Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

လားရှိုးမြို့ မဈေးကြီးအတွင်း ရွှေဆိုင်တစ်ဆိုင် ဓါးပြအတိုက်ခံရ


စက်တင်ဘာ (၂၄)

စက်တင်ဘာလ ၂၄ ရက်၊ မွန်းလွဲပိုင်း ၂း၄၅ မိနစ်ခန့် တွင် လားရှိုးမြို့ ၊ မြို့ မဈေးကြီး၊ ချယ်ရီရုံတွင် ဖွင့်လှစ်ထားသော ဝေဟင်ရွှေဆိုင်အား ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်က ဝေဟင်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းထွန်းအေးသည် ဆိုင်ခန်း အတွင်းတွင်ရပ်နေလျက် ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးပြည်အေး ဆိုသူ က ရွှေကောင်တာ အပြင်ဘက်တွင်ရပ်နေလျက် ရွှေထည်ကိစ္စများကို ပြောဆို နေချိန် ဖြစ်သည်။

ထိုစဉ် ဆိုင်ကယ်စီးဦးထုပ် ကြက်သွေးရောင်ကို ဆောင်းထားပြီး မျက်နှာပြည့် Mask အမည်းရောင် တပ်ဆင်ထားကာ ဂျာကင်အစိမ်းရောင်ကိုဝတ်ဆင်ထား သောလူတစ်ဦးက ဝေဟင်ရွှေဆိုင်၏ ဈေးအတွင်းဖက်ခြမ်းသို့ ကပ်လာသည်။

ဦးစိုင်းထွန်းအေးက ဦးပြည်အေးနှင့်စကားဆက်လက်ပြောဆိုနေစဉ် ထိုသူက 'ရွှေတွေကို ဒီပေါ်တင်လိုက်' ဟုပြောသဖြင့် ဦးစိုင်းထွန်းအေးကလည်း စိတ်ထဲမှ 'ဘာတွေလာပြောနေတာပါလိမ့်' ဟုရေရွတ်လျက် လှည့်ကြည့်လိုက်ရာ ထိုသူက ဂျာကင်အောက်မှနေ၍ ပုခုံးတွင်လွယ်ထားပြီး ခါးနားတွင် ကပ်ကာထိုးချိန်ထားသော သေနတ်ပြောင်းဝကို လှုပ်ရမ်းပြလျင် 'ရွှေတွေကို ဒီပေါ်တင်လိုက်' ဟု နောက်တစ်ကြိမ်ပြောလိုက်ရာ ဦးစိုင်းထွန်းအေးကလည်း ဓါးပြတိုက်နေခြင်းဖြစ်
ကြောင်း ရိပ်မိလိုက်ပြီး ထိုသူရပ်နေသော ရွှေကောင်တာထဲမှ ရွှေလက်စွပ်ဗန်း တစ်ဗန်းကို ကောင်တာပေါ်သို့ တင်ပေးလိုက်သည်။

ထိုသူကလည်း သေနတ်အချိန်မပြတ်ဘဲ ပခုံးတွင်လွယ်ထားပြီး ရင်ဘတ်ရှေ့ သို့  ချထားကာ အသင့်ဖွင့်ထားသော ကျောပိုးအိတ်အမည်းထဲသို့  ကျန်လက်တစ်ဖက်ဖြင့် (၃)ကြိမ်တိတိ ရွှေလက်စွပ်များကို ဆုပ်ကိုင်ထည့်လိုက်ကာ ကမ္ဘောဇနာရီဆိုင်အနီး၊ အောင်သီရိ ရုပ်ရှင်ရုံနောက်ဖေးလမ်းကြားတွင် လူတစ်ယောက်က စီးပြီး အသင့်စောင့်ဆိုင်းနေသော ဆိုင်ကယ်တစ်စီးနောက်တွင်တက်ထိုင်လိုက်ကာ သုခလမ်းဖက်သို့  ထွက်ခွာသွားကြောင်း သိရသည်။

ဝေဟင်ရွှေဆိုင်အား သေနတ်ဖြင့်ချိမ်းခြောက်ကာ ကာလတန်ဖိုး ကျပ် သိန်း ၁၀၀ ခန့် ယူဆောင်သွားသူသည် အရပ် ၅ပေ၄လက်မခန့် ရှိပြီး ကိုယ်ထည်မပိန်မပါးလေးဖြစ်ကာ ဆံပင်မှာ ဂုတ်ခန့် ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့  လားရှိုးမြို့ နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့ မရဲတပ်ဖွဲ့ စခန်းမှူး၊ မြို့ နယ် စည်ပင်နှင့် မြို့ မဈေးအကျိုးတောင်ဆောင်အဖွဲ့ ဝင်များ၊ မြို့ နယ်အထောက်အကူပြု ကော်မတီဝင်များ မိနစ်ပိုင်းအတွင်း ရောက်ရှိလာပြီး သေနတ်ဖြင့်ချိမ်းခြောက်ကာ လုယက်မှုကျူးလွန်သွားသူအား ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ