ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 25, 2014

ယခင်အစိုးရက လယ်သမားများဒုက္ခရောက်အောင် မလုပ်ခဲ့ဟု သူရဦးရွှေမန်းပြော

အရင် အစိုးရအနေနဲ့ တောင်သူ လယ်သမားတွေကို ဒုက္ခရောက်အောင် မလုပ်တာကို ရဲရဲကြီး တာဝန်ခံရဲတယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှုမရှိစေရေး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဖြေရှင်း ဆောင်ရွက်မှု အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးစဉ်မှာ ပြောလိုက်တာပါ။

“နိုင်ငံသားတွေက၊ လယ်သမားတွေ က မြေလွတ်မြေရိုင်းတွေကို မလုပ်နိုင်ဘူးဆိုရင် မင်းတို့တွေ ၀င်လုပ်ပေး။ တချိန်ချိန်ကျလို့ လုပ်နိုင်တဲ့သူတွေရှိရင် လွှဲပေးလိုက်ပါ ဆိုတာက တပ်ရဲ့ မူဝါဒ” လို့ ဦးရွှေမန်းက ပြောပါတယ်။

လူပုဂ္ဂိုလ်တချို့ရဲ့ အားနည်းချက်ကြောင့် မတော်မတရားမှုတွေ ဖြစ်ခဲ့တာလို့ သူက ဆက်ပြော ပါတယ်။

တပ်၊ ဌာန၊ ကုမ္ပဏီတွေအနေနဲ့ ကိုယ်တိုင်မြေသိမ်းတာမဟုတ်ပဲ လိုအပ်တဲ့မြေကို မြေသိမ်းရေး အဖွဲ့က သိမ်းဆည်းပေးခဲ့တာဖြစ်ပြီး မြေပြင်မြေပုံနဲ့ ကွဲလွဲနေတာတွေရှိတဲ့အတွက် အခုလို မြေယာသိမ်းဆည်းတဲ့ပြဿနာတွေ ဖြေရှင်းရခက်နေတာလို့လည်း ဦးရွှေမန်းက ပြောပါတယ်။

စစ်တပ်နဲ့ ကုမ္ပဏီတွေက နိုင်ငံတ၀န်းမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၄ သိန်း ၇ သောင်းကျော်ထဲက ၁ သိန်းကျော်ကိုသာ စွန့်လွှတ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်က တရားဝင် ပြောဆိုထားပါတယ်။


No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ