Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

မန်ယူနှင့်မကစားမီ လက်စတာအသင်းကို သံဃာတော်များ ဆုတောင်းပေးခဲ့ဟုဆို

အင်္ဂလန် ပရီးမီးယားလိဂ်က လက်စတာစီးတီး ဘောလုံး အသင်းဟာ မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းနဲ့ မကစားမီ သူတို့ရဲ့ ကင်းပါဝါကွင်းမှာ သံဃာတော်တပါးက ဆုတောင်း ပေးခဲ့ပါတယ်။

မန်ယူကို ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူအပြီးမှာ ဂိုးတွေသွင်းယူပေး တဲ့ ဒေးဗစ်နျူးဂျင့်နဲ့ ဂျေမီးဗာဒီ တို့ဟာလည်း ဗုဒ္ဓပုံပါတဲ့ ဆွဲကြိုးတွေကို ဆွဲထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အသင်းမန်နေဂျာကလည်း သံဃာတော်ကို အပတ်စဉ် လာဖို့ ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။ သံဃာတော်တွေကို မကြာ ခဏမြင်တွေ့ ဖို့ မျှော်လင့်တယ်လို့လည်း နျူးဂျင့်က ပြောပါတယ်။

lကလပ်အသင်းပိုင်ရှင် ထိုင်းလူမျိုးက ရာသီမစင်တင်မီ ၁ ပတ်မှာ ဆရာတော်တွေကို အာရှတိုက် ကနေ ခေါ် ယူခဲ့ပြီး လေ့ကျင်းရေးကွင်းမှာ မဏ္ဍပ်တွေ ထိုးကာ ဆုတောင်း ရွတ်ဖတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဗာတန်၊ အာဆင်နယ်နဲ့ မန်ယူတို့ကို လက်စတာအသင်းက အိမ်ကွင်းမှာ မရှုံးခဲ့သေးပါဘူး။ မေလက အသင်းသားတွေဟာ ဘန်ကောက်က ဒီသံဃာတော်တွေရဲ့ ကျောင်းကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

လက်စတာအသင်းဟာ အခုဆိုရင် အမှတ်ပေးဇယားမှာ နံပတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ