Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

Folder Lock 7.0.6



 မင်္ဂလာပါ အကို ကျနော် foder တွေကိုလော့ချတဲ ဆော့ဝဲလေးလိုချင်ပါတယ် တချက်လောက်တင်ပေးပါလား ကျေဇူးပြုီ့ပေါ့
Folder Lock ချတဲ့ ဆော့ဖ်ဝဲလေးကို တောင်းထားတဲ့သူရှိလို့ အရင်တင်ပေးလိုက်ပါတယ်..။ တခြားတောင်းထားတဲ့ ဆော့ဖ်ဝဲများကိုလည်း စမ်းသုံးကြည့်ပြီး အဆင်ပြေရင် တင်ပေးပါအုန်းမယ်..။ ဒီကောင်လေးကို ဘယ်လိုသုံးလဲဆိုတာ အောက်မှာပုံလေးတွေနဲ့ ရှင်းပြထားပါတယ်.. မသုံးတတ်တဲ့ သူများအတွက်ပါ.. သူ့အတွက် Key လေးပါ ထည့်ပေးထားပါတယ်..။ လိုအပ်တဲ့သူများတော့ အောက်ကလင့်တွေ ကနေဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 7.7 MB ရှိပါတယ်..။




ဒီကောင်လေးကို Install ဆွဲထည့်ပြီးရင်တော့ အောက်ကပုံအတိုင်း သူ့ထဲမှာပါလာတဲ့ သူ့ရဲ့ကီးလေးကို ထည့်ပေးလိုက်ရင် ဖူးသုံးလို့ ရသွားပါပြီ..


 key ထည့်ပြီးလို့ ဖူးဖြစ်သွားရင် အောက်ကပုံအတိုင်း မိမိတို့ အမြဲအသုံးပြုမယ့် Password ကို ၂ခါမှန်အောင် ထည့်ပေးလိုက်ပါ.. ဒီကောင်လေးကို ဖွင့်သုံးတိုင်း၊သုံးတိုင်း ဒီ Password ကိုထည့်ပေးရမှာပါ..။ ဒါကြောင့် ဒီ Password ကိုမှတ်မိအောင် လေ့ကျင့်ထားပါ...


အောက်ကပုံမှာတော့ မိမိတို့ Lock ချထားချင်တဲ့ ဖိုင်ကို ပုံမှာပြထားတဲ့ အတိုင်း လိုက်လုပ်ပေးလိုက်ပါ..။ အဆင့်ဆင့်သွားပြီး Ok ပေးလိုက်ရင် ဖိုဒါလေးကို လော့ချထားပြီးသား ဖြစ်သွားပါပြီ.. လော့ချထားတဲ့ ဖိုဒါလေးကိုလည်း သူ့နေရာမှာ သွားပြန်ကြည့်လိုက်ရင် ပျောက်နေမှာပါ..။ လော့ပြန်ဖွင့်လိုက်မှ ပြန်ပေါ်လာမှာ ဖြစ်ပါတယ်..။ ဒါကြောင့် Password မှတ်မိဖို့ အရေးကြီးပါတယ်..။ 



အပေါ်ပုံမှာ ဖိုဒါသုံးခုကို လော့ချပြထားပါတယ်..။ အသေးစိတ် လေ့လာအသုံးပြုချင်တဲ့ သူများအတွက် အောက်ကပုံလေးအတိုင်း User Guide ကိုဖွင့်ပြီး အသုံးချလို့ ရပါသေးတယ်..။ လေ့လာကြည့်လိုက်ပါဗျာ..။


အပေါ်ပုံမှာ ဖိုဒါသုံးခု လော့ချပြီး ဒီကောင်လေးကို ညာဘက် အပေါ်ဒေါင့်က ကြတ်ခြေခတ်နဲ့ ပိတ်လိုက်ပါတယ်..။ ပြန်ဖွင့်တဲ့ အခါမှာ အောက်ကပုံအတိုင်း Password ရိုက်ထည့်ပြီးမှ ဝင်လို့ရပါတယ်.. Password မှန်အောင်ရိုက်ထည့်ပါ..။ OK ပေးလိုက်ပါ..။


Password မှန်ရင် ဒီကောင်လေး ပွင့်လာပါလိမ့်မယ်..။ အထဲမှာ ကျနော်လော့ချထားတဲ့ ဖိုဒါသုံးခု ရှိနေပါတယ်...။ အဲဒီဖိုဒါလေးတွေ ရှိတဲ့နေရာမှာ သွားပြန်ကြည့်လိုက်ရင်တော့ ဖိုဒါတွေ ပျောက်နေတာ တွေ့ရပါလိမ့်မယ်..။ ဒီအောက်ကပုံမှာ ၂ခုယှဉ်ပြထားပါတယ်.. ကြည့်ရလွယ်အောင်လို့ပါ..။


ဖိုဒါတခုကို အရင်လော့ပြန်ဖွင့်ပြလိုက်ပါတယ်..။ သူ့နေရာလေးထဲမှာလည်း အဲဒီဖိုဒါလေး ပြန်ပေါ်လာတာကို အောက်ကပုံအတိုင်း မြင်ရပါပြီ..။ မိမိတို့ လော့ပြန်ဖွင့်ချင်တဲ့ ဖိုဒါကို အရင်တချက်ကလစ်ပြီးမှ Select ဖြစ်မှ Unlock နေရာကို ကလစ်ပါ..။ ဒါဆိုရင် လော့ချထားတဲ့ ဖိုဒါလေး ပြန်ပွင့်လာပါလိမ့်မယ်..။


တကယ်လို့ ဒီထဲမှာရောက်နေတဲ့ ဖိုဒါတွေကို ပြန်ထုတ်ပစ်ချင်တယ်ဆိုရင်တော့ အောက်ဆုံးပုံလေးအတိုင်း အဆင့်ဆင့်လုပ်ပေးလိုက်ပါ.. ဒါဆိုရင် အားလုံး OK ပါပြီ..


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ