ဖော်ပြပါ သူရဲကောင်းမဖြစ် နိုင်သော သူရဲကောင်းနှစ်ဦးသည် ၂၀၁၁ ချန်ပီယံ ဂျိုကိုဗစ်နှင့် ချန် ပီယံဆု ငါးကြိမ်ပိုင်ရှင် ဖက်ဒယ် ရာတို့ကို အကြိုဗိုလ်လုပွဲများ၌ ကိုယ်စီ အနိုင်ယူခဲ့ကြသည်။
နိုင်ခြေအဆင့် (၁၀)ဖြင့် ပြိုင်ပွဲဝင်လာသူ နီရှီကိုရီသည် နိုင် ခြေအဆင့် (၁) ဂျိုကိုဗစ်ကို ၆-၄၊ ၁-၆၊ ၇-၆ (၇-၄)၊ ၆-၃ ဖြင့် အောင်ပွဲခံ၍ ဂရမ်းဆလန်းပြိုင်ပွဲ တစ်ခု၏ ဗိုလ်လုပွဲသို့ တက်လာ သော ပထမဆုံးအာရှတိုက်သား ဖြစ်လာသည်။
စီလစ်က ဖက်ဒယ်ရာကို ၆-၃၊ ၆-၄၊ ၆-၄ သုံးပွဲပြတ် ချေ မှုန်းခဲ့သည်။
‘‘သမိုင်းဝင်အောင် လုပ်နိုင် တာ အရမ်းပျော်တယ်။ အာရှ တိုက်သားတွေ ဗိုလ်လုပွဲတက် တာ ဒါပထမဆုံးပဲ။ ဗိုလ်လုပွဲကို နိုင်ရင်ထပ်ပြီး သမိုင်းဝင်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်တယ်’’ ဟု ဂျပန်နိုင်ငံသား နီရှီကိုရီက အားတက်သရောပြောသည်။
စီလစ်သည်လည်း ၎င်း၏ ကစားသမားဘ၀သက်တမ်းတစ် လျှောက် ပထမဆုံး ဂရမ်းဆလန်း ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်။
နီရှီကိုရီနှင့် စီလစ်တို့၏ ထိပ် တိုက်တွေ့ဆုံပွဲများတွင် နီရှီကိုရီ က ၅-၂ ဖြင့် ဦးဆောင်နေသည်။ ချန်ပီယံများတွင် ဖြုတ်ချခဲ့သူနှစ် ဦး ယနေ့ည ဗိုလ်လုပွဲနွှဲကြမည် ဖြစ်သည်။

No comments:
Post a Comment