Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

ဝက်မကြီးမှ ဆင်ပုံစံနှင့် မျောက်မျက်နှာ ၀က်နှစ်ကောင် မွေးဖွား




 

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ၌ စက်တင်ဘာ ၂၀ရက် ညနေ ၅း၃၀ မှ ၆း၀၀ နာရီအတွင်း ရပ်ကွက် ၁၂ နယ်မြေ ၁၂ နှင်းဆီလမ်းအိမ်အမှတ် (၁၂/၂၄၇) အိမ်ရှင် ဒေါ်အေးနန်း၏ နေမိမ်၌ ၀က်မကြီးမှ ၀က်၅ ကောင် မွေးဖွားရာမှ ဆင်နှင့်တူသော ၀က်တစ် ကောင်နှင့် မျောက်နှင့်တူပြီး လျှင်နှစ်ခွပါ ၀က်နှစ်ကောင် မွေးဖွား ခဲ့သည်ကို သိရှိရ၍ အိမ်ရှင် ၀က်ပိုင်ရှင်နှင့် သွားရောက် တွေ့ဆုံခဲ့သည်။

ဝက်ပိုင်ရှင်မှာ ခရီးထွက်နေသဖြင့် တူမဖြစ်သူ မလှလှဖြိုးနှင့် တွေ့ဆုံမေးမြန်းရာ ၀က်မှာ ပထမဦးဆုံး ၂ကောင် မွေးဖွားခဲ့ပြီး ၃နာရီလောက် အကြာ အချင်းထွက်လာပြီး အကောင်ပေါက်မရှိတော့ဘူးထင်မိရာ နောက်ထပ် ၁နာရီအကြာမှာ ဆင်ပုံသဏ္ဍန်ဝက် ထွက်လာပြီး နောက်တစ်ခါ လျှာနှစ်ခွနှင့် မျောက်မျက်နှာပုံပါ ၀က်ထွက်လာ တယ်၊ စုစုပေါင်း(၅)ကောင် မွေးပြီး နှာမောင်းပါဆင်နှင့် တူသောဝက်က အသေလေးမွေးပါတယ်။ မျောက် နဲ့တူတဲ့ လျှာနှစ်ခွနဲ့ဝက်ကတော့ အရှင်လေးမွေးတာပါ နှာခေါင်းပေါက်မပါပါဘူး။ ဒါကြောင့် နို့ဘူးနဲ့နို့ မှုန့်ဖျော်ပြီး တိုက်နေရ ပါတယ်။

ပထမဦးဆုံး က လျှာနှစ်ခွနဲ့ မျောက်လိုလို ကြံ့  လိုဝက်မွေးပါတယ်။ ပြီးတော့ ၀က်လေးတစ်ကောင် မွေးပါတယ်။ တတိယ ကျမှ နှာမောင်းပါပြီးဆင်နဲ့တူတဲ့ ၀က်လေးအသေမွေးပါတယ်။ နောက်ကျမှ ၀က်နှစ်ကောင်ထပ်မွေးတာပါ။ ကျန်တဲ့ဝက်တွေကတော့ သန်သန်မာမာပါဘဲ။ ဒီဝက်က ခရီးထွက်နေတဲ့ အဒေါ်ပိုင်တဲ့ဝက်ပါ။ အဒေါ်ခရီးထွက် နေတုန်း ကျမက ထိန်းကျောင်းပေးရင်း ဒီနေ့မှာ မွေးဖွားလာတာပါဟု ၀က်ပိုင်ရှင် ဒေါ်ခင်သန်းအေး၏ တူမ မလှလှဖြိုးမှ ပြောပြပါသည်။

မှန်ပါသည် သတင်းကြားကြားချင်းမှတ်တမ်းဓါတ်ပုံ သွားရောက်ရိုက်ကူးရာ ဆင်နှင့် အသေမွေးဖွားလာသော ၀က်ကလေးမှာ နားရွက်၊ ခြေထောက်၊ ကိုယ်လုံး ဆင်ဦးခေါင်းပုံသဏ္ဍန်၊ အမြီးနှာမောင်းများပါရှိပြီး မျက်လုံး တစ်လုံးမှာ ပါးစပ်ထဲမှထွက်နေပြီး ဆင်ကိုယ်လုံးဆင်ခြေထောက်၊ ဆင်အမြီးများနှင့် တွေ့ရပြီး နောက်ဝက် အရှင်ကလေးတစ်ကောင်က နှခေါင်းမပါဘဲ လျှာနှစ်ခွ၊ မျောက်မျက်နှာပုံသဏ္ဍန်မွေးဖွားခဲ့သည်ကို မှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ရပါသည်။ ၀က်မကြီးမှာ ၁နှစ်ရှိပြီဖြစ်ပြီး ထူးဆန်းအံ့သြဖွယ်ရာ ၀က်ကလေးများ အားမွေးဖွားခြင်းအတွက် လာရောက်ကြည့်ရှုသူပရိသတ်ပေါင်းများစွာနှင့် စီကားလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ