆိုသည့်စကား အတိုင်း မိမိတို့ စာပေများကို ယနေ့  ကျောင်းသူ/ သားလူငယ် များအနေဖြင့် ကိုယ့်စာပေကို တတ်မြောက်ရန် လိုအပ်ကြောင်း၊ ကိုယ့်လူမျိုး ယဉ်ကျေးမှုကို တန်ဖိုး ထား ချစ်မြတ်နိုးရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ဒေသခံ ကျောင်းဆရာတဦးကလည်း ယခုလို ဒေသစာပေများ သင်ကြားခွင့်ရသည့်အပေါ် အရမ်း ၀မ်းသာကြောင်း ခူမီး စာပေသင်ကြားချိန်တွင် ရိုးရာ ပုံပြင်များ၊ ရိုးရာ အက၊ သီချင်းများကိုလည်း ထည့်သွင်း သင်ကြားပေးသွားမည်ဖြစ် ကြောင်း ပြောကြားပြီး ပလက်ဝမြို့နယ်အတွင်း ကျောင်းများ တွင်လည်း သင်ကြားနိုင် ရန် ဆက်လက် ဆောင်ရွက် သွား မည်ဖြစ် သည်ဟု သိရသည်။

ခူမီးစာပေကို လွန်ခဲ့သည့် နှစ်ပေါင်း (၈၀) ကျော်ခန့် က အင်္ဂလိပ်လူမျိုး Mrs. Roland က တီထွင်ပေးခဲ့ပြီး ယခင် မဆလ အစိုးရ လက်ထက်တွင် ကျောင်းချိန်အတွင်း မသင်မနေရ စနစ်ဖြင့် သင်ကြားခဲ့ကြသည်။

အလားတူ မရာစာပေ၊ မတူစာပေ နှင့် အခြား ချင်းမျိုးနွယ်စု စာပေများကိုလည်း ၂၀၁၄ -၂၀၁၅ ပညာ သင်နှစ်မှ စပြီး သင်ကြားနေကြ ပြီဖြစ်သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ