Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, September 28, 2014

DKBA နှင့် အစိုးရတပ်ဖွဲ့တို့ ယနေ့တွင်ပစ်ခတ်မှုဆက်လက်ဖြစ်ပွား

ဒီမိုကရေစီ ကရင် အကျိးပြု တပ်မတော်DKBA ကလို့ထူးဘောအဖွဲ့နှင့် အစိုးရတပ် ဖွဲ့ဝင်များ ယနေ့(စက်တင်ဘာ ၂၇ ရက်နေ့) နံနက် ၅ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်းကျေးရွာအနီး တွင် နာရီဝက်ကျော်ကြာ အပြန်အလှန်ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့သည်ဟု အနီးကပ်စောင့်ကြည့်နေသည့် မွန်ပြည်သစ်ပါ တီအရာရှိတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

ထို့အပြင် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ကရင်လှိုင်ကျေးရွာအနီး၌ DKBA နှင့် အစိုးရနယ်ခြားစောင့်တပ် BGF တို့ နံနက် ၉ နာရီ အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်ဟုလည်း ဆိုသည်။

သူက “လက်နက်ကြီးသံတွေကြားနေရတယ်၊ အထိအခိုက်ဒဏ်ရာကျဆုံးသတင်းတွေကိုတော့ လောလောဆယ်မရနိုင်သေးဘူး၊ ရွာသား တွေ ကျိုက်မရောမြို့ပေါ်ကို ထွက်ပြေးလာတယ်” ဟု ပြောသည်။

ကျိုက်မရောဆုတောင်းပြည့်ဘုရားကြီးဝင်းအတွင်း၌ စစ်ဘေးရှောင်ဒေသခံ ၂၀ဝ ဝန်းကျင်ခန့်ရောက်ရှိနေသည်ဟု ကျိုက်မရောမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

သူက “ ထွက်ပြေးလာတဲ့ရွာသားတွေကို ဘုရားကြီးဝင်းမှာနေရာချပေးထားတယ်၊ မနေ့က ရောက်လာတဲ့ ကရင်တောရွာသားတွေက တိုက်ပွဲဖြစ်နေတာသူတို့ရွာနဲ့ဝေးသွားပြီဆိုတော့ ဒီနေ့မနက်မှာ ပြန်သွားပြီ” ဟု ဆိုသည်။

ယမန်နေ့ (စက်တင်ဘာ ၂၆ ရက်)နံနက် ၁ဝ နာရီခွဲခန့်တွင် ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု ကရင်တောကျေးရွာရှိ DKBA ဂိတ်သို့ ခလရ (၂ဝ၈) တပ်ရင်းမှ မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာရာ DKBA က ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ယာဉ်ပေါ်ပါလာ သည့် အစိုးရတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခဲ့သဖြင့် နှစ်ဖက်တပ်များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ထို့နောက် မွန်းတည့် ၁၂ နာရီကျော်ခန့်တွင် ခလရ (၂ဝ၈) တပ်ဖွဲ့များ ထပ်မံရောက်ရှိလာရာ ပစ်ခတ်မှုဖြစ်ပေါ်သဖြင့် DKBA တပ်ဖွဲ့များ နေရာပြောင်းရွေ့သွားခဲ့ပြီး ညနေ ၅ ခန့်တွင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ကျိုက်မရော မြို့နယ်နှင့် မုဒုံ မြို့နယ်တို့ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့ဝင်များ၏ နေအိမ်ကို စစ်တပ်က ဝင် ရောက်ရှာဖွေကာ သေနတ်သုံးလက်ကို သိမ်းယူခဲ့သည်ဟု မွန်ပြည်နယ် DKBA တာဝန်ခံ ဗိုလ်မှုး စောအောင်ကိုကိုက ပဲခူးတိုင်း ၊ ညောင် လေးပင်မြို့နယ်၌ စက်တင်ဘာ ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ကြောင်း မဇ္ဇျိမသတင်းတွင် ဖေါ်ပြထားသည်။

စက်တင်ဘာ ၁၉ ရက်နေ့တွင်လည်း မြဝတီမြို့၌ နယ်ခြားစောင့်တပ်နှင့် တပ်မတော်ဘက်မှ DKBA အဖွဲ့ကို ပစ်ခတ်သဖြင့် ဗိုလ်တစ်ဦး သေဆုံး၊ တပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။


DKBA စခန်းတွင် အစိုးရတပ်ဖွဲ့၊ ရဲများကိုအင်္ကျီမပါတွေ့ရစဉ်(ZL)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ