Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

အီဘိုလာရန်ကြောင့် လူ ၁ သန်းကျော် သီးသန့်ခွဲထားခံရ

ဆီရာယာလီယွန်နိုင်ငံမှာ ​အီဘိုလာ ​ရောဂါပိုး ​ပျံ့နှံ့မှုကို ​ကာကွယ်တဲ့အနေနဲ့ ​အစိုးရက ​လူပေါင်း ​၁.၂ ​သန်းကျော်ကို ​သီးသန့်ခွဲထားမှုတွေ ​လုပ်ထားပါတယ်။

လူတစ်သန်းကျော်ကို ​သီးသန့် ​ခွဲခြား ​ထားတာက ​ပြဿနာ  ​ဖြစ်လာနိုင်ပေမယ့် ​ဆီရာယာလီယွန် ​ဆက်လက်ရှင်သန်မှုက ​ပိုအရေးကြီးတယ်လို့ ​သမ္မတ ​Ernest ​Bai ​Koroma ​က ​ပြောပါတယ်။

ဒေသ ​၁၂ ​ခုကို ​ပြင်ပကမ္ဘာနဲ့ ​ပိတ်ချလိုက်တာဖြစ်ပြီး ​အဲဒီဒေသကို ​ကျန်းမာရေးလုပ်သားတွေနဲ့ ​လိုအပ်တဲ့ ​ကုန်ပစ္စည်းတွေကို ​ပို့ဆောင်မယ့် ​သူတွေသာ ​သွားလာခွင့်ရှိပါတယ်။

အဲဒီမတိုင်ခင် ​လွန်ခဲ့တဲ့ ​တစ်ပတ်က ​တစ်နိုင်ငံလုံးကို ​၃ရက်ကြာ ​ပိတ်ချခဲ့ပြီး ​ကျန်းမာရေးလုပ်သားတွေက ​တစ်အိမ်တက် ​တစ်အိမ်ဆင်း ​စစ်ဆေးမှုတွေ ​လုပ်ခဲ့ပါတယ်။

အဲဒီလို ​လုပ်ဆောင်ရာကနေ ​လူနာအသစ် ​တချို့ကို ​တွေ့ရှိခဲ့သလို ​တချို့ဒေသကို ​မီးမှောင်းထိုးဖို့ ​သင့်ကြောင်း ​တွေ့ရှိတဲ့အတွက်လည်း ​အခုလို ​လုပ်ဆောင်တာလို့ ​ဆိုပါတယ်။


အမေရိကန် ​အစိုးရကလည်း ​အီဘိုလာ ​တိုက်ဖျက်ရေးအတွက် ​ဒေါ်လာသန်းပေါင်း ​၁၉၀ ​ထပ်ကူညီမယ်လို့ ​သိရပြီး ​စုစုပေါင်း ​ဒေါ်လာ ​သန်းပေါင်း ​၄၅၀ ​ကို ​အမေရိကန်က ​ကူညီနေတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​အမေရိကန် ​အစိုးရက ​ရောဂါ ​ဖြစ်ပွားနေတဲ့ ​လိုင်ဘေးရီးယားနိုင်ငံမှာ ​ဆေးကုသရေးဆောင်တွေ ​တည်ဆောက်ဖို့ ​စစ်သား ​အယောက်ပေါင်း ​၃၀၀၀ ​ကိုလည်း ​စေလွတ်ထားပြီ ​ဖြစ်ပါတယ်။

ဆီရာယာလီယွန်နိုင်ငံမှာ ​အီဘိုလာကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​၆၀၀ ​နီးပါးရှိသွားပြီ ​ဖြစ်ပါတယ်။

အနောက်အာဖရိကဒေသမှာ ​အီဘိုလာ ​ရောဂါကြောင့် ​သေဆုံးသူ ​အယောက်ပေါင်း ​၃၀၀၀ ​နီးပါး ​ရှိတဲ့အကြောင်း ​Martin ​Cuddihy ​က ​သတင်းပေးပို့ထားပါတယ်။

ဆီရာယာလီယွန်နိုင်ငံ Freetown မြို့က ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကို အီဘိုလာပိုး စစ်ဆေးဖို့ တင်ဆောင်စဉ်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ