
Thalía လို့ပဲ လူသိများတဲ့ မက္ကဆီကိုနိုင်ငံ မက္ကဆီကို အဆိုတော် Ariadna Thalia Sodi Miranda ဟာ ပိန်ဖို့အတွက် နံရိုး ထုတ်ခဲ့ ပါတယ်။
နံရိုး ဘယ်နှစ်ချောင်းထုတ်တယ်လို့တော့ သေသေချာချာ ပြောမထား ပေမယ့် သူမ ထုတ်ထားတဲ့ နံရိုးကို ဖန်ပုလင်းထဲ ထည့်ထားတာကို ယခုလို မြင်တွေရမှာပါ။ ဒါကို သူမရဲ့ ပရိတ်သတ်တွေ မြင်ဖို့အတွက် ဓာတ်ပုံ ရိုက်လို့ အင်တာနက်ပေါ်မှာ တင်ခဲ့ခြင်း ဖြစ်ပါတယ်။ Ariadna Thalia Sodi Miranda ဆိုတာ အသက် ၄၂ နှစ်ရှိပြီ ဖြစ်တဲ့ အဆိုတော် ဖြစ်ပြီး ကမ္ဘာကျော် အဆိုတော် တစ်ဦးပါပဲ။ ဖိလစ်ပိုင်မှာလည်း သူမကို အားပေးတဲ့ သူတွေ များကြောင်း ရေးသားထားကြ ပါတယ်။ အသက်ကြီးလာတာနဲ့အမျ ထိန်းရခက်မယ့် အဆီအတွက် သူမ စဉ်းစားတဲ့ နည်းလမ်းက ကြောက်စရာ ပါပဲ။
နံရိုးကို ခွဲလို့ ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အသက်အန္တရာယ် ရှိတဲ့ ယင်းကဲ့သို့ ခွဲစိတ်မှုမျိုးကို သူမ ဘယ်နေရာမှာ ပြုလုပ်ခဲ့တယ်ဆိုတာတော့ ပြောပြ မထား ပါဘူး။ ပိန်သွယ်လှတဲ့ ခါးနဲ့တေ့ ပွဲတကာ တက်ပြီး အလှဓာတ်ပုံများလည်း ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ဓာတ်ပုံ များကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။



































No comments:
Post a Comment