Popular Posts
ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ
Friday, September 26, 2014
မဟေသီ၏အမုန်း
ဘုရင်ကြီးရဲ့  အချစ်ဆုံးမိဖုရားဟာ သူ့ရဲ့  အိပ်ရာစက်ခန်းအတွင်းရှိ သလွန်တော်ထက်မှာ လဲလျှောင်းလျှက်ရှိပါတယ်။
မိဖုရားရဲ့  ရုပ်သွင်လက္ခဏာကို ကြည့်ရတဲ့အနေအထားအရ သူ့ ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီလားလို့  ထင်မှတ်ရပါတယ်။
သူဟာ သက်ပြင်းကိုအကြိမ်ကြိမ်ချရင်း တစ်စုံတစ်ရာကိုမကျေနပ်သံနဲ့ ညည်းညူလိုက်၊ တစ်စုံတစ်ရာကို ဒေါသထွက်လိုက်နဲ့  ဂနာမငြိမ်အောင်ရှိတယ်။
သလွန်တော်ဘေးမှာရပ်နေတဲ့  နန်းတွင်းသမားတော်ကြီးက မိဖုရားရဲ့ ဝေဒနာကိုသက်သာစေတဲ့  ဆေးတစ်ခွက် ဆက်သတာကို  မိဖုရားက ဒေါသနဲ့  လက်ကိုဝှေ့ ယမ်းပြီး ဖယ်ချလိုက်တယ်။
မိဖုရားမကျန်းမမာဖြစ်နေကြောင်းကြားသိရတဲ့ အခါ ဘုရင်မင်းမြတ်ဟာ မိဖုရားရဲ့ စက်ခန်းဆောင်သို့  စိုးရိမ် တကြီးနဲ့  အပြေးအလွှားရောက်ရှိလာတယ်။
ဘုရင်ကြီးက မိဖုရားရဲ့ အနားအနီးကို ကပ်ပြီး   “အိုဘယ့် နှမတော်--ချစ်နှမသည်အဘယ်သို့သော ဝေဒနာကို ခံစားနေရပါသလဲ -ခုချိန်မှာ နှမတော်အနေနဲ့ ဘယ်အရာကို လိုလားတောင့်တနေပါသလဲ  ” လို့ တိုးတိုးလေး မေးပါတယ်။အဲဒီအခါ မိဖုရားက  -“အားလုံးထွက်သွားကြ ၊ဘယ်သူ နဲ့မှ စကားမပြောချင်ဘူး၊ နှမတော်ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်တည်းကိုပဲ တွေ့ ချင်တယ် ”လို့  အားလုံးကို အလိုမကျဟန်နဲ့  ပြောလိုက်ပါတယ်။
သူ့ သူငယ်ချင်းရောက်လာတဲ့အခါ မိဖုရားက အဲဒီသူငယ်ချင်းရဲ့ လက်ကိုကိုင်ပြီး --“မင်းကို ငါပြောစရာတွေ အများကြီးရှိတယ်--”လို့ လေသံကလေးနဲ့ ပြောတယ်။
“ဟုတ်ပြီ--မင်းပြောချင်တာတွေအကုန်ပြောပါ”
“နားထောင်--ငါပြောမယ်၊ဒီနန်းတော်မှာအဆောင်ခုနစ်ဆောငိရှိတဲ့အထဲ မှအရင်တုန်းကဆိုရင် ---ဟိုမြောက်နန်းစံမိဖုရားက အဆောင်သုံးဆောင်ပိုင်တယ်။တဖြည်းဖြည်းနဲ့  အဲဒီမိဖုရားဟာ အဆောင်နှစ်ဆောင် ပဲပိုင်တဲ့ အနေအထားရောက်သွားရာက လောလောဆယ်မှာ အဆောင်တစ်ဆောင်ပဲပိုင်တော့တယ်။
အဲဒီနောက်တော့မြောက်နန်းမိဖုရားဟာ နန်းတော်ကထွက်ခွာသွားတယ်။
ဒီလိုနဲ့ ရက်တွေကြာလာတဲ့အခါ ငါဟာ သူ့ကိုမေ့ သွားတယ်။
ဒီလိုနဲ့ ဒန်းစီးပွဲတော်ရောက်လာတယ်၊ငါဟာ ဒေါင်းရုပ်ပုံပြုလုပ်ထားတဲ့ ဝေါယဉ်ကိုစီးပြီး မြို့ ထဲ ကိုလျှောက်လည်တယ်။ငါ့ ကိုဂီတပွဲတော်ကျင်းပနေတဲ့  အဆောက်အဦကြီးဆီကိုခေါ်သွားကြတယ်။
ငါ့ ပတ်ဝန်းကျင်မှာတော့ တောက်ပြောင်ဝံ့ကြွားတဲ့  ကိုယ်ရံတော်တွေနဲ့ အခြွေအရံတွေက ၀ိုင်းလို့ပေါ့ ။
ဒီလိုနဲ့ ခ၇ီးဆက်ကြတဲ့အခါ မြစ်ကမ်းဘေးတစ်နေရာကို ရောက်သွားတယ်။ မလှမ်းမကမ်းကအရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ မြေစေးတွေနဲ့  လိမ်းကျံ ထားတဲ့  တဲအိမ်တစ်လုံးရှိနေပြီး အပြာရောင်အပွင့်ရှိတဲ့  အပရာဇိတပန်းနွယ် တွေက ခြံစည်းရိုးကို ဖုံးထားတယ်။ အိမ်ေ၇ှ့ တံခါးရဲ့ လှေခါးထစ်တွေမှာ ဆန်မှုန့်ကို ရေနဲ့နယ်ပြီး လုပ်ထားတဲ့  လှည်းဘီးနဲ့ ခရုသင်းပုံတွေ တွေ့ ရတယ်။ ဒါနဲ့ ငါက ငါ့ ရဲ့ ထီးတော်မိုးကို ပန်းချီကားတစ်ချပ်လိုလှပတဲ့  အဲဒီအိမ်ဟာ ဘယ်သူ့အိမ်လဲလို့ မေးတဲ့အခါ မြောက်နန်းစံမိဖုရားရဲ့ ရွှ့ံတဲပါလို့ ဖြေတယ်။
တကယ်တော့သူတို့အားလုံးက ငါမကြိုက်မှန်းသိလို့ မြောက်နန်းစံမိဖုရားလို့ မခေါ်ကြဘဲ ဟိုမိဖုရားလို့ သာပြောလေ့ ရှိကြပါတယ်။
နန်းတော်ကိုပြန်ရောက်တဲ့အခါ ငါဟာ ငါ့ ရဲ့ အဆောင်ထဲ မှာ မီးလုံးဝမထွန်းဘဲတစ်ယောက်တည်း ထိုင်ပြီးငေးငိုင်နေမိတယ်။
အဲဒီတုန်းမှာမင်းကြီးရောက်လာပြီး “ဘာများ အလိုမကျဖြစ်နေလဲနှမတော်၊နှမတော်အတွက်မောင်တော် ဘာတွေလုပ်ပေးရမလဲ လို့မေးတယ်။ငါကနှမတော်ဟာ ဒီနန်းတော်ထဲမှာနေရတာမပျော်ပိုက်ဘူး  နေချင်စိတ်လဲမရှိဘူး” လို့ ဖြေလိုက်တယ်။
အဲဒီအခါမှာ မင်းကြီးက --”ကိုင်း--ဒါဖြင့်ရင်နှမတော်တွက်အိမ်တော်အသစ်တစ်ဆောင်ဆောက်ပေးမယ်။
အိမ်ရဲ့ နံ၇ံတွေကိုဆင်စွယ်နဲ့မွမ်းမံခြယ်လှယ်ပြီး အိမ်ရဲ့ ကြမ်းပြင်မှာ ခရုသင်းတွေကို အမှုန့်ကြိတ်ပြီးခင်းပေးမယ်။
ခရုသင်းနှစ်ရဲ့အရောင်ဖြူဖြူကြောင့်အဲဒီနေရာဟာ နို့ နှစ်တွေဆမ်းထားသလို ၇ှိလိမ့်မယ်။
ပြီးရင်ပတ်လည်အနားတွေမှာ ကြာပန်းတွေရစ်ခွေနေတဲ့ပုံထွင်းပြီး ပုလဲလုံးတွေမြုပ်ပေးမယ် ”လို့ပြောတယ်။
ဒါပေမယ့်ငါက နှမတော်လိုချင်တာက အဲဒီလို အိမ်တော်မဟုတ်ဘဲမြေစေးတွေလိမ်းကျံပြီးဆောက်ထားတဲ့ 
တဲ အိမ်တစ်လုံးသာဖြစ်ပါတယ်။အဲဒီတဲအိမ်ကို နန်းတော်ရဲ့ အပြင်ဥပစာမှာရှိတဲ့ တောအစပ်မှာ ဆောက်ပေးပါ မောင်တော်လို့ လျှောက်ထားလိုက်တဲ့အခါ မင်းကြီးက “နှမတော်အလို ကျဖြစ်ရပါစေ့မယ်စိတ်ချပြီးနေပါ” လို့ပြောတယ်။ဒီလိုနဲ့ ရွှံ့ တဲလေးတစ်လုံးဆောက်လုပ်ပြီးစီး သွားတယ်။
အဲဒီအချိန်မှာ ငါ့ ရဲ့ ဘ၀ဟာ လှလှပပဖူးပွင့်နေတဲ့တောရိုင်းပန်းလေးကို အပငိက ခူးယူလိုက်တဲ့အခါ လက်ထဲရောက်တာနဲ့ ချက်ချင်းဆိုသလို ညှိုးလျှနွမ်းခွေသွားသလိုမျိုးခံစားလိုက်ရတယ်။ ပန်းကလက်ထဲေ၇ာက်လာပေမယ့် သူ့ရဲ့ လန်းဆန်းသစ်လွင်တဲ့အလှကို မပိုင်ဆိုင်ရသလိုပေါ့ ။ ငါဟာအဲဒီတဲလေးမှာတစ်ကိုယ်တည်းထိုင်ရင်းက ပျော်ရွှင်မှုအစားရှက်ခြင်းတရားကိုပဲ ခံစားနေမိတယ်။ တကယ်ပဲရှက်စိတ်တွေလွှမ်းမိုးနေမိတယ်ကွယ်။
ဒီလိုနေရင်းနဲ့   မကောင်းမှုတွေကို သန့်စင်ဆေးကြောတဲ့ မွန်မြတ်သောရေချိုးပွဲ နေ့ ကိုရောက်လာတယ်။
ငါဟာ နန်းတွင်းက မောင်းမမိသံတစ်ရာခြံရံပြီး မြစ်ဆိပ်ကိုေ၇ချိုးဆင်းခဲ့တယ်။ ငါလိုက်ပါလာတဲ့ဥဒေါင်းယဉ်ပျံ ဝေါယဉ်ကို သူတို့က မြစ်ထဲမှာဒူးဆစ်လောက်မြုပ်တဲ့နေရာအထိ သယ်ပေးကြတယ်လေ။ ရေချိုးပွဲရဲ့ အပြန်ခ၇ီးတစ်လျှောက်မှာငါဟာဝေါယဉ်ရဲ့ တံခါးကိုနဲနဲ ဟ ပြီး ပတ်ဝန်းကျင်ကိုငေးမောကြည့်၇ှုတယ်။
အဲဒီအချိန်မှာအနီရောင်အနားပါတဲ့ ရိုးရိုးဆာ၇ီကိုဝတ်ထားတဲ့ မိန်းမတစ်ယောက်ကို လှမ်းပြီးမြင်လိုက်ရတယ်။
သူ့လက်ထဲမှာ ဖန်လက်ကောက်တွေဝတ်ထားတာကလွဲပြီး ဘာမှမရှိဘူး။ အဲဒီအမျိုးသမီးဟာမြစ်ထဲမှာရေချိုးပြီးတော့ ရေအိုးတစ်လုံးနဲ့ ရေခပ်နေတယ်။ေ၇တွေစိုရွှဲနေတဲ့သူ့ ရဲ့ ဆံပင်တွေဟာနေရောင်အောက်မှာတလက်လက်တောက်ပနေတာကိုတွေ့ ရ တယ်။ သူ့ ရဲ့ ခန္ဒာကိုယ်အသွင်အပြင်က ပကတိအပြစ်ကင်းစင်ပြီး ကျက်သရေရှိလိုက်တာကွယ်၊ငါတို့တွေ ပန်းမာန် တွေနဲ့  ပူဇော်လေ့ရှိတဲ့ နတ်ဒေ၀ီတစ်ပါးနဲ့ တူလိုက်ပါဘိတော့။
ဟဲ့ --အဲဒီအမျိုးသမီးကဘယ်သူလဲ-သူကဘယ်ဘုရားကျောင်းမှာဝတ်ပြုတတ်သလဲလို့မေးလိုက်တဲ့အခါ  ထီးတော်မိုးက -အရှင်ဖုရားအဲဒါမြောက်နန်းစံမိဖုရားလေ မမှတ်မိတော့ဘူးလားလို့  ဖြေလိုက်ပါတယ်။
နန်းတော်က ငါ့ ရဲ့အဆောင်ကိုပြန်ရောက်တဲ့အခါ ငါဟာ တစ်ယောက်တည်း ထိုင်ပြီးငေးငိုင်နေမိတယ်။
စကားပြောချင်စိတ်လဲမရှိဘူး၊အဲဒီအချိန်မှာ မင်းကြီးကြွလာပြီး ဘာတွေများအလိုမကျဖြစ်နေတာလဲနှမတော်
ဒီတစ်ခါရော မောင်တော်ဘာလုပ်ပေးရဦးမလဲလို့ မေးပါတယ်။
ငါက နှမတော်ဟာ မနက်ဖြန်နံနက် မိုးသောက်ချိန်ရောက်တဲ့အခါ မြေရေအိုးတစ်လုံးကို ယူသွားပြီး မြစ်ဆိပ်ကိုလမ်းလျှောက်သွားမယ်။မြစ်ထဲမှာရေချိုးပြီးတဲ့အခါ အဲဒီရေအိုးနဲ့ ရေခပ်ပြီး နှမတော် ကိုယ်တိုင်ပွေ့ ပိုက်သယ်ယူလိုတဲ့
အာသာ ဆန္ဒ ဖြစ်နေပါတယ်မောင်တော်လို့ လျှောက်တင်လိုက်ပါ တယ်။
မင်းကြီးက ကောင်းပြီနှမတော်-အဲဒီဆန္ဒအတိုင်းဖြစ်စေရမယ်လို့ ပြောတယ်။
နောက်တနေ့ ရောက်တော့ ငါလျှောက်သွားတဲ့လမ်းတစ်လျှောက်မှာ အစောင့်စစ်သည်တွေက ၀ဲ ယာ စောင့်ကြပ်နေကြတယ်။ အပြင်လူတွေက်ုလုံးဝဖြတ်သန်းခွင့်မပြုဘူး။
အဲဒီလမ်းမတလျှောက်တိတ်ဆိတ်ခြောက်ကပ်လို့ပေါ့ ။
ငါဟာချည်နဲ့ရက်လုပ်ထားတဲ့ အနီရောင်အနားပါတဲ့ ဆာ၇ီကိုဝတ်ပြီး လက်မောင်းမှာ ဖန်လက်ကောက် တွေစွပ်လိုက်တယ်။
မြစ်ထဲမှာရေချိုးပြီးတဲ့အခါ ငါယူသွားတဲ့ရေအိုးကိုရေအပြည့် ဖြည့်လိုက်ပြီး နန်းတော်ကိုပြန်လျှောက်ခဲ့တယ်။ နန်းတော်တံခါးဝကိုရောက်တဲ့အခါ ငါဟာ အဲဒီရေအိုးကိုလွှင့်ပစ်လိုက်လို့ အဲဒီရေအိုးဟာ စိပ်စိပ်မြွှာမြွှာ ကွဲသွားရှာတယ်။ဘာလို့ငါဟာဒီလိုလုပ်လဲဆိုတော့ ငါ့ ရဲ့ လုပ်ဆောင်မှုအတွက် ရှက်မိတဲ့စိတ်ကလွဲပြီး ဘယ်လိုပျော်ရွှင်ကြညိနူးမှုကိုမှငါမရလို့ပဲ။
ဒီလိုနဲ့ပွဲလမ်းသဘင်တစ်ခုကျင်းပတဲ့နေ့ တစ်နေ့ ရောက်လာပြန်တယ်။အဲဒီနေ့ မတိုင်ခင် ညမှာ မြို့တော်ရဲ့  အပြင်ဘက်က စခန်းတစ်ခုမှာ လူတွေစု၇ုံြး့ပီး ပျော်ပျော်၇ွှင်ရွှင် ကကြ၊ ခုန်ကြ၊ တေးသီချင်းတွေ သီဆိုကြနဲ့  တော်တော်စည်ကားတယ်။
အဲဒီနေ့ ကလပြည့်နေ့ ဆိုတော့ကောင်းကင်မှာလမင်းကြီးက ထိန်ထိန်သာ လို့ ပေါ့ ၊
အဲဒီပျော်ပွဲရွှင်ပွဲဟာမနက်အာရုံဏ်တက်ချိန်လောက်မှပြီးသွားတယ်။အဲဒီပျော်ပွဲရွှင်ပွဲအခန်းအနားကို ငါလဲသွားခဲ့ပါတယ်။ပျေိာပွဲအခမ်းအနားပြီးတဲ့အခါ ငါဟာ ကကြိုးတန်ဆာတွေဆင်ထားတဲ့  မင်္ဂလာဆင်တော် ကိုစီးပြီး နန်းတောကိုပြန်ခဲ့တယ်။
အဲဒီအခိုက်မှာ သူ့ခေါင်းပေါ်မှာပန်းကုံးတွေဆင်ထားတဲ့လုလင်ပျိုတစ်ယောက်ဟာ ငါတို့ကို ကျော်ဖြတ်ပြီး ခပ်မြန်မြန်လျှောက်သွားတာ ကိုမြင်လိုက်ရတယ်. သူ့လက်ထဲမှာလည်း တောထဲမှာပေါက်ရောက်တဲ့  သစ်သီး
မျိုးစုံထည့် ထားတဲ့ ဆွဲခြင်းတစ်လုံးကိုကိုင်ထားတယ်။သသေချာချာကြညိ့လိုက်တဲ့အခါ သစ်သီးတွေအပြင် တောထဲကရတဲ့ဟင်းသီးဟင်း၇ွက်စိမ်းတွေ၊မျှစ်တွေနဲ့ သစ်ဥသစ်ဖုတွေပါ ပါ နေတာတွေ့ ရတယ်။
ဟဲ့ --အဲဒီလူငယ်လေးရဲ့  အင်မတန် ကံကောင်းတဲ့ မိခင်ဟာ ဘယ်သူလဲလို့ မေးလိုက်တဲ့အခါ ထီးတော်မိုးကအရှင်ဖုရားမသိဘူးလား --အဲဒါဟိုမိဖုရားကြီးရဲ့ သားတော်လေ-သူ့ မယ်တော်ကိုလက်ဆောင်ပေးဖို့တောထဲတောင်ထဲကသစ်သီးသစ်ဥတွေနဲ့ ဟင်းသီးဟင်း၇ွက်တွေယူလာတာဖြစ်မှာပေါ့ လို့ လျှောက်တင်တယ်။
နန်းတော်ကိုရောက်တဲ့အခါ ငါဟာအရင်အတိုင်းတစ်ယောက်တည်းငေးမှိုင်နေမိတယ်။ အဲဒီအချိန်မှာမင်းကြီးရောက်လာပြီးဒီတစ်ခါရော နှမတော်ဘာတွေအလိုမကျဖြစ်နေပြန်ပြီလဲ၊ နှမတော်ဘာတွေအလိုရှိနေသလဲလို့ မေးမြန်းတယ်။
နှမတော် နေ့တိုင်းတိုင်း တောထဲတောင်ထဲကရတဲ့ သစ်သီး၊သစ်ဥ၊သစ်ဖုတွေနဲ့  ဟင်းသီးဟင်း၇ွက်တွေကိုပဲ
ပွဲတော်တည်ချင်တဲ့ ဆန္ဒဖြစ်နေပါတယ်။နှမတော်ရဲ့ သားတော်ကိုယ်တိုင် အဲဒီ့ သစ်သီး၊သစ်ဥ၊သစ်ဖုတွေနဲ့  ဟင်းသီးဟင်း၇ွက်တွေကိုခူးဆွတ်ပြီးဆွဲခြင်းတစ်လုံးနဲ့  နှမတော်ကို ဆက်သစေချင်ပါတယ်လို့  ငါကပြောလိုက်တဲ့အခါ မင်းကြီးက တကယ်ပဲအဲဒီအတိုင်း အလိုရှိသလားနှမတော်--နှမတော်စိတ်တိုင်းကျဖြစ်ရပါစေ့မယ်လို့ ပြောခဲ့တယ်။
ငါဟာ ငါ့ ရဲ့ ရွှေပိန်းချထားတဲ့ သလွန်ပေါ်မှာထိုင်ပြီးတော့သားတော်ဆက်သတဲ့  လက်ဆောင်ကိုခံယူပါတယ်။
သားတော်ရဲ့ တစ်ကိုယ်လုံးချွေးတွေနဲ့  ရွှဲရွှဲစိုနေတာတွေ့ရတဲ့အပြင် သူ့ ကိုကြည့်ရတာဒေါသထွက် နေပုံလဲ ရပါတယ်။
သားတော်ယူလာတဲ့ ဆွဲခြင်းကို ငါဟာ ငါ့ရဲ့ ခြေထောကိနားမှာလွှတ်ချလိုက်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ငါ့ရင်ထဲမှာကျေနပိမှုအစားရှက်စိတ်တွေက ကြီးစိုးနေလို့ပါပဲ။
အဲဒီအချိန်ကစပြီးငါဟာ ငါ ကိုယ်ငါ ဘာဖြစ်နေမှန်းမသိတော့ဘူး။ငါဟာလူတွေနဲ့မတွေ့ချင်သလို အဖော်အပေါင်းလဲ မလိုချင်ဘူး။
ငါ့ ဟာငါ တစ်ယောက်တည်းထိုင်ပြီး တောင်စဉ်ရေမရ တွေးချင်ရာ တွေးနေမိတယ်။ဘယ်သူ့ကိုမှလဲစကားပြောချင်စိတ်မရှိ လို့ ငါ့နုတ်ကို ၀စီပိတ်ကျင့်နေခဲ့တယ်။
အဲဒီအချိန်မှာမင်းကြီးရောက်လာပြီး -ကိုင်း--ဒီတစ်ခါရော ဘာတွေအလိုမကျဖြစ်ပြန်ပြီလဲနှမတော်၊ မောင်တော်ဘာများလုပ်ဆောင်ပေးရမလဲလို့မေးတယ်။
ငါဟာရုတိတရက် ဘာပြန်ဖြေရမှန်းမသိဘူး။
ငါဟာမင်းကြီးရဲ့အချစ်ဆုံး၊မင်းကြီးရဲ့ အမြတ်နိုးဆုံးမိဖုရားဖြစ်ပေမယ့် ငါတကယ်ရှာနေတဲ့အရာဟာရှက်စရာ ကောင်းတဲ့ကိစ္စတစ်ခုဖြစ်နေတာကြောင့် ဘယ်လိုမှပြောမထွက်ဘူး။
ဒါကြောင့်ငါ့ ရဲ့ လျှို့ ဝှက်ချက်ကိုသူငယ်ချင်းတစ်ယောက်တည်းကို ပဲ အသိပေးချင်ပါတယ်။
“ငါတကယ်လိုချင်နေတဲ့အရာက ဟိုမိဖုရားဒုက္ခရောက်တာ၊စိတ်ဆင်းရဲတာနဲ့  ပြင်းထန်တဲ့ ထိခိုက်နာကျင်မှုတွေ ခံစားရတာကို ကြားချင်မြင်ချင်တာပဲဖြစ်ပါတယ်”
အဲဒီစကားကိုကြားလိုက်ရတဲ့အခါ မိဖုရားရဲ့ သူငယ်ချင်းက အံ့သြလွန်းလို့ သူ့ပါးနှစ်ဖက်ကို သူ့လက်ဝါးတွေနဲ့  ယောင်ပြီးရိုက်လိုက်မိတယိ။ အတန်ကြာတော့မှ--မင်းဘာလို အဲလိုဖြစ်စေချင်ရတာလဲကွယ်လို့  မေးလိုက်ပါတယ်။
အဲဒီအခါ မင်းကြီးရဲ့ အချစ်တော် မိဖုရားက ---“ဟိုမိဖုရားရဲ့ ကျူရိုးပုလွေက အင်မတန်သာယာတဲ့  ဂီတသံစဉ်တွေကို  တီးမှုတ်နိုင်ပေမယ့် ရွှေသားနဲ့လုပ်ထားတဲ့ ငါ့ရဲ့ ပုလွေကဘယ်လို ချိုလွင်တဲ့ သံစဉ်မှမထွက်ဘူး။ငါဟာအဲဒီရွှေသားနဲ့လုပ်ထားတဲ့
ပုလွေကို အမြတ်တနိုးနဲ့ထားသလို သူ့ ကိုပိုင်ဆိုင်၇လို့ ဂုဏ်ယူနေပေမယ့်  ငါ့ အနေနဲ့ ဘယ်လိုဂီတရသကိုမှ ပေးစွမ်းနိုင်စွမ်းမရှိ
လို့ပါပဲ သူငယ်ချင်းရယ်  ”လို့ စိတ်မသက်မသာနဲ့ ဖြေလိုက်ပါတယ်။
Ref; Rabindranath Tagore (ရာဘင်ဒရာနတ် တဂိုး )ရဲ့   The Favourite Queen ကို ဆည်းဆာမှ ဆီလျှော်အောင်ဘာသာပြန်ဆိုထားပါသည်။
No comments:
Post a Comment
LinkWithin
Related Posts Plugin for WordPress, Blogger...
ကားတွန်ကဏ္ဍ
မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်
ကြော်ငြာကဏ္ဍ
ဤနေရာတွင်ကြော်ငြာလက်ခံပြီ
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
ခွေးကလေးနဲ့ ကစားကြမယ်
တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ