
၎င်းအား ပြည်ဝင်ခွင့် ငြင်းဆိုရသည့်အကြောင်းကို လေဆိပ်ဝန်ထမ်းအရာရှိများက မဖော်ပြဘဲ တူရကီနိုင်ငံ၊ အီစတန်ဘူလေဆိပ် သို့ ပြန်မည့် လေယာဉ်ဖြင့် တင်ပေးလိုက်ကြောင်း သိရသည်။
ဘူချာဟောဇ် ယူအေအီးနိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ရရေးအတွက် ၎င်းတည်းခိုရန် စီစဉ်ထားသည့် ဟိုတယ်မှ တာဝန်ရှိသူများက ကြိုးပမ်းခဲ့သော် လည်း အောင်မြင်မှုမရရှိခဲ့ပေ။
ယူအေအီးနိုင်ငံသည် ပင်လယ်ကွေ့ရှိ ဘုရင်စနစ်နိုင်ငံများအနက် ရှေးရိုးစွဲ အဆန်ဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။
ဘူချာဟောဇ်က ၎င်း၏ Twitter တွင် “ကျွန်တော်ဘာကြောင့် ဒူဘိုင်းကို ၀င်ခွင့်မရသလဲဆိုတာ နောက် ဆုံးတော့ သိသွားပါပြီ။ လေဆိပ်က လူဝန်မှုကြီးကြပ်ရေးအရာရှိတွေကို ကျွန်တော့်ကို အောက်လမ်း ဆရာလို့ ထင်ကြတယ်လေ” ဟု ရေးသားထားသည်။



































No comments:
Post a Comment