Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 11, 2014

မြန်မာ့သမိုင်းကို နောက်ခံထားရေးဆွဲသည့် မဟာမြန်မာဂိမ်း စက်တင်ဘာလတွင် ကစားနိုင်မည်


မြန်မာဘုရင်များ၏ သမိုင်းကို နောက်ခံထားပြီး ရေးဆွဲထားသည့် မဟာမြန်မာ မိုဘိုင်းဂိမ်းကို စက်တင်ဘာလတွင် နမူနာထုတ်လုပ်နိုင်ရန် ရေးဆွဲနေပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် တရားဝင်ထုတ်လုပ်သွားမည်ဟု မဟာမြန်မာဂိမ်းကို ရေးဆွဲနေသည့် Studio AMK ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးအေးမောင်မောင်ကြည်က ပြောသည်။



ဦးအေးမောင်မောင်ကြည်က "မဟာမြန်မာဂိမ်းကို စက်တင်ဘာလလောက်မှာ နမူနာ ထုတ်ပေးနိုင်အောင် လုပ်သွားပါမယ်။ ၂၀၁၅ နှစ်ဆန်းပိုင်းမှာ တရားဝင်ထုတ်လုပ်နိုင်ဖို့ လုပ်သွားပါမယ်" ဟု ဆိုသည်။

မဟာမြန်မာဂိမ်းကို Action ဂိမ်းအမျိုးအစားအဖြစ် ထုတ်လုပ်သွားမည်ဖြစ်ပြီး မိမိအဖွဲ့ကို ထိန်းချုပ်လေ့ကျင့်ပေး၍ ဗျူဟာများ ချမှတ်ကာ တိုက်ခိုက်ရမည့် ဂိမ်းအမျိုးအစားဖြစ်ပြီး မိုဘိုင်းဖုန်းများပေါ်တွင် ကစားနိုင်မည်ဟု ဦးအေးမောင်မောင်ကြည်က ဆိုသည်။

၎င်းက " ဂိမ်းအမျိုးအစားက Action ဂိမ်းပါ။ သူရဲကောင်းတစ်ယောက်ကို ထိန်းချုပ်ကစားရတာမျိုးထက် မိမိအဖွဲ့ကို ထိန်းချုပ်ကာ လေ့ကျင့်ပေးတာမျိုး၊ ဗျူဟာချရတာမျိုးတွေ ပါဝင်ပါမယ်။ ဇာတ်လမ်း (Story Mode) တွေကို လိုက်လံကစားရမှာဖြစ်သလို၊ မိမိတပ်ဖွဲ့ အင်အားကောင်းလာပြီး အဆင့်တစ်ခုရောက်လာပြီဆိုရင်တော့ Online မှာ Player vs Player တက်ဆော့လို့ရမှာပါ" ဟုဆိုသည်။

မဟာမြန်မာဂိမ်းတွင် မြန်မာရာဇ၀င်များကို ကျောရိုးထားပြီး ဇာတ်လမ်းဆင်ထားခြင်းဖြစ်ကာ ဒဏ္ဍာရီဖြစ်ရပ်များကိုပါ ထည့်သွင်းသွားမည်ဖြစ်သည်ဟု ဦးအေးမောင်မောင်ကြည်က ဆိုသည်။ ထို့အပြင် မြန်မာရာဇ၀င်များကို အခြေခံပြီး ရေးဆွဲရာတွင် သုတေသနအဖွဲ့ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာဘုရင်များ နန်းစိုက်ခဲ့သည့် ပုဂံဒေသသို့ အဖွဲ့လိုက် သုတေသန ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။

မဟာမြန်မာဂိမ်းကို စင်ကာပူနိုင်ငံမှ မြန်မာပညာရှင်များက ရေးဆွဲနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းတွင်သာ ရေးဆွဲထုတ်လုပ်သွားမည်ဟု ဦးအေးမောင်မောင်ကြည်က ပြောသည်။ ပြည်ပနိုင်ငံများသို့ ထိုးဖောက်နိုင်ရန်ထက် ပြည်တွင်းတွင် အောင်မြင်နိုင်ရန် ဦးတည်ချက်ထားပြီး အခွင့်အရေးရှိပါက နိုင်ငံတကာပြပွဲများသို့ ၀င်ရောက်ပြသသွားရန်ရှိသည်ဟုလည်း ၎င်းကဆိုသည်။

မဟာမြန်မာဂိမ်းတွင် ထည့်သွင်းသုံးစွဲရန်အတွက် အဆိုတော်ဇော်ဝင်းထွဋ် သီဆိုထားသည့် မဟာသီချင်းကို တရားဝင်မူပိုင်ခွင့် ရယူပြီးဖြစ်သည်ဟု ဦးအေးမောင်မောင်ကြည်က ဆိုသည်။

၎င်းက " ဂိမ်း Project စတော့ သူရဲကောင်းတွေပါမယ်။ နောက်ပုဂံကို အမှီပြုမယ်လို့ ဆုံးဖြတ်လိုက်တော့ ဦးညီထွဋ်၊ ဆရာမြသန်းစံတို့ရဲ့ မဟာသီချင်းနဲ့က ကွက်တိသွားကျနေပါတယ်။ သူတို့ အနုပညာကိုလေးစားတာကော နောက်ပြီးမူပိုင်ခွင့်တွေကို တန်ဖိုးထားသင့်တယ်လို့ ယူဆတာကြောင့်ပါ မဟာသီချင်းကို တရားဝင်မူပိုင် ယူဖြစ်သွားပါတယ်။ သင့်လျော်တဲ့ နေရာတွေမှာ မဟာသီချင်းကို ခမ်းခမ်းနားနား ထည့်သုံးသွားမှာပါ" ဟုပြောသည်။

                                                           
                                                                View Website

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ