Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

ပြည်ပကုန်သွယ်ရေး လိုငွေပြမှု မြန်မာငွေတန်ဖိုး ကျဆင်းနိုင်


မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်ရေး နှစ်စဉ်လိုငွေ ပြနေ မှုဟာ ဗဟို ဘဏ်ရဲ့ နိုင်ငံခြား အရန် ငွေကြေးကို လျော့နည်း စေတာ ကြောင့် မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်း စေနိုင်ကြောင်း စီးပွားရေး မူဝါဒရေးရာ ကျွမ်း ကျင်သူ ဒေါက်တာ အောင်ကိုကိုက ပြောပါ တယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှု ပမာဏဟာ အခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ရဲ့ ပထမလေးလပတ် ကာလအထိ အမေရိကန်ဒေါ်လာ ၇၀၈၀ သန်း ရရှိထားတဲ့အနက် ပို့ကုန်တင်ပို့မှုက ကန်ဒေါ်လာ ၃၁၆၁ သန်းနဲ့ သွင်းကုန်တင်သွင်းမှုက ကန်ဒေါ်လာ ၃၉၁၉ သန်းရှိလို့ ကုန်သွယ်မှုလိုငွေက ကန်ဒေါ်လာ ၇၅၈ သန်းရှိတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရတာပါ။

ကုန်သွယ်မှုမှာ လိုငွေတွေရှိနေတာဟာ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေကြေးကို ထိခိုက်စေလို့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့ဆက်စပ်နိုင်တယ်လို့ ယူဆနိုင်တဲ့အကြောင်း စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူဒေါက်တာအောင်ကိုကိုက ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် မြန်မာကျပ်ငွေတန်ဖိုးက တကယ်လို့ အခုလို အကျဘက်မှာပဲ ဆက်လက်ရပ်တည်ခဲ့မယ်ဆိုရင် စားသုံးသူတွေအတွက် ဈေးနှုန်းကြီးမြင့်မှုကို ခံစားရမှာဖြစ်ကြောင်း သူက ပြောပါတယ်။

အစိုးရကခွင့်ပြုထားတဲ့ နိုင်ငံခြားငွေလဲတဲ့ကောင်တာတွေမှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက စက်တင်ဘာလ ၁ ရက်နေ့မှာ ၀ယ်ဈေး ၉၇၀ ကျပ်နဲ့ ရောင်းဈေး ၉၇၄ ကျပ်သာ ရှိခဲ့ပေမယ့်  စက်တင်ဘာ ၂၃ ရက် ကတော့ ၀ယ်ဈေး ၉၉၀ ကျပ်နဲ့ ရောင်းဈေး ၉၉၆ ကျပ်ရှိပါတယ်။




No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ