Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, September 11, 2014

ခါင်းလောင်းတွေ့ခြင်း မတွေ့ခြင်းထက် တူးဖော်မှုအခြေအနေမှန်သတင်းထုတ်ပြန်ပေးရန် အချိန်ကျရောက်ပြီဟု ပြည်သူများထောက်ပြ


ဓမ္မစေတီခေါင်းလောင်းရှာဖွေ တွေ့ရှိခြင်း၊ မရှိခြင်းထက် ခေါင်းလောင်း တူးဖော်မှုအခြေအနေများကို အမှန် အတိုင်းသတင်းထုတ်ပြန်ပေးရန် အချိန်ကျ ရောက်ပြီဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး လုပ်ငန်းကို စိတ်ဝင်စားသည့်ပြည်သူများကထောက်ပြပြောဆိုသည်။

‘ခေါင်းလောင်းရှာဖွေတွေ့ရှိမှုအခြေအနေတွေကို သတင်းစာရှင်းလင်းပွဲမှာပြောတဲ့ပုံစံနဲ့ အခုလုပ်နေတဲ့ပုံ စံတွေက တခြားစီဖြစ်နေတယ်။ သတင်းကလည်း ဘယ်သူမှတိတိကျကျမသိတော့ ကောလာဟလတွေက ပိုပြီးထွက်လေဖြစ်နေတယ်’ ဟု ခေါင်းလောင်းရှာဖွေတူးဖော်ရာ လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုသူ တာမွေမြို့နယ်နေကိုစိုးရီက ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်းကြီးအား ရှာတွေ့ပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်တွင်ဦးစံလင်းက ကြေညာထား ပြီး လက်ရှိတွင် ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းလုပ်ဆောင်နေ၍သတင်းထုတ်ပြန်ခြင်းမပြုနိုင်သေးကြောင်း ကြေညာထားသော်လည်းဆယ်ယူရေးအဖွဲ့တွင် ပါဝင်သူအမည်မဖော်လိုသူအချို့ကမူ ခေါင်းလောင်းကြီးအား
ယခုအချိန်အထိ မတွေ့ရှိသေးဘဲ ရှာဖွေနေဆဲဖြစ်ကြောင်းစက်တင်ဘာ ၈ ရက်ကစံတော်ချိန်သို့ပြောကြား ထားသည်။

‘အမှန်အတိုင်းသတင်းထုတ်ပြန်ပေးဖို့တော့လိုတယ်။ အစိုးရအဖွဲ့က ခွင့်ပြုတဲ့ပုံလည်းမှားတယ်ဘယ်နေ့ဘယ် အချိန်မှာ အခြေအနေဘယ်လိုရှိကြောင်းထတ်ုပြန်ပေးရမယ်ဆိုတာလည်း ပြောထားရမယ်’ဟု ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းများတွင် သမိုင်းမှတ်တမ်းရေးခဲ့သူ စာရေးဆရာ ဒေါက်တာချစ်စံဝင်းက
ပြောဆိုသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းကိုယုံကြည်၍ခေါင်းလောင်းဆယ်ယူမှုလုပ် ငန်းအခြေအနေများကို သတင်းထုတ်ပြန်ပေးနေခြင်း ဖြစ်ကြောင်းအထောက်အကူပြု အဖွဲ့မှ ဦးကြည်ဝင်းက
စံတော်ချိန်သို့ စက်တင်ဘာ ၉ ရက်၌ပြောဆိုသည်။

‘ဦးစံလင်းက သူ့ကိုယ်ကျိုးမပါဘဲခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကိုလုပ်နေတာ။ သူ့ရဲ့သီလ၊ သမာဓိကို ယုံကြည်လို့ ကျွန်တော်တို့က သူပြောတဲ့အရာတွေကို ပြည်သူတွေသိအောင်သတင်းထုတ်ပြန်ပေးတော။ အခုလည်းခေါင်းလောင်းလို့ ယူဆရတဲ့အရာကိုကြိုးချည်ဖို့ကြိုးစားနေတယ်လို့သိရတယ်’ဟု ဦးကြည်ဝင်း က ပြောဆိုသည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းရှာဖွေမှုအခြေအနေကို သတင်းသေချာမထုတ်ပြန်ြခင်း နှင့်ပတ်သက်၍ သုတေသီဆရာဘုန်းတင့်ကျော်က ‘သတင်းထုတ်ပြန်တာ အားရစရာမရှိဘူး။သောင်တူးစက်တစ်ခုတည်းနဲ့ ရှာနေတာလည်းလုံးဝဘ၀င်ကျစရာမရှိဘူး။ သိပ္ပံနည်းမကျတဲ့ပညာဗဟုသုတ မရှိတဲ့သူ၊နတ်နဂါးတွေရဲ့ အကြံ ဥာဏ်နဲ့ ရှာဖွေနေတာကို သမိုင်းပညာရှင်လောကမှာရော၊သိပ္ပံလောကမှာရော အားလုံးက ပြုံး စိစိတွေ ဖြစ်ကုန်ကြတာပေါ့’ဟု ပြောဆိုသည်။

‘ဦးစံလင်းကို ဘယ်သူကမှ မခိုင်းထားဘူး။ သူ့ပိုက်ဆံနဲ့သူ ရိုးရိုးသားသားလုပ်ဆောင်နေတာ။ ကျွန်တော်တို့ ကလည်း သူ့ကိုယုံကြည်လို့ သတင်းထုတ်ပြန်ပေး နေတာ’ဟု ခေါင်းလောင်းဆယ်ယူရေးအထောကအ် ကြူပုအဖွဲ့မှ ဦးသန်းစိန် ကပြောဆိုသည်။

ခေါင်းလောင်းဆယ်ယူရေးတွင်ပါဝင်သူအချို့ကမူ ရေငုပ်သမားလေးဦးခန့်နှင့် ရှာဖွေရေးလုပ်ငန်းကို ဆက် လက် လုပ်ဆောင်နေသည်ဟု ပြောကြားထားသော်လည်း အထောက်အကူပြုအဖွဲ့ကမူယင်းသတင်းမှာမ ဟုတ်မှန်ကြောင်း၊ ခေါင်းလောင်းကြိုးချည်ခြင်းလုပ်ငန်းများကို ရေငုပ်သမား ၁၀ ဦး ကျော်ဖြင့်ဆက်လက် လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ထားသည်။

‘ခေါင်းလောင်းဆယ်ယူရာမှာအပြိုင်အဆိုင် အနှောင့်အယှက်တွေရှိနေတယ်။ အခုက အရေးကြီး တဲ့အချိန်
ရောက်နေလို့ သတင်းမထုတ်ပြန်သေးတာပါ။ကုန်းပေါ်ရောက်ရင် သေချာသတင်းထုတ်ပြန်ပေးမယ်လို့ ဦးစံလင်းက ပြောကြားထားပါတယ်’ဟု ဦးကြည်ဝင်းက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေတူးဖော်မှုကို သြဂုတ် ၈ ရက်က စတင်ခဲ့ပြီးသြဂုတ် ၁၅ ရက်တွင် ရေငုပ်သမား များကရှာတွေ့ခဲ့ကြောင်း နတ်စင်တစ်ရာဆရာတော်က မိန့်ကြားခဲ့သည်။ယင်းနောက်ခေါင်းလောင်းရှာဖွေ
 ရေးအဖွဲ့ခေါင်းဆောင်ဦးစံလင်းက ခေါင်းလောင်းရှာတွေ့နေပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်၌တရားဝင်သ တင်းထုတ်ပြန်ခဲ့သည်။

ခေါင်းလောင်းတူးဖော်ရာတွင် မြစ်ရေအခြေအနေ၊ ရာသီဥတုအခြေအနေများကြောင့် ခေါင်းလောင်းဆယ် ယူရေးလုပ်ငန်းလုပ်ဆောင်ရန် နောက်ထပ် ၁၇ရက်ထပ်တိုးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၅ ရက်က ကြေညာခဲ့သည်။ ယင်းနောက် ခေါင်းလောင်းဆယ်ယူရာတွင် အရေးကြီးသောအချိန်ရောက်နေ
၍ ဆယ်ယူမှုလုပ်ငန်းများကို သတင်းထုတ်ပြန်ပေးမည်မဟုတ်ကြောင်း၊ ပြည်သူများက စိတ်ရှည် သည်းခံပြီး စောင့်ဆိုင်းပေးရန်နှင့် ခေါင်းလောင်းကြီးကုန်းပေါ်ရောက်မှ သတင်းထုတ်ပြန်ပေးမည်ဟုလည်း ဦးစံလင်းက ကြေညာထားသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ