‘‘မန်ယူက ၀ဲလ်ဘက်ကို ထွက်ခွာခွင့်ပြုလိုက်တာကို ကျွန် တော် မယုံနိုင်ပါဘူး။ ကျွန်တော့် အမြင်မှာတော့ ရူးသွပ်မှုပဲ။ သူ ဟာနောက်တန်းလူတွေအတွက် တကယ့် အန္တရာယ်ပဲ။ အာဆင် နယ်အသင်းကသာ သူ့ကို မှန်မှန် ကန်ကန် အသုံးချရင် အလွန် အန္တ ရာယ်ကြီးသွားလိမ့်မယ်’’ ဟု ဖာဒီ နန်က ပြောသည်။
ဝဲလ်ဘက်မှာ ထိပ်သီးကစား သမားတစ်ဦး ဖြစ်လာရန် လိုအပ် သည့် အရည်အချင်းများ ပိုင်ဆိုင် ပြီး လုံလောက်သော ပွဲစဉ်ကစား ရမှုမရှိသေး၍ အကောင်းဆုံးပုံစံ ကို မမြင်ရသေးဟု ဖာဒီနန်က ဆက်လက်ပြောသည်။
မန်ယူတွင် ကစားပုံကောင်း လျှင်ပင် ဗန်ပါစီနှင့် ရွန်းနေတို့မှာ ဦးစားပေးခံရသူများ ဖြစ်နေ၍ ၀ဲလ်ဘက်စိတ်ပျက်သွားခြင်းဖြစ် နိုင်သည်ဟုထင်ကြောင်း ဖာဒီနန် က ဆိုပြီး အာဆင်နယ်တွင် တိုးတက်လိမ့်မည်ဟု ဟောကိန်း ထုတ်လိုက်သည်။

No comments:
Post a Comment