Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာတချို့ မှားယွင်းနေကြောင်း နတ္တလင်းလယ်သမားများ စွပ်စွဲ

ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းခဲ့တဲ့ လယ်ယာမြေ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာက ဖော်ပြချက်တချို့ မှားယွင်းနေတယ်လို့ ပဲခူးတိုင်း၊ နတ္တလင်းမြို့က လယ်သမားတွေက စွပ်စွဲလိုက်ပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာအပိုင်း ၃ က အပိုဒ် ၃၄ က အကြောင်း အရာတွေ များယွင်းနေတယ်လို့ နတ္တလင်းမြို့နယ်က လယ်သမား ၁၀၀ ကျော်က စွပ်စွဲလိုက်တာပါ။

၁၉၉၂ ခုနှစ်က ဒမငယ် သစ်ချိုခြံမှာ မြေရိုင်းတွေဖော်ထုတ်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက ဧက ၁ ထောင်ပေးမယ်လို့ ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ဧက ၅၅၀ ပဲရခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

“ကျနော်တို့ရှင်းခဲ့တာက ဧက ၁၅၀၀ ပါ။ ဒါပေမယ့် ၁ ထောင်ပဲ ယူပါဆိုလို့ ကျေနပ် သဘောတူ ခဲ့တယ်။ တကယ်ပေးတဲ့အချိန်ကျတော့ ဧက ၅၅၀ ပဲရတော့တယ်။ အဲဒီအချိန်က စစ်တပ်က အုပ်ချုပ်နေတော့ ဘာမှ ပြောခွင့်မရခဲ့ဘူး” လို့ လယ်သမား ဦးမြင့်နိုင်က ပြောပါတယ်။

လယ်ယာမြေစုံစမ်းရေးကော်မရှင် ဖွဲ့ပြီးလို့ တိုင်ကြားခဲ့တဲ့နောက် လာရောက်စစ်ဆေးတဲ့ အခါမှာလည်း တိုင်ကြားတဲ့ လယ်သမားတွေကို မစစ်ဆေးပဲ ခရိုင်၊ မြို့နယ်က မြေစာရင်း၊ စိုက်ပျိုးရေးဌာနက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အမှန်တရားကို ဖုံးကွယ်ခဲ့တယ်လို့ လယ်သမားတွေက ဒု သမ္မတ ဦးဥာဏ်ထွန်းဆီကို ပေးပို့တဲ့စာမှာလည်း စွပ်စွဲတင်ပြထားပါတယ်။

သူတို့ကို မပေးခဲ့တဲ့ မြေဧက ၄၅၀ ကို ခမရ ၄ နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့အပါအ၀င် ဌာနဆိုင်ရာတွေက သိမ်းယူခဲ့ပြီး အခု ဧက ၁၆၀ ကို ပြန်စွန့်လွှတ်တဲ့ အခါမှာလည်း သီးစားတောင်သူတွေကိုပဲ ပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်း ဆောင်ရွက်မှု အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်မှာ စက်တင်ဘာ ၂၅ ရက်နေ့က အတည်ပြုခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ