Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ဘီကီနီပုံစံ ရင်ဘတ်မွေး ပုံဖော်တဲ့ ဖက်ရှင် ယောင်္ကျားတွေကြားမှာ ခေတ်စားနေ





လန်ဒန်အခြေစိုက် ဆံသဆရာ ဒန်နီရယ် ဂျွန်ဆင်ဟာ အင်္ဂလန် လက်ရွေးစင် ကစားသမားတွေကို ဆံပင်ညှပ်ပေးလေ့ ရှိတဲ့ ကျော်ကြားတဲ့ ဆံသဆရာ တစ်ဦးဖြစ်ပါတယ်။ သူဟာ နာမည်ကြီး ဘောလုံးသမားတွေ အပြင် အဆိုတော်တွေရဲ့ ဆံပင်တွေ ကိုလည်း ပုံဖော် ပေးရလေ့ ရှိပါတယ်။ အသက်(၃၂)နှစ် အရွယ်ရှိ ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ ထူးခြားတဲ့ ဖက်ရှင် တစ်ခုကို တီထွင်မှုပြုလုပ် ခဲ့ပါတယ်။ အဲဒါကတော့ ရင်ဘတ်မွေးတွေကို အလှဖော်ပေးခြင်း ပဲဖြစ်ပါတယ်။

ရင်ဘတ်မွေး တွေဟာ ယောက်ျားတစ်ဦးရဲ့ ဆွဲဆောင်မှုကို ဖော်ပြလေ့ ရှိပါတယ်။ ဒါကြောင့်မို့ အမျိုးသားတွေဟာ ဂျွန်ဆင်ထံ လာရောက်ပြီး သူတို့ရဲ့ ရင်ဘတ်မွေးတွေကို ထူးခြားတဲ့ ပုံစံတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဒီလိုပြုလုပ်ရာမှာ ဂျွန်ဆင် အနေနဲ့ အချိန်ယူရလေ့ ရှိပါတယ်။ ရင်ဘတ်မွေးဟာ နုနယ်ပြီး သေးငယ်လွန်းတာမို့ အချိန်ယူပြီး ပုံဖော်ရတာ ဖြစ်ပါတယ်။ အမျိုးသား တွေဟာ သူတို့ရဲ့ ရင်ဘတ်မွေးတွေကို ပုံစံအမျိုးမျိုး ပြုလုပ်လေ့ရှိပေမယ့် အချို့ကတော့ ဆစ်ဒနီ ပင်လယ်ကမ်းခြေပုံစံ၊ နယူးယော့ခ်မြို့က မိုးမျှော်တိုက်တွေ ပုံစံတွေ ပြုလုပ်တာမို့ ဂျွန်ဆင်အနေနဲ့ ခက်ခဲစွာ ပုံဖော် ပေးရလေ့ ရှိပါတယ်။ အမျိုးသားတွေကြားမှာ ခေတ်စားနေတဲ့ ဒီဇိုင်းကတော့ ဘီကီနီပုံစံ ရင်ဘတ်မွေး ပဲဖြစ်ပါတယ်။ ဘီကီနီ ၀တ်ဆင်ထားတဲ့ ပုံစံမျိုးကို ပြုလုပ်ထားခြင်း ဖြစ်ပါ တယ်။ လူမှုကွန်ရက် ၀က်ဘ်ဆိုက်တစ်ခုဖြစ် တဲ့ Instagram မှာလည်း ဘီကီနီပုံစံ ပုံဖော် ထားတဲ့ ရင်ဘတ်မွေးတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ လွှင့်တင်လေ့ ရှိကြပါတယ်။ ရင်ဘတ်မွေး အလှဖော်မှုကို ပြီးခဲ့တဲ့နှစ်ကထက် ပိုမိုပြုလုပ်လာကြတယ်လို့ ဂျွန်ဆင်က ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ