Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

အသက် (၇၃)နှစ်အရွယ် အဘွားအို မယုံနိုင်လောက်အောင် နုပျို လှပနေ




အင်္ဂလန်နိုင်ငံ၊ ဒါဘီမြို့မှာ နေထိုင်တဲ့ အသက် (၇၃)နှစ် အရွယ်အဘွားအို ဂျင်းပက်ခ်ဟာ ဒေါက်မြင့်ဖိနပ်၊ စက်တိုတို အမြဲဝတ်ဆင် ထားတာမို့ အမျိုးသားတွေကို ဆွဲဆောင်နိုင်စွမ်းရှိ သေးတယ်လို့ သိရပါတယ်။ ကလေးသုံးယောက် မိခင် ဂျင်းပက်ခ်ဟာ သူ့ရဲ့ အသက်အမှန်ကို ပြောပြတတ်ပေမဲ့ ဘယ်သူ ကမှ မယုံကြည်ကြပါဘူး။ ဂျင်းပက်ခ်ကို ရုတ်တရက် ကြည့်လိုက်ရင် အသက် (၅၀) နှစ်နီးပါးလောက် သာရှိလိမ့်မယ်လို့ ထင်ကြမှာ ဖြစ်ပါတယ်။ ဂျင်းပက်ခ်ရဲ့ ပုံစံက ဆွဲဆောင်မှု အပြည့်ရှိနေဆဲဖြစ်ပြီး ချစ်သူရှာဖွေရေး အင်တာနက် ၀က်ဘ်ဆိုက်တွေမှာ အမျိုးသားတွေရဲ့ စိတ်ဝင်စားမှုကို ရယူခဲ့ပါ တယ်။ ဂျင်းပက်ခ်ရဲ့ ခင်ပွန်းဖြစ်သူဟာ ပြီးခဲ့တဲ့ သုံးနှစ်လောက်က သေဆုံးသွားခဲ့ပါတယ်။ ဂျင်းပက်ခ်ဟာ အစိုးရရုံးမှာ ၀န်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး ပင်စင်စားဘ၀ကို ရောက်သွားပေမယ့် နုပျိုလန်းဆန်းအောင် အမြဲကြိုးစားခဲ့ပါတယ်။

ဂျင်းပက်ခ်ဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို ခွဲစိပ် ပြုပြင်မှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရင်သား၊ တင်ပါးနဲ့ လည်ပင်းတို့ကို ပြုပြင်ရာမှာ ပေါင် (၁၀၀၀၀) နီးပါး ကုန်ကျခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်းပက်ခ်ဟာ ခွဲစိပ်ပြုပြင်တဲ့ စရိတ်သက်သာဖို့ ပိုလန်နိုင်ငံကို သွားရောက်ပြု လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ လည်ပင်းက အစင်းကြောင်းတွေ နဲ့ တင်ပါးကို လှပစေဖို့ လစဉ် ဆေးထိုး၊ ဆေးသောက်မှု တွေပြုလုပ်နေရဆဲ ဖြစ်ပါတယ်။ ဂျင်းပက်ခ်က လူတွေက ကျွန်မ အသက်အမှန် ပြောတာကို မယုံကြည်ကြပါဘူး။ ကျွန်မရဲ့ အသက် (၇၃)နှစ် ရှိသွားပြီလို့ ပြောတိုင်း ဟာသအဖြစ် မှတ်ယူနေကြပါတယ်။ ကျွန်မ ကလည်း အသက်ကြီးနေပြီလို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ ကျွန်မရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး သက်တူရွယ်တူ သူငယ်ချင်းတွေက မကြိုက် ကြပါဘူး။ ဒါပေမဲ့ ကျွန်မက ဂရုမစိုက်ပါဘူး။ ကျွန်မဘာ အမှားမှလုပ်တာ မဟုတ်ပါဘူး။ ကျွန်မဟာ အနားမယူခင်အထိ အလုပ်ကိုကြိုးစားလုပ်ခဲ့ပါတယ် လို့ ပြောသွားခဲ့ပါတယ်။ ဂျင်းပက်ခ်ဟာ ကိုယ်အလေးချိန် လျော့ချဖို့ နံနက်တိုင်း စက်ဘီးစီးလေ့ရှိပြီး သူ့ကို ချစ်ရေးဆိုထားတဲ့ သူတွေထဲမှာ အသက်(၂၆) နှစ် အရွယ်တောင်ပါနေ ပါတယ်။ ဂျင်းပက်ခ်ရဲ့ သားနှစ်ဦးဟာ အသက် (၄၇) နှစ်နဲ့ အသက် (၄၄)နှစ် အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျင်းပက်ခ်က တော့ နုပျိုလှပနေဆဲဖြစ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ