Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, September 24, 2014

ခရီးသွားရုပ်ရှင်ပွဲတော် ညောင်ဦးမှာပိတ်ခံရ


ညောင်ဦး သံတဲဟိုတယ်မှာ လူငယ်တွေ အတွက် လူ့ဂုဏ်သိက္ခာ နဲ့ ရုပ်ရှင်သိပ္ပံ အဖွဲ့က စီစဉ်တဲ့ ခရီးသွား ရုပ်ရှင်ပွဲတော် ကို စက်တင်ဘာလ ၂၃ ရက်နေ့ က ပြသနေတုန်း လူတစု က ကန့်ကွက် လို့ ဆိုပြီး သက်ဆိုင်ရာ က ပိတ်ခိုင်း တဲ့ အတွက် ပိတ် လိုက်ရတဲ့ အကြောင်း လူ့ဂုဏ်သိက္ခာ နဲ့ ရုပ်ရှင်သိပ္ပံ အဖွဲ့ကအမှုဆောင် ဒါရိုက်တာ ဒေါ်မွန်မွန်မြတ် က ဘီဘီစီ ကို ပြောပါတယ်။

သံတဲ ဟိုတဲ က ပြခွင့် မပေးတော့ လို့ ဘုန်းကြီးကျောင်း ကို ရွှေ့ပြီး ပြသဖို့ စီစဉ်ရာမှာ၊ သာသနာရေး ဆိုင်ရာ အာဏာပိုင်တွေ က ပိတ်ပင် လို့ ထပ်မံ အပိတ်ခံရပြန်ပါတယ်။ အဲဒီ အတွက် ဒါရိုက်တာ ဒေါ်မွန်မွန်မြတ် က၊ ဒီ လူ့အခွင့်အရေး ပညာပေး ရုပ်ရှင် ကြည့်ရဖို့ အသင့်စောင့်ဆိုင်း ကြတဲ့ ကျောင်းသား ၂၀ဝ ကျော် အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ပြောပါတယ်။

ဒီ ပညာပေးဇာတ်လမ်း ကို ပြခွင့် မပေးဘူးလို့ ဘယ်သူကမှ တရားဝင် စာထုတ်ပြန်တာ လည်း မရှိတဲ့ အကြောင်း၊ ဒါပေမဲ့ လူပုဂ္ဂိုလ် တစုနဲ့ ရဟန်းတချို့ က ကန့်ကွက်စာ ပို့လို့၊ ခရိုင် အုပ်ချုပ်ရေးမှူး နဲ့ တွေ့ရပြီး၊ ဒီပွဲဟာ အများပြည်သူ အတွက် သင့်တော်တယ် ဆိုတာ ကို လူ့ဂုဏ်သိက္ခာ နဲ့ ရုပ်ရှင်သိပ္ပံ အဖွဲ့က အဖွဲ့ဝင် ၁၂ ယောက် လက်မှတ်ထိုး လျှောက်ထား တဲ့ အကြောင်း လည်း ရှင်းပြပါတယ်။

လူ့ဂုဏ်သိက္ခာ နဲ့ ရုပ်ရှင်သိပ္ပံ အဖွဲ့က စီစဉ်တဲ့ ခရီးသွား ရုပ်ရှင်ပွဲတော်ဟာ လူ့အခွင့် အရေး မှတ်တမ်းတို ရုပ်ရှင်တွေ ကို၊ ရန်ကုန်လူထု သာ မက၊ နယ်လူထု ပါ ကြည့်စေချင် လို့ ကျင်းပပုံ၊ လူထုကြားမှာ လူ့အခွင့်အရေး ဇာတ်လမ်း တို ကြည့်ခွင့်ရသူတွေ ဟာ၊ ဒီကိစ္စ ကို ပိုမိုဆွေးနွေးမှု ရှိလာတာ ကို တွေ့ရကြောင်း လည်း အမှုဆောင် ဒါရိုက်တာ ဒေါ်မွန်မွန်မြတ် က ဘီဘီစီ ကို ပြောပါတယ်။


လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ