ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ဇာဂနာ ဘာမှမသိရပါဖူး


ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေလိုပေါ့ခင်ဗျာ။
ပထမရာသီဝက် ပြီးဆုံးသွားတဲ့အခါဒုတိယ ရာသီဝက် ဆက်လာတာကတော့ ဇာဂနာ့ ဆောင်းပါးတွဲများပါပဲ။
စောစောတုန်းကတော့ ကိုယ့်ကိုယ်ကို အထင်တွေ ကြီးပြီး သိသားပဲ သိသားပဲ နဲ့ လုပ်ခဲ့တာ ခုတော့မှဘာမှ မသိမှန်း အဖြေပေါ်ပြီပေါ့ခင်ဗျာ။

တကယ်ကတော့ ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။
ဇာဂနာ ဟာ တုံးပါတယ်။ အ လဲ အ ပါတယ်။ နုံလဲ နုံပါတယ်။
ပါးစပ်ထဲ လက်ညှိုးလာထည့်တာတောင် နို့ သီးခေါင်းမှတ်ပြီး စုပ်နေတတ်တာပါခင်ဗျာ။

တစ်ညက သန်းခေါင်လောက်ကြီးမှာ သူငယ်ချင်းတွေ အိမ်ရောက်ချလာပြီး ဘုန်းကြီးကျောင်းရဲ ၀ိုင်းတယ် လို့ လာပြောတယ် ခင်ဗျာ။
ပြီးတော့ ဘာလုပ်မယ် ညာလုပ်မယ်ပေါ့လေ။
ကြေညာချက် ရေးမယ်၊မိုးလင်းတာ နဲ့ အားလုံးပျံ့ စေရမယ်၊ဆန္ဒပြမယ် ဆိုတာလဲ ပါတယ်။
ဇာဂနာ တော့ အကြောင်သား နဲ့ နားထောင်နေရတာပါ။

ဟုတ်သလေ၊သူတို့ပြောတာ ဘုန်းကြီးကျောင်း။
ဇာဂနာ သိတာကတော့ မင်္ဂလာဆောင်တို့ မွေးနေ့ တို့ လုပ်တဲ့နေရာပဲ။
ရုပ်ရှင်ပွဲတော် လဲ လုပ်တယ် ခမျ၊ ရုပ်ရှင်တွေ ဗီဒီယို တွေလဲ ရိုက်တယ်။
ဇာ၈နာ့ သူငယ်ချင်းကြီးဇော်သက်ထွေးတို့ မင်္ဂလာ ဆောင်တာ လဲ အဲသည်မှာ။
ဝသန် ရုပ်ရှင်ပွဲတော် လုပ်တာလဲ အဲသည်မှာ။

ဇာဂနာ့  ညီလေး သန့် ဇင်အောင် ထောင်အကြောင်းရုပ်ရှင်ရိုက်တော့လဲ အဲသည်မှာ ဆက်တင် ကြီးတွေတောင် ဆောက်လို့ ရယ်။ကဲ ဘုန်းကြီးကျောင်းဆို ဒါမျိုးလုပ်လို့ ရပါ့မလား။

နစ္စ ဂိတ ၀ါဒိတ လေ။
ဒါပေမဲ့ သူငယ်ချင်းတွေကတော့ ဒါဟာ ၂၀၀၁ ခုနှစ်ကထဲက ဘုန်းကြီးကျောင်းဆိုတော့ မခက်လား။
ဒါကြောင့်ပြောတာပေါ့၊ဇာ၈နာ ဘာမှ မသိရပါဖူး လို့ ။
ဘုန်းကြီးကျောင်း ကို မင်္ဂလာခန်းမ ထင်မိတာ တော် တော် အ တာပဲနော် ဗျာ။

တစ်ခါ ဇာ၈နာ့  သူငယ်ချင်း မင်းထင်ကိုကိုကြီးက လူ့ အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ဆိုတာကြီးလုပ်သဗျ။အဲသည်မှာ open sky ဆိုတဲ့ ရုပ်ရှင် ကိုပြဖို့  လုပ်ထားတာတဲ့။
မြန်မာလူငယ်လေးတွေ ဖန်တည်းထားတဲ့ လက်ရာကောင်းလက်ရာသန့် လေးပါ။
ဘာသာတရား ကိုးကွယ်မှု မတူတဲ့မိသားစုနှစ်ခုကြားက သံယောဇဉ် ကိုဖော်ကျူးတာပါတဲ့။
ဇာဂနာက ရုပ်ရှင်တွေ လူ့ အခွင့်အရေးတွေ ဘာမှ မသိပါဖူးခင်ဗျာ။
ပြရင်လဲ ကြည့်မှာပေါ့။

ရုပ်မြင်သံကြားမှာလဲ ဟင်ဒီရုပ်ရှင်၊အစ္စလာမ်ရုပ်ရှင်၊ခရစ်ယန်ရုပ်ရှင်တွေလာနေတာပဲဟာ။
ဘာဆန်းလို့ လဲဗျာနော့။ဒီဇာတ်ကားပြရုံနဲ့ တော့တိုင်းပြည်ကြီးမပျက်လောက်ပါဖူး။
ဒီအတိုင်းလဲ သူ့ ဖာသာသူပျက်နေတာပဲဟာဗျာ။
ဒါကိုပြရင် အမျိုးဘာသာ သာသနာ သစ္စာဖောက် ဖြစ်သွားမယ် တဲ့။
ကြောက်စရာကြီးဗျနော်။

ဘုန်းကြီးတွေ က ရုပ်ရှင် ကို မပြရသေးခင် ကြိုသိနေတာလဲ အံ့စရာပဲ။
တန်ခိုးရှင်တွေ ဆိုတော့ အာရုံပြုလိုက်တာ နဲ့အားလုံးကိုထွင်းဖောက်မြင်တာနေမှာပေါ့နော်။
သေသေချာချာတော့မသိပါဖူး။
ရုပ်ရှင်ပြလိုက်ရုံနဲ့ တိုင်းပြည်ကြီးမီးဟုန်းဟုန်းတောက်သွားမယ် ဆိုတာ အစကမသိခဲ့တာ ဇာဂနာ တော်တော် အ တာပဲ နော်။
ဒီလိုမှန်း သိရင် တစ်နှစ်ကိုဆယ့်နှစ်ကားလောက် ရိုက်ထားပါတယ်ဗျာ။

ဟော၊ပြောရင်းဆိုရင်း သာသနာရေးဝန်ကြီး ခမျာ တာဝန် ကနေ ရပ်စဲခံလိုက်ရပါရော။
တစ်ချို့ ကလဲ သမ္မတ ကိုကျော်လို့ တဲ့။တစ်ချို့ကလဲ လာဘ်စားလို့ တဲ့။
တစ်ချို့ကလဲဘုန်းကြီးတွေကို ၇န်တိုက်ပေးလို့ တဲ့။

ဒါကိုဇာဂနာ ကို လာမေးတယ်ဗျာ။ကိုဇာ၈နာ ကြီး ခင်ဗျာ။
သာသနာ ရေးဝန်ကြီး ကို ရာထူးကနေ ထုတ်ပစ်လိုက်တာ ဘယ်လို မြင်ပါသလဲတဲ့။
ဇာ၈နာ ဘာမှ မသိရပါဖူးဗျာ။

ဇာဂနာ က သတင်းစာ လဲနေ့ တိုင်းမဖတ်ဖူးခမျ။
သတင်းစာကလဲ ကြော်ငြာတွေချည်းပဲ ပါတာဆိုတော့ မဖတ်ဖြစ်ဖူးလေ။
တီဗီ လဲ မၾကည့္ဖူးခင္မ်။
ကြည့်ရအောင် မီးကလဲ မလာဖူးလေ။
သာသနာရေးဆိုတာ နာမည် ကြားရုံနဲ့ ဇာ၈နာ က လန့်နေတာ။

၂၀၀၇တုန်း က ဇာဂနာ့ ကို ဘုန်းကြီးဆွမ်းကပ်လို့ ဆိုပြီးဖမ်းတယ်ဗျ။
ပြီးတော့ သာသနာ ညှိုးနွမ်းအောင်လုပ်ပါတယ် ဆိုပြီး ထောင် ၂ နှစ်ချထားတာလေ။
ဗုဒ္ဓဘာသာ နိုင်ငံတော် ကြီးမှာ ဘုန်းကြီးဆွမ်း ကပ်တာကို သာသနာ ညှိုးနွမ်းအောင်လုပ်တယ် ဆိုတော့ ဇာဂနာ ဘယ်လိုမှ နားမလည် နိုင်တော့ပါဖူး။
ဒါကြောင့် သာသနာရေးကိစ္စတော့ ဇာ၈နာ ဘာမှ မသိရပါဖူးဗျာ။
ဇာ၈နာ က အူကြောင်ကြောင်ရယ်ပါဗျာ။

တစ်နေ့က လမ်းထဲမှာ မိတ်ဆွေ ဆရာမ တစ်ယောက် တွေ့ လို့  ပြောစရာ စကားကလဲမရှိတာနဲ့ ဆရာမ ၄၃၆ လက်မှတ်ထိုးပြီးပြီလားလို့ မေးလိုက်မိတယ်။
သူက ဘာပြန်ဖြေတယ် ထင်လဲ။
ကျွန်မတို့ က လက်မှတ်ထိုးလို့ မရဖူးလေ။
ဘာလို့ လဲဆိုတော့ ကျွန်မတို့ က ၉၆၉ တဲ့။
အမ်။
ဇာဂနာ ဘာပြန်ဖြေရမှန်း ကို မသိပါဖူး။
၄၃၆ နဲ့ ၉၆၉ ကို ဘောလုံး အသင်းတွေလို တစ်သင်းစီ များမှတ်နေလား မသိ။

ဒါကြောင့်ပြောရတာပေါ့။
ဘုမသိ ဘမသိ လျောက်မေးမိနေတာကိုကဇာဂနာ့အမှား။
ကြောင်ကိုကြောင်ပါတယ်ဗျာ။

ခု ကန်နေတဲ့ ကမ္ဘာ့ဖလားမှာ မက္ကဆီကို အသင်းတစ်ဂိုးသွင်းတိုင်း မော်ဒယ် ရာကွယ်ပွမ်ပလန် ကအ၀တ်အစားတွေကို တလွှာချင်းချွတ်ပြမယ်တဲ့။
ကံ က ဆိုးချင်တော့ မက္ကဆီကိုကလဲ တစ်ဂိုးမှ မသွင်းနိုင်၊ရာကွယ် ပွမ်ပလန် လဲ ခုထိ တစ်လွှာမှ မချွတ်ရရှာဖူးပေါ့။

ဇာ၈နာ တို့ မြန်မာ ဘောလုံး အသင်း နဲ့ ဇာဇာထက်တို့ ဇွန်သဉ်ဇာတို့ ကျတော့သဘောတူညီမှုက တစ်မျိုးဗျ။
မြန်မာ အသင်း တစ်ဂိုး အသွင်းခံ၇တိုင်း သူတို့ တလွှာချွတ်မယ်ပေါ့ဗျာ။
ဟော ခုဆိုကြည့်၊ကလေးမလေး ၂ယောက် ခမျာ အကျီ်ကို မကပ်တော့ဖူး။
ဒါလဲ ဟုတ် မဟုတ်တော့ ဇာဂနာမသိပါဖူး။
သူများပြောသံကြားနဲ့ လိုက် ဖော နေတာပါ။
တကယ်ကတော့ ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ