Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

ကယ်ဆယ်ရေးသွားတဲ့ ထိုင်းရဟတ်ယာဉ် ပျောက်ဆုံး

ပျောက်ဆုံးနေတဲ့ ခါကာဘိုရာဇီ တောင်တက်သမား ၂ ဦးကို ရှာဖွေနေတဲ့ ကယ်ဆယ်ရေး အဖွဲ့ထံ ရိက္ခာပို့ဖို့ သွားရောက်ရင်း မနေ့ကစလို့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ ထိုင်းနိုင်ငံက B4 အမျိုးအစား ရဟတ်ယာဉ်ကို ဒီကနေ့ထိ ဆက်လက်ရှာဖွေနေ ဆဲပဲလို့ ထူးဖောင်ဒေးရှင်းက ပြောပါတယ်။

အဆက်အသွယ်ပြတ်တောက်နေတဲ့ B4 ရဟတ်ယဉ်ကို ထူးဖောင်းဒေးရှင်းရဲ့ B3 ရဟတ်ယာဉ်၂ စီး၊ တပ်မတော်လေက MI 17 အမျိုးအစား စစ်ရဟတ်ယာဉ်တစ်စီးတို့နဲ့ ဆက်လက်ရှာဖွေနေပြီး၊ လောလောဆယ်အထိ အဆက်အသွယ်မရသေးဘူးလို့ ထူးဖောင်ဒေးရှင်း ကူညီကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဖြိုးကိုကိုသက်က RFA ကိုပြောပါတယ်။

"ကျနော်တို့ အခုရှာဖွေနေတဲ့ ထိုင်းနိုင်ငံ B4 အမျိုးအစားရဟတ်ယာဉ်ကို ကျနော်တို့ ရှာဖွေနေတဲ့အပိုင်းမှာ ထပ်မံအင်အားဖြည့်ပြီးတော့မှ ကျနော်တို့ စစ်ရဟတ်ယဉ်တွေနဲ့ အားလုံးပူးပေါင်းပြီးတော့မှ ဒေသခံတွေအကုန်လုံး ရွာစဉ်တလျှောက်လုံးပေါ့နော်၊ ပူတာအိုကနေပြီး ရွာစဉ်တလျှောက် ရွာသူရွာသားတွေအကုန်လုံး ပူးပေါင်းပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆောက်ရွက်နေကြပါတယ်၊ လက်ရှိအခြေအနေအထိ အဆက်အသွယ်မရရှိသေးပါဘူးခင်ဗျ"

အဆက်အသွယ်ပြတ်တောက်နေတဲ့ ရဟတ်ယာဉ်ပေါ်မှာ ထိုင်းနိုင်ငံက ရဟတ်ယာဉ်မှူးတစ်ဦးနဲ့အတူ မြန်မာရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနဲ့ ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်ရဲ့ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ၃ ဦးလိုက်ပါသွားခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ B4 ထိုင်းရဟတ်ယာဉ်ဟာ ရှာဖွေရေးလုပ်ငန်းတွေအတွက် ထူးဖောင်ဒေးရှင်းက ငှားရမ်းထားတာ ဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးအဖွဲ့အခြေစိုက်စခန်းရှိတဲ့ တဟွန်ဒမ်း ကျေးရွာကို စက်တင်ဘာ၂၇ ရက်နေ့လည်ပိုင်းက ရိက္ခာပို့ဖို့အသွား ပျံသန်းချိန် မိနစ် ၂၀ အကြာမှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ