Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

ဆန်​အရည်အသွေး စစ်ဆေး​ရေး​စာ​ချူပ် ချူပ်

တရုတ်နိုင်ငံ ကို ဆန် တရားဝင် တင်ပို့နိုင်ဖို့ အတွက် အခြေခံ အဆင့်ဖြစ် တဲ့ အရည်အသွေး စစ်ဆေးရေး သဘောတူ စာချူပ် ကို မြန်မာ နဲ့ တရုတ် ၂ နိုင်ငံကြား အစိုးရပိုင်း က တာဝန်ရှိသူ တွေ နေပြည်တော် မှာ လက်မှတ် ရေးထိုး လိုက်ပါတယ်။

ဒီ စာချူပ် ကို မြန်မာ အစိုးရဘက် က လယ်ယာ နဲ့ ဆည်မြောင်း ဝန်ကြီးဌာန အနေနဲ့ ချူပ်ဆိုတာ ဖြစ်ပြီး၊ တရားဝင် တင်ပို့နိုင် တဲ့ အရောင်းအဝယ် သဘောတူမှု စာချူပ်ကို တော့ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က တာဝန်ခံ ချူပ်ဆို ရဦးမှာ ဖြစ်ပါတယ်။

အရောင်းအဝယ် စာချူပ် ချူပ်ဆို နိုင်မယ့် အချိန်ကာလ ကို အတိတကျ ပြောနိုင် ဖို့ ခက်ပေမယ့်၊ အခုလို အရည်အသွေး စစ်ဆေးရေး သဘောတူမှု ရလာ ခဲ့တဲ့နောက် တရားဝင် ဆန်ပို့ဖို့ သဘောတူမှု ကို တရုတ်နိုင်ငံ နဲ့ အကြား ရလာဖို့ သိပ်ခက်တော့ မှာ မဟုတ်တော့ဘူး ဆိုပြီးတော့ မြန်မာ လယ်သမား အသင်း ရဲ့ ဥက္ကဌ ဒေါက်တာစိုးထွန်း က ပြောပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ဆန်တင်ပို့ ဖို့ တရုတ်နိုင်ငံ နဲ့ အကြား တရားဝင် သဘောတူမှု မရှိပေမယ့်၊ နှစ်စဉ် ဆန်တန်ချိန် အများဆုံးကို တရုတ်နိုင်ငံကိုသာ တင်ပို့ခဲ့ရတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်က တန်ချိန် ၆ သိန်းကျော် ပို့ခဲ့ပါတယ်။

တရုတ် နိုင်ငံကလည်း မြန်မာနိုင်ငံ ဘက်က တရားမဝင် ဝင်ရောက်လာ တဲ့ ဆန်တွေကို အခါ အားလျော်စွာ ဖမ်းဆီး ပိတ်ဆို့တာမျိုး လုပ်လေ့ရှိတာ မှာ၊ လောလောဆယ် တရုတ်ပြည်တွင်း စပါးပေါ်ချိန် မှာ မြန်မာ ဆန်တွေကို အဝင်မခံ ဖြစ်နေပါ တယ်။

အခုနှစ်မှာ တော့ အိန္ဒိယ နိုင်ငံ ကလည်း မြန်မာဆန် တန်ချိန် ၂ သိန်း ဝယ်ယူမယ် ဆိုပြီး ဈေးကွက် ပွင့်လာသလို၊ ဥရောပကို လည်း တစ်လ တန်ချိန် ၂ သောင်းလောက် ထိ တိုးမြှင့် ပို့လာရတယ် ဆိုပြီး ဒေါက်တာစိုးထွန်း က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ့ဆန်

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ