Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 21, 2014

အဘိုးအတွက် မကွဲနိုင်၊ မအက်နိုင်တဲ့ခွက် တီထွင်ပေးခဲ့တဲ့ ၁၁ နှစ်သမီး


အသက်အရွယ် အိုမင်းလာတဲ့ အလျှောက် လက်တုန်၊ ခြေတုန် ဖြစ်ပြီး အရာဝတ္ထုတွေကို မြဲမြံအောင် မကိုင်နိုင်တော့တဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ဘိုးအေ ဖြစ်သူအတွက် ရည်ရွယ်ပြီး မကွဲ မအက်နိုင်တဲ့ ခွက်တစ်မျိုးကို ၁၁နှစ်အရွယ် သမီးငယ်လေးက တီထွင်ပေးခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ဘိုးအေ ဖြစ်သူဟာ ခွက်ပေါင်းများစွာကို မြဲမြဲအောင် မကိုင်နိုင်တော့ဘဲ လွတ်ကျ ကွဲကျစေခဲ့ပါတယ်။ ဒါ့ကြောင့် ခွက်တွေကို ပိုပြီး မြဲမြံအောင် ကိုင်နိုင်စေဖို့ သူမ တီထွင်ဖို့ စိတ်ကူးခဲ့ကြောင်း အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုမှာ နေထိုင်သူ Lily Born က ပြောပြခဲ့ပါတယ်။



အဆိုပါ Kangaroo ခွက်ကိုတော့ BPA မပါဝင်တဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားပြီး ခြေချောင်း ၃ ခုပါဝင်ပါတယ်။ ဒါက အဘိုးအတွက် အပူခံပြား၊ မလိုအပ်ဘဲ အဆင်ပြေပြေ ခွက်ကို ကိုင်နိုင်ဖို့အတွက်လို့ သူမက ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက သူမဟာ ဘိုးအေဖြစ်သူအတွက် ခွက်ဒီဇိုင်းကို စိတ်ကူးယဉ် တီထွင်ခဲ့တယ်လို့ သိရပါတယ်။ ခွက်မှာ ပါဝင်ရမယ့် အဓိက အစိတ်အပိုင်းတွေပေါ်မှာ တီထွင် လုပ်ဆောင်ခဲ့ပြီးနောက် သူမရဲ့ ဖခင်ထံမှ အကူအညီများစွာ ရရှိခဲ့ပါတယ်။

ကျွန်မတို့ ကြွေထည် ခွက်ပုံစံ ထုတ်လုပ်ခဲ့ကြပြီး Kickstarter မှာ ရောင်းခဲ့ကြတယ်လို့လည်း သူမက ပြောပါတယ်။ အဲဒီအချိန်က သူမတို့ တစ်မိသားစုလုံး ကြွေထည်ခွက်တွေကို သုံးနေပေမယ့် သူမရဲ့ ၀မ်းကွဲမောင်နှမဖြစ်သူကတော့ လွတ်ကျ ကွဲကျမှာ စိုးတဲ့အတွက် သုံးဖို့ ကြောက်နေတယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် မကွဲနိုင်တဲ့ ပုံစံမျိုး ထုတ်လုပ်ဖို့ သူမကြိုးစားခဲ့ပြီး ဒီဇိုင်နာတွေနဲ့ ဈေးကွက်ကျွမ်းကျင်သူတို့ထံကနေ အကူအညီအချို့ ရရှိခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် အခုနောက်ဆုံးမှာတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ Kangaroo ခွက် ရရှိလာခဲ့ခြင်း ဖြစ်ပါတယ်။ ဒီခွက်တွေရဲ့ အဓိက ခြားနားချက်ကတော့ Polypropylene ပါဝင်ခြင်း မရှိဖူးလို့ သူမက ပြောပါတယ်။

ဒီခွက်တွေ ထုတ်လုပ် ရောင်းရနိုင်ဖို့ဆိုတာ အရမ်းဈေးကြီးပါတယ်။ ကျွန်မ ရနိုင်တဲ့ ၁၂၅ နှစ်စာ အသုံးစရိတ်ကို စုဆောင်းနိုင်မှသာ ဒီခွက်တွေ ထုတ်နိုင်မှာလို့ သူမက ပြောပါသေးတယ်။ အဲဒီလို ရင်းနှီးမြုပ်နှံမှုတွေ ရလာဖို့အတွက် မီဒီယာတွေရဲ့ အကူအညီတွေ လိုအပ်ပါတယ်လို့ ဆိုပါတယ်။ သူမရဲ့ စဦးဆုံး ဖန်တီးထုတ်လုပ်ရောင်းချမှု campaign ကနေ  တန်ဖိုး ငွေ ဒေါ်လာ ၁၆၃၁၁ ရရှိလာပြီး ၃၂ ရက် ကျန်သေးတယ်လို့ သိရပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ