Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

အလှူအတန်း ရက်ရောတဲ့ ဟယ်ရီပေါ်တာ စာရေးဆရာမ




ဟယ်ရီပေါ်တာ ဝတ္တု အဆက်များစွာ ရေးသားခဲ့သူ အသက် ၄၈ နှစ် အရွယ် J. K. Rowling ဟာ ဗြိတိန်မှာ အချမ်းသာဆုံး အဆင့် ၃၀ မှာတောင် ပါဝင်ခဲ့ပါတယ်။ ကမ္ဘာ့ အချမ်းသာဆုံး ဘီလျံနာ တစ်ထောင်ကျော် စာရင်းထဲမှာလည်း ပါဝင်ခဲ့ ပါတယ်။

စာရေး၊ စာအုပ် ထုတ်ဝေပြီး ချမ်းသာတဲ့ ကမ္ဘာ့ ပထမဆုံး ဘီလျံနာ လို့လည်း စံချိန်တင် ပါတယ်။ သူမရဲ့ ဟယ်ရီပေါ်တာ စာအုပ်ကလည်း ကမ္ဘာ့ ပထမဆုံး နဲ့ အအောင်မြင်ဆုံး ရုပ်ရှင် အဆက်ဆက် ရိုက်ရတဲ့ ဝတ္တု အဖြစ်လည်း စံချိန်တင် ပါတယ်။ ဗြိတိန် အစိုးရ နဲ့ ဗြိတိန် ရှိ တက္ကသိုလ် များစွာက ပေးအပ်တဲ့ ဆုတံဆိပ် ပေါင်း ၂၀ ကျော်ကိုလည်း ရရှိခဲ့ပြီး သူမဟာ Time က ပေးအပ်တဲ့ Person of the Year အသိအမှတ်ပြုမှုကိုလည်း ခံယူခဲ့ဖူး ပါတယ်။ ထုတ်လိုက်တဲ့ စာအုပ်တိုင်း ကန်ဒေါ်လာ သန်းချီ တန်ဖိုး အရောင်းထွက်ပြီး အောင်မြင် ပါတယ်။

ငါးနှစ်ဆက်တိုက် ဘီလျံနာ နေရာကို ယူခဲ့ပေမယ့် ၂၀၁၂ ခုနှစ် နှစ်ဆန်း အရောက်မှ မပါဝင်တော့ ပါဘူး။ အကြောင်းကတော့ သူမရဲ့ စည်းစိမ် အများစုကို အလှူအတန်းမှာ အသုံးပြုခဲ့လို့ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ကျော်ကို တစ်ပြိုင်နက်တည်း လှူပြီး သူမ ဆက်တိုက် ပြုလုပ်တဲ့ ဆင်းရဲသား နဲ့ ရောဂါကုသ ရှာဖွေးရေး လုပ်ငန်းတို့မှ ဆက်တိုက် လှူဒါန်းမှုကြောင့် ချမ်းသာမှုဟာ ဘီလျံနာ အဆင့်ထဲ မပါဝင်တော့ ပါဘူး။

သို့ပေမယ့် ဆက်တိုက် ဝင်နေသေးတဲ့ ငွေကြေးများက သူမကို မီလျံနာ ဖြစ်နေစေ သေးပြီး ယနေ့တိုင်း ကမ္ဘာက လေးစား ရတဲ့ စာရေး ဆရာမ တစ်ဦး ဖြစ်ပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ