ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

IS အဖွဲ့ကို တိုက်ခိုက်ရန် အရှေ့အလယ်ပိုင်း ဒေသသို့ ဩစတြေးလျ F-18 တိုက်လေယာဉ်များ ရောက်ရှိ



ဩစတြေးလျ လေတပ်မှ F-18 Super Hornet တိုက်လေယာဉ်တစ်စီး
အရှေ့အလယ်ပိုင်း ဒေသတွင် အမေရိကန်နှင့်အတူ ပူးပေါင်းပြီး အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့များကို တိုက်ခိုက်ရန်အတွက် ဩစတြေးလျက တိုက်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း သတင်းရရှိ သည်။

ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ဒေးဗစ်ဂျွန်စတုန်းက မိမိတို့၏ တိုက်လေယာဉ်များသည် အီရတ် မြောက်ပိုင်းရှိ IS ပစ်မှတ်များကို အဓိက တိုက်ခိုက်သွားမည်ဟု ဆိုသည်။ IS တို့သည် ဆီးရီးယားနှင့် အီရတ်တို့တွင် ဖြန့်ကျက် အခြေစိုက်ထားပြီး အမေရိကန်က ကနဦးတွင် အီရတ်မြောက်ပိုင်းရှိ IS ပစ် မှတ်များကိုသာ ဗုံးကြဲခဲ့သည်။ သို့သော်လည်း ယခုရက်ပိုင်းအတွင်း ဆီးရီးယား တွင်ပါ အမေရိကန်နှင့် အာရပ်မဟာမိတ် နိုင်ငံများက IS တို့ကို လေကြောင်းမှ ထိုးစစ်ဆင်နေပြီ ဖြစ်သည်။

ဂျွန်စတုန်းက “ကျွန်တော်တို့အနေနဲ့ စစ်ဘက်အခြေခံ လိုအပ်ချက် အတိုင်းအတာ တစ်ရပ်ထိ ထောက်ပံ့ ကူညီသွားပါမယ်။ ဩစတြေးလျရဲ့ F-18 Super Hornet တိုက်လေယာဉ် (၈)စီးဟာ အမေရိကန် ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာ ပူးပေါင်းသွားမှာပါ”ဟု ဘဂ္ဂဒက်တွင် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ် အဘာဒီနှင့် တွေ့ဆုံပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်။

ဂျွန်စတုန်းသည် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေပြီး လေကြောင်းတိုက်ခိုက်မှု ကဏ္ဍနှင့် စပ်လျဉ်းသည့် ကိစ္စများကို ဆွေးနွေးနေသည်။ ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က စက်တင်ဘာ (၁၄)ရက် က တည်းက မိမိတို့၏ တိုက်လေယာဉ်များကို UAE နိုင်ငံတွင် အခြေစိုက်ရန် စေလွှတ်ထားပြီး ထိုမှတစ်ဆင့် အမေရိကန်၏ စစ်ဆင်ရေးတွင် ပူးပေါင်းသွားမည်ဟု ကြေညာထားခဲ့သည်။

စက်တင်ဘာ (၂၂)ရက်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ဂျွန်စတုန်းက “အခုလောလော ဆယ်တော့ တိုက်လေယာဉ်တွေကို အရှေ့အလယ်ပိုင်းမှာ နေရာချတဲ့ လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နေပါတယ်။ စစ်ဆင်ရေး ကဏ္ဍမှာ တိုက်လေယာဉ်တွင် ပါဝင်ဆင်နွှဲဖို့ကတော့ နည်းနည်း အချိန်ယူ ပြင်ဆင်ရဦးမှာပါ။ အခုလောလောဆယ်တော့ စစ်ဆင်ရေး စတင်ဖို့ အလှမ်းကွာနေတုန်းပဲ။ စစ်ဆင်ရေးနဲ့ ကိုက်ညီမယ့် နည်းဗျူဟာပိုင်း ဖြေရှင်းချက် တချို့ကို ကျွန်တော်တို့ လုပ်ဆောင်ရပါဦးမယ်”ဟုလည်း ပြောကြားသွားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ