Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 21, 2014

ဘုရင် ၁ ပါး၊ လူ ၂၂ ယောက်နှင့် ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံ



ကိုယ်ပိုင်ဘုရင်ရှိသည်။ ကိုယ်ပိုင်အလံရှိသည်။ နိုင်ငံကိုယ်စားပြုကိုယ်ပိုင်အမှတ် တံဆိပ်ရှိသည်။ ကိုယ်ပိုင်ငွေကြေးယူနစ်ရှိသည်။ ကိုယ်ပိုင် တံဆိပ်ခေါင်းများ ရှိနေ သည်။ ဆီးလန်းသည် နိုင်ငံတစ်ခုအဖြစ် လိုအပ်သော အခြေခံ အဆောင်အယောင် များ ပြည့်စုံနေပြီဟု ဆိုနိုင်သည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ ယင်းမှာ ဆီးလန်းတစ်နိုင်ငံလုံး လူ ၂၂ ဦးသာ နေထိုင်ခြင်းဖြစ်သည်။
အမှန်တကယ်အားဖြင့် ဘုရင်အုပ်စိုးသည့် နိုင်ငံ (Principality) တစ်ခုအဖြစ် ကမ္ဘာသို့ ကြေညာထားသည့် ဆီးလန်းသည် ဗြိတိန်ကမ်းလွန်မှ ပင်လယ်တွင်း ခံတပ် ဆိပ်ခံနေရာဟောင်း တစ်ခုသာဖြစ်သည်။ ဗြိတိန်နိုင်ငံ အရှေ့တောင်ဘက်ရှိ ဆက်ဖ် ဖော့ခ်ကမ်းခြေမှ ၆ မိုင်မျှအကွာတွင် ဒုတိယကမ္ဘာစစ်အတွင်းက ယင်းခံတပ်ကိုတည် ဆောက်ထားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင်မူ ဆီးလန်းတွင် နေထိုင်သူများက မိမိတို့ သည် ဗြိတိန်၏ အစိတ်အပိုင်းမဟုတ်တော့ဟုဆိုကာ လွတ်လပ်ရေး ကြေညာပြီး နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာ ဖြင့်မူ ဆီးလန်းကိုနိုင်ငံအဖြစ် သတ်မှတ်ရန် ခက်ခဲနေဆဲဖြစ်သည်။ဆီးလန်းနိုင်ငံသားများကမူ ယင်းအခြေအနေကို ဂရုမစိုက်ချေ။ ၎င်းတို့သည် ကမ္ဘာ့အသေးဆုံး နိုင်ငံလေးတစ်ခုမှ နိုင်ငံသားများအဖြစ် ခံယူထားကြသည်။ စုစု ပေါင်း ၅၂၉၀ စတုရန်းပေမျှသာ ကျယ်ဝန်းသည့် နေရာလေးသို့ ကမ္ဘာလှည့် ခရီး
သည်များက ရေလမ်းခရီးမှ လာရောက်လည်ပတ်ကြသည်။ ထိုအခါ ဆီးလန်းနိုင်ငံ က ၎င်းတို့၏ပတ်စ်ပို့တ်တွင် တံဆိပ်တုံးထုပေးလေ့ရှိသည်။ ဆီးလန်း၏ လက်ရှိ ဘုရင်မှာ မင်းသားကြီး မိုက်ကယ်ဖြစ်သည်။ ၎င်း၏ ခမည်းတော် ရွိုင်းဘိတ်စ်သည်
အဆိုပါ ကမ်းလွန်ဆိပ်ခံကို နိုင်ငံအဖြစ် စတင်သတ်မှတ်ကာ ဘုရင်အဖြစ် ပထမဆုံး အုပ်ချုပ်စိုးစံခဲ့သူဖြစ်သည်။


ဆီးလန်းတွင် နေထိုင်သူများသည် ခံတပ်ဆိပ်ခံ အနီးတဝိုက်တွင် ငါးနှင့်ပုစွန်များ ရှာဖွေဖမ်းယူ အသက်မွေးကြသည်။ ထို့အပြင် သောက်ရေကိုလည်း ကိုယ်တိုင် ဖန်တီး ထုတ်ယူနိုင်ကြသည်။ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်တော်ဝင် မိသားစုနှင့် ဟန်ကျပန်ကျရှိလှသဖြင့် ဆီးလန်းသူ၊ ဆီးလန်းသားများအနေဖြင့် တစ်စုံတစ်ရာ မျက်နှာငယ်စရာ မရှိချေ။ သေချာသည့် အချက်တစ်ခုမှာ ဆီးလန်းနိုင်ငံသား ၂၂ ဦး စလုံးက မိမိတို့သည် ဗြိတိသျှအင်ပါယာမှ လွတ်လပ်စွာ ခွဲထွက်ရပ်တည်နေပြီဟု အခိုင်အမာ ခံယူယုံကြည်ထားခြင်းဖြစ်သည်။ ဆီးလန်း၏ အဓိက စီးပွားရေးလုပ်ငန်း များတွင် ဒေသထွက် အမှတ်တရပစ္စည်းလေးများကို အင်တာနက်မှတစ်ဆင့် ရောင်း ချခြင်းလည်း ပါဝင်သည်။

ထူးထူးခြားခြားရောင်းချမှုမှာ ဆီးလန်းတွင် မိမိပိုင် သတ်မှတ်နေရာအဖြစ် တစ် စတုရန်းပေ အကျယ်အဝန်းကို ပေါင်စတာလင် ၂၀ မျှဖြင့် ဝယ်ယူထားနိုင်ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက ဘိတ်စ်ကွယ်လွန်ပြီးနောက် အသက် ၆၃ နှစ်ရှိ မိုက်ကယ်က ဆီးလန်း၏ဘုရင်ဖြစ်လာသည်။ ၎င်းသည် လက်ရှိအချိန်ထိ မိသားစုများ၊ မိတ်ဆွေများနှင့်အတူ ဆီးလန်းတွင်ပင်နေထိုင်လျှက်ရှိသည်။ မိုက်ကယ်က မိမိ၏တိုင်းပြည်ကို ပြင်သစ်နှင့် ဂျာမနီတို့က အသိအမှတ် ပြုထားကြောင်း နှင့် စကော့တလန်ကလည်း ဗြိတိန်လက်အောက်မှ မိမိတို့၏ရုန်းထွက်နိုင်မှုကို အား ကျလေးစားနေကြောင်း ကြွားဝါလေ့ရှိသည်။

“ရပ်တည်ရတာတော့ ခက်ခဲလွန်းပါတယ်။ စကော့တွေကတော့ ကျွန်တော်တို့ကို အားပေးကြတယ်။ အဲဒီလိုပဲ ဗြိတိန်ကနေ စကော့တလန် ခွဲထွက်ဖို့ကိုလည်း ကျွန် တော်တို့က ထောက်ခံတယ်။ စကော့တွေက ကြီးကျယ်ခမ်းနားပြီး လွတ်လပ်မှုကို
အင်မတန် တောင့်တတဲ့လူမျိုးတွေပါ” ဟု မိုက်ကယ်ကဆိုသည်။ ၂၀၀၆ ခုနှစ်က ဆီးလန်းတွင် လျှပ်စစ်မတော်တဆမှုကြောင့် မီးလောင်မှုတစ်ခုဖြစ်ပွားပြီး ထိုစဉ်က ဗြိတိသျှတော်ဝင်လေတပ်မှ ရဟတ်ယာဉ်တစ်စင်းက ဆီးလန်းမှ ဒဏ်ရာရသူ တစ်ဦး
အား ဆေးရုံသို့ တိုက်ရိုက်ပို့ဆောင်ပေးခဲ့ရဖူးသည်။ ဆီးလန်းနိုင်ငံသားများသည် ရံဖန်ရံခါ ဘောလုံးကစားလေ့ရှိပြီး လက်ရွေးစင်ဘောလုံးအသင်းတစ်သင်း ဖွဲ့စည်း လိုသော်လည်း လူမပြည့်သဖြင့် အထမမြောက်သေးကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ