Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

နေ့ခင်းကြောင်တောင် စစ်ယာဉ်တန်း အပစ်ခံရ၍ မြ၀တီတွင် လုံခြုံရေး တိုးမြင့်ကာ တပ်လှန့်ထား

စက်တင်ဘာ - ၂၈ - ၂၀၁၄


မြ၀တီမြို့ တွင် ယမန်နေ့က တပ်မတော် စစ်ယာဉ်တန်း ပစ်ခတ်ခံရ၍ လုံခြုံ ရေးကို တိုးမြှင့်ထားပြီး မြို့ တွင်းသို့ ၀င်ရောက်လာသည့် ခရီးသည်များနှင့် ကားကြီး ကားငယ်များကို အထူးကြပ်မတ်ကာ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။

ယမန်နေ့နံနက် ၁၁ နာရီကျော်က မြ၀တီမြို့အတွင်းသို့ ၀င်ရောက်လာသည့် ၅ စီးပါစစ်ယာဉ်တန်းကို မြို့ တွင်းအာရှလမ်းမကြီးပေါ်တွင် ကရင်လက်နက်ကိုင်အဖွဲ့တခုမှ တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တန်းအတက်နေ့ဖြစ်သည့်ယနေ့တွင် မြ၀တီသို့ဝင်ရောက်လာသည့် ခရီးသည်များနှင့်ကားကြီးကားငယ်များကို တံတားကျိုးဂိတ် - ခမရ (၃၅၅) တပ်ရင်းရှေ့အပါအ၀င် စစ်ဆေးရေးဂိတ် ၃ ခုတွင် အထူးကြပ်မတ်စစ်ဆေးလျှက်ရှိသည်။

အဆိုပါပစ်ခတ်မှုတွင်ပါဝင်ခဲ့သည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အခြေပြုသည့် အခင်းဖြစ်ပွားရာအနီးရှိခြံဝင်းကြီးကို မြန်မာစစ်တပ်နှင့်အတူ နယ်ခြားစောင့်တပ်ဖွဲ့များက ၀င်ရောက်သိမ်းပိုက်လိုက်ပြီး အဆိုပါခြံဝင်းထဲတွင် တပ်စွဲထားလိုက်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်လက်နက်ကိုင် အဖွဲ့အစည်းအချို့ မှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း တစုံတရာပြောဆိုခြင်းမရှိဘဲ အထက်လူကြီးများကိုသာ မေးမြန်းရန်လမ်းညွှန်ခဲ့သည်။

မြ၀တီမြို့ခံ ဦးကုလားကြီးက" မြ၀တီကလူတွေကတော့ အထုပ်အပိုးတွေကို အရံသင့်လုပ်ထားကြရတယ် ဖြစ်လို့ကတော့ ဘယ်သူမှကယ်နိုင်မှာမဟုတ်ဘူး ကျောင်းတွေကလည်း မပိတ်သေးတော့ မြ၀တီသားတွေရဲ့ဘ၀က သောကကိုယ်စီနဲ့ပါ"ဟု ဆိုသည်။

မြို့ နယ်အဆင့်တာဝန်ရှိသူတဦးက" အခြေအနေကတည်ငြိမ်သွားပေမဲ့ မြ၀တီမှာတော့ လုံခြုံ ရေးကို တပ်လှန့်ထားတယ်"ဟုပြောသည်။


ဓါတ်ပုံ - အခင်းဖြစ်ပွားရာနေရာအနီးရှိ မြန်မာစစ်တပ်မှဝင်ရောက်တပ်စွဲထားသည့်ခြံဝင်း။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ