သြဂုတ်လ ၂၆ရက်နေ့က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဦးစံလင်းက ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာတွေ့ထားပြီး အကြီးဆုံးရွှေရောင်နဂါးမင်းက ဆီမီးပူဇော်နေတာကြောင့် ထုတ်ပြန်ဖို့ ကြန့်ကြာနေကြောင်း ထည့်သွင်းရေးထားတာဟာ ဦးစံလင်းတစ်ဦးတည်းရဲ့ သဘောနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီး လိမ်လည်မှု သက်သက်သာဖြစ်တယ်လို့ ဦးဝင်းမြင့်က ယင်းသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
သြဂုတ်လ ၂၅ရက်နေ့ ည ၂ချက်ထိုးလောက်မှာ ဦးစံလင်းက ၎င်းကို နိုးခဲ့ပြီး မြစ်သုံးခုဆုံတဲ့နေရာမှာ ခေါင်းလောင်းကို ရွှေရောင်နဂါးမင်းဆီမီးပူဇော်နေတာ မြင်လားလို့ မေးခဲ့ပြီး ၎င်းကမမြင်ကြောင်းပြောရာမှာ ဦးဝင်းမြင့် သီလသမာဓိနည်းနေတယ်၊ ပဌာန်းဆက်မရှိဘူးလို့ ပြန်ပြောခဲ့တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် အလှူငွေပေးအပ်ပွဲကို ပဲခူးမြို့ ရွှေမော်ဓောဘုရားပေါ်တွင် ကျင်းပခဲ့ရာ အလှူငွေကိုယ်စားလာရောက်လှူဒါန်းသူ အမျိုးသမီးတစ်ဦးကို နဂါးဝင်ပူးကပ်ခြင်းရှိခဲ့ပြီး လှည်းကူးမြို့တွင်လည်း အမျိုးသမီကြီးတစ်ဦးအား နဂါးဝင်ပူးခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။




































No comments:
Post a Comment