Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

Contraceptive စမတ်ဖုန်းအသုံးချပြီး ကိုယ်ဝန်တားနိုင်

အနောက်နိုင်ငံတွေမှာ အမျိုးသမီးများ ကိုယ်ဝန်တားဆေး မသုံးလိုကြလို့ စမတ်ဖုန်းကို အသုံးချလာကြတယ်။

တားဆေးလဲ သဘောမကျ၊ သားအိမ်ထဲထည့်ထားရတာလဲ မလုပ်ချင်ကြ။ နောက်ဆုံးကြ ဘာကိုမှ မသုံးဘဲနေတယ်။ အတူမနေဘဲတော့ မနေပါ။
• နည်းသစ်သုံးကြတယ်။ voodoo ဖေါ်မြူလာလို့ခေါ်တယ်။ စမတ်ဖုန်းသုံးပြီး Period Tracker အပလီကေးရှင်း တခုကို ဒေါင်းလုတ်လုပ်ထားတယ်။ သူမရဲ့အိပ်ဖေါ်အိပ်ဖက်ယောက်ျားကို “ဒီရက်အတိုင်းလိုက်နာနော်၊ မဟုတ်ရင် (သုက်ရည်) အပြင်ထုတ်လိုက်” ဆိုတဲ့နည်းဖြစ်ပါသတဲ့။
• Plan B ခေါ်တဲ့ အရံနည်း Morning-after pill ကလဲ လက်တကမ်းမှာထားရပါတယ်လို့ (မေရီ) ကဆိုပါတယ်။
• “(မေရီ) ဟာ ကနေ့ခေတ်မိန်းကလေးတွေကို ကိုယ်စားပြုသူပါ” လို့ ၂၉-၁ဝ-၂ဝ၁၃ နေ့ထုတ် (ဂါးဒီးယန်း) သတင်းစာမှာ (ဟဒ်လေ ဖရီးမင်း) က Why young women are going off the pill and on to contraception voodoo ဆောင်းပါးကို ရေးထားပါတယ်။
• Guttmacher Institute အစီရင်ခံစာတခုအဆိုအရ အမေရိကားမှာ ၁ဝ့၇% ဟာ တားဆေး-တားနည်းတခုမှ မသုံးကြသူတွေ ဖြစ်ကြပြီး သူတို့ထဲက ထက်ဝက်ကျော်မှာ မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိတယ်လို့ ဆိုပါတယ်။ (မေရီ) သုံးတဲ့နည်းကို ကိုယ်ဝန်တားနည်းစာရင်းထဲမှာမထည့်ပါ။
• ဒီအစီရင်ခံစာမတိုင်ခင်က (ဒေါက်တာ ဒူဒီ) ရဲ့ တွေ့ရှိချက်တခုရှိပါတယ်။ အသက် ၁၅ ကနေ ၂၄ နှစ်ကြား အမေရိကန် အမျိုးသမီး ၃၁% ဟာ သုက်ရည်အပြင်ထုတ်နည်းအပေါ်မှာ အနည်းဆုံး ၁ ခါ၊ အားကိုးကြတယ်လို့ ဆိုပါတယ်။
• ၇့၅% ဟာ အရေးပေါ်တားနည်းကိုသုံးကြတယ်။ သုက်ရည်အပြင်ထုတ်နည်းသုံးသူတွေထဲက ၂၁% ကိုယ်ဝန် ရကြတယ်။
• ဆန်းစစ်ခံရသူ အမျိုးသမီးတချို့က တားဆေး-တားနည်လုပ်ရမဲ့တာဝန်ကို မယူချင်ကြဘူးလို့ဆိုပါတယ်။ တချို့ကတော့ ဟော်မုန်းပါတဲ့တားဆေးရဲ့ ဘေးထွက်-ဆိုးကျိုးတွေကို ကြောက်လို့ဖြစ်ပါတယ်။ အဓိကဆိုးကျိုးက သွေးခဲတတ်တာဖြစ်ပါတယ်။
• ပြဿနာက ကိုယ်ဝန် မထင်မှတ်ဘဲရလာပြီ၊ ဒီကိုယ်ဝန်ကိုလဲ မယူချင်ဘူးဆိုရင် သူတယောက်ထဲနဲ့ မပြီးတော့ပါ။
• လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မလိုအပ်ဘဲ ပိုဆိုးစေတာတချက်ကတော့ လူငယ်-လူကြီး၊ ကျား-မ မရွေး လက်လှမ်းမီနေကြတဲ့ လိင်နဲ့ဆိုင်တဲ့ မီဒီယာတွေမှာ ရိုက်ကူးပြသတာတွေထဲမယ် ကိုယ်ဝန်ကိုရော လိင်ကတဆင့် ကူးစက်ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်မှုပေးနိုင်တဲ့ (ကွန်ဒွမ်) သုံးတာ မပါတာဖြစ်ပါတယ်။
• ဒါကြောင့်လဲ ဒီနှစ်ဦးပိုင်းကထုတ်ပြန်တဲ့ အစီရင်ခံစာအရ လိင်ကတဆင့်ကူးစက်ရောဂါဟာ ၂ဝ၁၃-၂ဝ၁၄ အတွင်း ၅% တိုးလာခဲ့ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ