Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

သက်တမ်းကုန် အလုပ်သမားများ ခရီးသွားလာခွင့် မြန်မာသံရုံး ထုတ်ပေးမည်


ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေ မြန်မာနိုင်ငံပြန်ပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်း လုပ်နိုင်ဖို့ ခရီးသွားလာခွင့် လက်မှတ်ကို ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပေးမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ယာယီအလုပ်လုပ်ကိုင် ခွင့်နဲ့ နေထိုင်ခွင့် လက်မှတ်က လာမယ့် ၂၀၁၅ ခုနှစ် မတ်လမှာ သက်တမ်းကုန် မှာ ဖြစ်ပါတယ်။

သက်တမ်းမကုန် ခင်မှာ မြန်မာ သံရုံးက နိုင်ငံကူးလက်မှတ် (ပတ်စပို့စ်) ထုတ်ပေး မှာ ဖြစ်ပြီး နိုင်ငံ ကူးလက်မှတ်ထုတ်ယူရာမှာ မှတ်ပုံတင်နဲ့  အိမ်ထောင်စုစာရင်း အဓိက လိုအပ်ပါတယ်။

မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမရှိသူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်ပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပြန်လုပ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံအတွင်း ဖြတ်သန်းသွားလာရာမှာ အဖမ်းအဆီး မရှိအောင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ခရီးသွားလာခွင့် လက်မှတ် ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ ကိုယ်တိုင် သံရုံးကိုလာရောက် လျှောက်ထားနိုင်သလို ဒါမှမဟုတ် အောက် ဖော်ပြပါပုံအတိုင်း လျှောက်လွှာပုံစံမှာ လိုအပ်ချက်တွေဖြည့်ပြီး အီးမေးလ်က တဆင့်ပို့လို ရတယ်လို့ သိရပါတယ်။

အီးမေးလ်ရပြီးဆိုရင်တော့ မြန်မာသံရုံးက ခရီးသွားထောက်ခံစာကို စာတိုက်က တဆင့် ပြန်လည်ပေးပို့ပေးမယ်လို့ ဆိုပါတယ်။ ဖော်ပြပါ ခရီးသွားလက်မှတ်ဟာ အသွားအပြန် တကြိမ်တည်းသာ အသုံးဝင်တယ်လို့ သံရုံးက ထုတ်ပြန်တဲ့ လျှောက်လွှာမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းလောက် ရှိတယ်လို့ သိရပါတယ်။


မဟာချိုင်ဒေသ ပင်လယ်စာ လုပ်ငန်းခွင့်တွေ့ရသည့် မြန်မာအလုပ်သမားအချို့

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ