Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ကျပ်သုံးသိန်းထက် ပိုယူလျှင် လာဘ်စားမှု သတ်မှတ်မည်ဟူသော သမ္မတ၏ ညွှန်ကြားချက်အပေါ် လွှတ်တော် မေးခွန်းထုတ်

အစိုးရ ၀န်ထမ်းများ အနေဖြင့် လက်ဆောင်ပစ္စည်းများ ရယူရာတွင် ကျပ်သုံးသိန်းထက် ကျော်လွန်ပါက လာဘ်ပေး လာဘ်ယူမှုအဖြစ် သတ်မှတ်မည်ဟု သမ္မတ ဦးသိန်းစိန်က ၂၀၁၃ခုနှစ် သြဂုတ်လအတွင်း ၀န်ကြီး ဌာနများသို့ အကြောင်းကြားထားရာ ယင်းကိစ္စမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် က ဆောင်ရွက် ရမည့် ကိစ္စသာ ဖြစ်ကြောင်း စက်တင် ဘာလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးပွဲ၌ ပြည်ထဲရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောဆိုလိုက်သည်။

ပုသိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃ (က) တွင် လာဘ်ပေး လာဘ်ယူမှု ဆိုသည်ကို အဓိပ္ပာယ် ဖွင့်ထားရာ၌ တံစိုးလက်ဆောင်ကို မိမိအတွက်၊ အခြား သူအတွက်၊ အဖွဲ့အစည်းအတွက် ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန် အားထုတ်ခြင်း စသည်ဖြင့် ပြဋ္ဌာန်း ထားပါကြောင်း၊ သို့သော် ပြည်သူများအကြား တွင် ရေပန်းစားနေသော လက်ဆောင်ပစ္စည်းများ လက်ခံရယူ ရာတွင် ကျပ်သုံးသိန်း ကျော်လွန်သည့် ပစ္စည်းများ လက်ခံပါက လာဘ်ပေးလာဘ်ယူမှုအဖြစ် သတ်မှတ်မည် ဆိုသည့် စကားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယင်းစကားရပ်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ညီ/မညီ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းထားမှုနှင့် ဆီလျော်မှု ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့မှု အား ပြန်လည် ဖြေရှင်းခဲ့ခြင်းလည်း ဖြစ်သည်။

““ပြည်ထောင်စု အစိုးရအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အခန်း (၃) ကော်မရှင် ဖွဲ့စည်းခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့် များထဲမှ ကော်မရှင်နှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် အသီးသီးကိုလည်း သတ်မှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကော်မရှင်က ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စရပ်သာ ဖြစ်ပါကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဖြေကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် အဂတိ လိုက်စားမှု ရှိသည့် နိုင်ငံပေါင်း ၁၇၇ နိုင်ငံ၌ ၁၅၇ အဆင့်ရှိကြောင်း နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ သြဂုတ်လ၂၁ ရက်နေ့ (ငါးလတာ ကာလအတွင်း) တိုင်ကြားစာပေါင်း ၅၃၃ စောင် ရရှိခဲ့ပြီ ဖြစ်ကြောင်း လည်း စက်တင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပွဲ၌ပင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမြ၀င်းက လာရောက် ရှင်းလင်းခဲ့သည်။

အဆိုပါ တိုင်ကြားခံရသည့် တိုင်စာများမှာ မြေယာမှု ၁၇၀၊ တရားရေး ၉၅ မှု၊ အုပ်ချုပ်ရေး ၂၃၈ မှုနှင့် အထွေထွေ တိုင်ကြားမှု ၃၀ မှုတို့ ဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ဆောင် နေမှုများနှင့် ပတ်သက်၍ လွှတ်တော်၌ မေးမြန်းခဲ့ရာ အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းရှင်နှင့် အခွင့်အာဏာ အလွဲသုံးစားမှုအပေါ် နိုင်ငံသားများ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားသူအား မည်ကဲ့သို့ ကာကွယ် ပေးထားမည်ကို သိရှိလိုကြောင်းလည်း ထည့်သွင်း မေးမြန်းခဲ့သည်။

ယင်းမေးမြန်းမှုနှင့် ပတ်သက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ““အခွင့်ထူးခံ စီးပွားရေး လုပ်ငန်းရှင်များနှင့် အခွင့်အာဏာ အလွဲသုံးစားမှုများ အပေါ် နိုင်ငံသားများက တိုင်ကြားနိုင်ရေးအတွက် ကော်မရှင်က ၁၀-၄-၂၀၁၄ ရက်နေ့တွင် သတင်းထုတ်ပြန် ကြေညာချက်ကို ပြည်သူများ သိရှိအောင် ထုတ်ပြန်ခဲ့ပြီး အပိုဒ် ၆၊ အပိုဒ် ၇၊ အပိုဒ် ၈ တို့တွင် တိုင်ကြားရာ၌ ပြည့်စုံစွာ ပါရှိရမည့် အချက်များကို ဖော်ပြထားပါကြောင်း၊ တိုင်ကြားသည့် နေရာတွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ကို ဖျောက်ဖျက် ကျူးလွန်ကြောင်း အရေးကြီးသော သက်သေခံချက် ပါရှိရန် လိုအပ်ပါကြောင်း၊ ခိုင်လုံသော အထောက်အထားနှင့် သတင်း ပေးသည့်အတွက် ဖော်ထုတ် အရေးယူနိုင်သော ကိစ္စများတွင် သတင်းပေးသူကို လိုအပ်သည့် အကာအကွယ် ပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(ဈ)တွင် ပြဋ္ဌာန်း ထားပါကြောင်း၊ ယင်း ပြဋ္ဌာန်းချက်ကို မူတည်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ(မူကြမ်း)တွင် ထည့်သွင်းရေးဆွဲ ထားပါကြောင်း၊ တိုင်ကြားသူအပေါ် အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေ ပေါ်ပေါက်လာပါက လိုအပ်သော အကာအကွယ်၊ စောင့်ရှောက်မှုကို ပြုနိုင်ရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ၁၇၊ ပုဒ်မခွဲ(င)နှင့်အညီ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် အကူအညီရယူ ဆောင်ရွက်သွားရန် စီမံထားရှိပါကြောင်း”” ပြန်လည် ဖြေကြား ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအခန်း ၇(ဈ)၌ ““လာဘ်ပေး လာဘ်ယူမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ လာဘ်ပေး လာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာမှုနှင့် စပ်လျဉ်း၍ ဖြစ်စေ ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးသည့်အတွက် ဖော်ထုတ် အရေးယူနိုင်သည့် ကိစ္စတွင် သတင်းပေးသူအား လိုအပ်သော အကာအကွယ် ပေးခြင်းနှင့် သတ်မှတ်သော ဆုငွေ ချီးမြှင့်ခြင်း”” ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ပုဒ်မ ၁၇ (င)၌ ကော်မရှင်၏ လုပ်ပိုင်ခွင့် အနေဖြင့် ““ဤဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သည့် အကူအညီများကို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် သင့်လျော်သည့် ပုဂ္ဂိုလ်များထံမှ ရယူ ဆောင်ရွက်ခြင်း”” ဟူ၍လည်း ပြဋ္ဌာန်း ထားသည်။

ကော်မရှင်သို့ တိုင်ကြားစာပေါင်း ၅၃၃ စောင်အနက် အရေးကြီးသည့် သက်သေခံချက် မပါဝင်သည့် တိုင်ကြားစာ များလည်းပါဝင်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လွှဲပြောင်း ပေးပို့ထားသော တိုင်ကြားစာ ၉ စောင်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများသို့ လွှဲပြောင်း ပေးပို့ထားသည့် တိုင်ကြားစာ ၄၂ စောင်နှင့် တိုင်း/ပြည်နယ် အစိုးရများသို့ အရေးယူ ဆောင်ရွက်ပေးရန် လွှဲပြောင်း ပေးပို့ထားသည့် တိုင်ကြားစာပေါင်း ၉၂ စောင်အထိ ရှိပြီ ဖြစ်သည်။

ထို့ပြင် ပေးပို့လာသည့် တိုင်ကြားစာများမှ ပေါ်လွင် ထင်ရှားပြီး ဥပဒေနှင့် ငြိစွန်းသည့်အတွက် စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့သည့် အမှု ၃ ခု ရှိပြီဖြစ်ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌ ဦးမြ၀င်းက လွှတ်တော်၌ ရှင်းလင်းခဲ့သည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ