Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

အဓမ္မပြုကျင့်မှုဖြင့် ချောင်းသာရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ထွက်ပြေးလွတ်မြောက်

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ခရိုင်၊ ချောင်းသာ ကမ်းခြေ နယ်မြေရဲစခန်း၌ ခယ်မဖြစ်သူအား အဓမ္မပြု ကျင့် သဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၇၆)ဖြင့် အမှုဖွင့် ဖမ်း ဆီးစစ်ဆေး ခံနေရသော ဦးနိုင်ဝင်းသည် စက်တင်ဘာ လ(၁၂) ရက်နေ့ ညတွင် ချောင်း သာနယ် မြေ ရဲစခန်း အချုပ်မှ ထွက်ပြေး လွတ်မြောက် သွားကြောင်း တရားလိုများက မြန်မာသံတော်ဆင့် သို့ ပြော သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ (၁၂)ရက်နေ့တွင် ချောင်းသာကမ်း ခြေ၌ ဆိုက်ကယ်တက္ကစီ မောင်းေ နသော ရွှေမြင်တင်ရွာသား ကိုနိုင်ဦးသည် မ——၏ ညီမဖြစ်သူ အသက် ၂၀ အရွယ် မ— အား ကျောက်မောင်နှမ ဘုရားသို့ ခေါ်သွားကာ အဓမ္မပြုကျင့်ခဲ့ကြောင်း အိမ်ပြန်ရောက်၍ သိသည့် အခါတွင် ရဲစခန်း၌ အမှုဖွင့်ခဲ့ကြောင်း၊ နာရီပိုင်းအတွင်း ကိုနိုင်ဦးအား ဖမ်းဆီးမိသွားပြီး စစ်ဆေးလျက်ရှိသော အဆိုပါ ညတွင်ပင် ရဲစခန်းမှ ထွက် ပြေး လွတ်မြောက်သွားခဲ့ကြောင်း တရားလိုများဘက် မှ ပြောကြားခြင်း ဖြစ်သည်။…

အဆိုပါ အမှုအား အဓမ္မပြုကျင့်ခံရသူ၏ အစ်မဖြစ်သူ မ — က တရားလိုပြုလုပ်၍ ချောင်းသာ နယ်မြေရဲစခန်း တွင် (ပ)၆၅/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၃၇၆)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးကျော်စိုးက မြန်မာသံတော်ဆင့်သို့ အတည်ပြုပြောသည်။

အဆိုပါ အချုပ်တရားခံ ထွက်ပြေးလွတ်မြောက်မှုနှင့် ပတ်သက်၍ ချောင်းသာနယ်မြေ ရဲစခန်းသို့ စက်တင်ဘာ လ (၂၁)ရက်နေ့တွင် သွားရောက်မေးမြန်းရာ စခန်းမှူးက တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ အစည်းအဝေးသွားနေပါ သဖြင့် ဖြေကြား နိုင်ခြင်းမရှိကြောင်း၊ မီဒီယာများ မေးမြန်းလာပါက အထက်၏ ခွင့်ပြုချက်ရမှသာ ဖြေဆိုရမည် ဟု ညွှန်ကြားထားသဖြင့်ဖြေဆိုခြင်း မပြုနိုင်ကြောင်း၊အဆိုပါနေ့တွင် တာဝန်မှူး တာဝန်ယူထားသူ ဒုရဲအုပ် တစ်ဦးက ပြန်လည်ဖြေကြား သည်။ ချောင်းသာ နယ်မြေ ရဲစခန်း စခန်းမှူး ရဲအုပ်အုန်းကျော်အား အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခေါ် ဆိုသော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိခဲ့ပေ။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ