Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

မိုဘိုင်းဖုန်း သုံးစွဲမှုကြောင့် အိန္ဒိယ ဆယ်ကျော်သက် မိန်းလေးတစ်ဦး မီးရှို့သတ်ဖြတ်ခံရ




အိန္ဒိယနိုင်ငံတွင် ဆယ်ကျော်သက် မိန်းကလေး တစ်ဦးမှာ မိုဘိုင်းဖုန်း သုံးစွဲမှုကြောင့် မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

အိန္ဒိယ အရှေ့ပိုင်း ယူတာပရာဒက်ရှ်တွင် စက်တင်ဘာ (၂၀)ရက် ညပိုင်းက အသက်(၁၇)နှစ်ဝန်းကျင်ရှိ မိန်းကလေးသည် အခင်းသွားရန်အတွက် အိမ်ထဲမှထွက်လာခဲ့သည်။ ယူတာပရာဒက်ရှ်ရှိ နေအိမ် အများ စုကဲ့သို့ သူမ၏ နေအိမ်တွင်လည်း အိမ်သာမရှိချေ။

မိန်းကလေးသည် ဇာတ်အနိမ့်အမြင့် ခွဲခြားသည့် အိန္ဒိယ လူ့အဖွဲ့အစည်းတွင် အနိမ့်ဆုံး အဆင့်အတန်း တစ်ခုဖြစ်သည့် ဒါလစ် အနွယ်ဝင် တစ်ဦးဟုလည်း သိရသည်။ သူမသည် ရွာအတွင်းရှိ လူ(၄)ဦးနှင့် တွေ့ ဆုံခဲ့ရာ မိုဘိုင်းဖုန်း အသုံးပြုနေခြင်းနှင့် ပတ်သက်၍ စကားများခဲ့သည်။ ရှေးရိုးစွဲ အယူသီးသူများက မိန်း ကလေးအား မိုဘိုင်းဖုန်း မသုံးရန် တားမြစ်သည်ကို သူမက တုံ့ပြန် ပြောဆိုရာမှ ယခုကဲ့သို့ ရက်ရက် စက် စက် ပြုမူခံရခြင်း ဖြစ်သည်။

မိန်းကလေး၏ ဖခင်က သူမ၏ သမီးကို မူကက်ရှ်အမည်ရှိ လူတစ်ဦးနှင့် အခြားသော အပေါင်းအဖော် သုံးဦးက အရှင်လတ်လတ် မီးရှိုခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။ မိန်းကလေးကို ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း စက်တင်ဘာ (၂၁)ရက်တွင် သေဆုံးသွားကြောင်း ရဲများက အတည်ပြုခဲ့သည်။

စက်တင်ဘာ (၂၃)ရက်တွင် ရဲတပ်ဖွဲ့က အဆိုပါ ဖြစ်ရပ်တွင် ပါဝင်ပတ်သက်သော အမျိုးသား (၄)ဦးကို အမှုဖွင့်ပြီး ဝရမ်းထုတ်ထားကြောင်း ကြေညာသည်။ အဓိက ခေါင်းဆောင်ဖြစ်သည့် မူကက်ရှ်မှာမူ ရွာထဲ တွင် မရှိတော့ဘဲ တိမ်းရှောင်နေကြောင်း ဒေသခံ ရဲအရာရှိတစ်ဦးဖြစ်သည့် အေခီလက်ရှ် ချော်ရာဆီရာက ပြောကြားခဲ့သည်။

အဆိုပါ မှုခင်းသည် ယူတာပရာဒက်ရှ်၏ မြို့တော် လက်ခ်နောင်းမှ မိုင်(၁၀၀)မျှ ကွာဝေးသည့် အော်ရိုင်ယာ ရွာငယ်လေးတွင် ဖြစ်ပွားခဲ့ခြင်းဟု သိရှိရသည်။ ရဲများက မိန်းကလေးကို အရှင်လတ်လတ် မီးရှို့ခဲ့သည့် သံသယ တရားခံ (၄)ဦးစလုံးသည်လည်း ဒါလစ်အနွယ်ဝင်များ ဖြစ်ကြကြောင်း ဆိုသည်။

ခေတ်နောက်ကျနေသည့် အိန္ဒိယ လူ့အဖွဲ့အစည်း အစိတ်အပိုင်း အချို့တွင် ခေတ်ပေါ်ပစ္စည်းများအ သုံးပြုမှုနှင့် အိမ်ထောင်မကျသေးသည့် မိန်းကလေးများက မလုံမခြုံ ဝတ်ဆင်မှုများကို ပြင်းထန်သည့် လူမှုရေး ပြစ်မှုများသဖွယ် ရှုမြင်နေဆဲ ဖြစ်သည်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီသည် နိုင်ငံအတွင်း ဒေသအများစုတွင် အိမ်သာအသုံးပြုသည့် အလေ့ အကျင့် ရရှိလာအောင် များစွာ ကြိုးစားရဦးမည်ဟု ဝန်ခံထားသော်လည်း လာမည့်(၄)နှစ်အတွင်း နေအိမ် တိုင်း အိမ်သာဆောက်လုပ် အသုံးပြုဖြစ်အောင် ဆွဲဆောင် ကြိုးစားသွားမည်ဟု ကတိပြုထားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ