Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

တောက်တဲ့များ၏ ခွာမရအောင်ကပ်ရခြင်း၏ လျှို့ဝှက်ချက်


တောက်တဲ့များ၏ တွယ်ကပ်စွမ်းပကား မြင့်မားရခြင်း၏ လျှို့ဝှက်ချက်

၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်

မည်သည့်မျက်နှာပြင်တွင်မဆို တောက်တဲ့များအံ့ဩဖွယ် တွယ်ကပ်နေနိုင်ခြင်းမှာ ၎င်းတို့ခြေချောင်းများပေါ်ရှိ အမွေးအမှင်များကြောင့်ဖြစ်သည်ဟု သုတေသနလေ့လာချက် အသစ်တစ်ရပ်အရသိရသည်။



အသုံးချရူပဗေဒဂျာနယ်၌ ဖော်ပြသည့် သုတေသန အစီရင်ခံချက် တွင် တောက်တဲ့ များသည် ဆဲတာဟုခေါ်သည့် ၎င်းတို့၏ ခြေချောင်း များပေါ်ရှိ သေးငယ်ပါးလွှာသည့် အမွေးအမှင်များကို အသုံးပြုပြီး မတ်စောက်သော နံရံများပေါ် တွယ်တက်လျက် ရံဖန်ရံခါ မျက်နှာကြက်ပေါ်တွင် ဇောက်ထိုးမိုးမျှော်အနေအထားဖြင့်ပင် မည်ကဲ့သို့ တွယ်ကပ်နေနိုင်သည်ဟူသော အချက်ကို ရှင်းပြထားသည်။


တောက်တဲ့များသည် ၎င်းတို့၏ အံ့ဖွယ် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ မှီတွယ်နိုင်မှုနှင့် ခြေချောင်း အမွေးအမှင် များဆန့်နိုင်မှုတို့ကြောင့် မည်သည့်မျက်နှာပြင်တွင်မဆိုတွယ်ကပ်နေနိုင်ခြင်းဖြစ်သည်ဟု သုတေသနစာတမ်း ဦးဆောင်ပြုစုသူ အမေရိကန်ပြည်ထောင်စု အိုရီဂွန်ပြည်နယ်တက္ကသိုလ် အင်ဂျင်နီယာဌာနမှ ပါမောက္ခ အလက်စ်ဂရီးနီး က ပြောကြားသည်။
ဖော်ပြပါအချက်များကြောင့် တောက်တဲ့များသည်၎င်းတို့၏ ခြေဖဝါးများကို လျင်မြန်စွာ ကပ်၊ ခွာပြုလုပ်နိုင် သဖြင့် မျက်နှာပြင်များတစ်လျှောက် တစ်စက္ကန့် လျှင်ခန္ဓာကိုယ်အရှည်၏ အဆနှစ်ဆယ်အထိ လျှပ်တစ်ပြက် ပြေးလွှား နိုင်ခြင်းဖြစ်သည်ဟုဆိုသည်။


တောက်တဲ့များ၏ ခြေချောင်းများအပေါ် သုတေသန စုံစုံလင်လင်ပြုလုပ် ထားကြောင်း၊ ရှေးဟောင်းဂရိခေတ် ကတည်းက လူများသည် တောက်တဲ့များ နံရံများပေါ်တွင်မည်ကဲ့သို့တွယ်တက်နိုင်သည်ကို အံ့ဩလာကြ ကြောင်းအလက်စ်ဂရီးနီးက ပြောကြားသည်။


တောက်တဲ့များသည် ခြေချောင်းအမွေးအမှင်များ၏မော်လီကျူးများမှလာသည့် အီလက်ထရွန်များနှင့် နံရံမော် လီကျူးများမှ လာသည့် အီလက်ထရွန်များ တစ်ခုနှင့်တစ်ခု အပြန်အလှန်ဓာတ်ပြုရာမှ ဖြစ်လာသော ရုပ်ပိုင်း ဆိုင်ရာ နှောင်ဖွဲ့မှုဖြစ်သည့် van der Waals ကို အသုံးပြုပြီး တွယ်ကပ်မှုပြုလျက် အီလက်ထရွန် မဂ္ဂနက်တစ် ဆွဲငင်အားတစ်ခု ဖန်တီးကာ မည်သည့် မျက်နှာပြင်တွင်မဆို တွယ်ကပ်နိုင်ခြင်းဖြစ်သည်ဟု အမေရိကန် စက်ရုပ်ပညာရှင် ကဲလာအော်တွမ်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ၂၀၀၀ ပြည့်နှစ်တွင် တညီ တညွတ်တည်းအတည်ပြုခဲ့ကြသည်။
ထန်ဆွင်း။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ