Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, September 26, 2014

ဘိုကိုဟာရမ် အကြမ်းဖက်ခေါင်းဆောင်ကို နိုင်ဂျီးရီးယားစစ်တပ် ပစ်သတ်

ဘိုကိုဟာရမ် အကြမ်းဖက်တွေရဲ့ ၀ါဒဖြန့် ဗွီဒီယိုတွေမှာ အကြမ်းဖက် ခေါင်းဆောင်အဖြစ် ကြေညာထားတဲ့ မိုဟာမက် ဘရှီးယား ဆိုသူကို စက်တင်ဘာလ ၂၄ ရက်နေ့က နိုင်ဂျီးရီးယား စစ်တပ်က ပစ်သတ်ခဲ့ပါတယ်။

သူ ပစ်သတ်ခံခဲ့ရပြီး ဘိုကိုဟာရမ် အကြမ်းဖက် ၂၆၀ ကျော် လက်နက်ချ အလင်းဝင်ခဲ့ ကြတယ်လို့ နိုင်ဂျီးရီးယား စစ်တပ်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘိုကိုဟာရမ် ခေါင်းဆောင် အဘူဘာကာ ရှီကအူ ဆိုသူကို နိုင်ဂျီးရီးယား စစ်တပ်က ပစ်သတ်လိုက်ပြီလို့ ပြောဆိုခဲ့ပေမယ့် သက်သေအထောက်အထား ပြသခဲ့ခြင်း မရှိပါဘူး။ အဲ့ဒီနောက်ပိုင်း အခု သတ်ဖြတ်ခံရတဲ့ မိုဟာမက် ဘရှီးယားဆိုသူက သူ့ကိုယ်သူ အဘူဘာကာ ရှီကအူ ဆိုပြီး ၀ါဒဖြန့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းက ဘိုကိုဟာရမ် အကြမ်းဖက်တွေအပေါ် နိုင်ဂျီးရီးယားစစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပြီး ဘိုကိုဟာရမ် အကြမ်းဖက်တွေ အထိနာခဲ့တယ်လို့ ဆိုပါတယ်။

၁ဘိုနိုပြည်နယ်မှာ အကြမ်းဖက် ၁၃၅ ဦးနဲ့ တခြားနေရာတနေရာမှာ အကြမ်းဖက် ၁၃၃ ဦး အလင်းဝင်ခဲ့ကြတယ်လို့ နိုင်ဂျီးရီးယားစစ်တပ်က ပြောဆိုပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံရေးသုံးသပ်သူတဦးက အကြမ်းဖက်အဖွဲ့တွေရဲ့ ထုံးစံအတိုင်း ခေါင်းဆောင်တဦးကို သုတ်သင်နိုင်ခဲ့ပေမယ့် ခေါင်းဆောင်နောက်ထပ်တဦး ပေါ်ပေါက်လာ အုံးမှာကြောင့် ခေါင်းဆောင်ပိုင်းကို တယောက်ပြီးတယောက် သုတ်သင်နေမယ့်အစား အကြမ်းဖက်အဖွဲ့နဲ့ စေ့စပ်ဆွေးနွေးရေးကို ဦးစားပေးလုပ်သင့်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

ဘိုကိုဟာရမ် အကြမ်းဖက်တွေ ပြန်ပေးဆွဲသွားခဲ့တဲ့ နိုင်ဂျီးရီးယားကျောင်းသူ အယောက် ၂၀၀ ကျော်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

ဒီနှစ်အတွင်း ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ သေဆုံးသူ ၂ ထောင် ကျော်တယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ