Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, September 22, 2014

၇၂ နှစ်ကြာအတူ နေထိုင်ပြီးနောက် လိင်တူမင်္ဂလာဆောင်ခဲ့ကြတဲ့ အဘွားအိုနှစ်ဦး



Vivian Boyack နဲ့ Alice Nonie Dubes တို့နှစ်ဦးဟာ ၇၂ နှစ်ကြာ အတူလက်တွဲခဲ့ကြပြီး ခု စက်တင်ဘာလ( ၂၂) ရက်နေ့မှာတော့ ဓလေ့ထုံးတမ်းစဉ်လာအရ လက်ထပ်မင်္ဂလာပွဲကျင်းပကာ မင်္ဂလာဆောင်တယ်ဆိုရာမှာ နောက်ကျတယ်ဆိုတာ မရှိကြောင်း သက်သေပြသွားပါတယ်။

The Quad City Times ရဲ့ သတင်းဖော်ပြထားချက်အရ ၎င်းစုံတွဲတို့နှစ်ဦးဟာ Davenport ရဲ့ First Christian Church ဘုရားကျောင်းကြီးထဲ သူတို့ရဲ့မိသားစုဝင်တချို့နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ ရှေ့မှောက်မှာ အပြန်အလှန် သစ္စာကတိပြုခဲ့ကြပါတယ်။

အခုကျွန်ုပ်တို့ ကျင်းပပြုလုပ်နေတဲ့ အခမ်းအနားဟာ ဟိုး အရင်ကတည်းက ရှိနေခဲ့သင့်တဲ့ အခမ်းအနားတစ်ခုဖြစ်ကြောင်း Rev. Linda Hunsaker က သူတို့စုံတွဲကို ရည်ညွန်း ပြောကြားနေချိန်အတွင်း Boyack ၉၁ နှစ် နဲ့ Dubes (၉၀) နှစ် တို့ဟာ လက်ချင်းချိတ်လျက် ရှိနေခဲ့ကြတယ်လို့ သတင်းဖော်ပြချက်အရ သိရပါတယ်။

Jerry Yeast က ဒီအမျိုးသမီးနှစ်ဦးကို ကျွန်တော်ရဲ့ ဘဝတစ်လျှောက်လုံး သိနေခဲ့သူတွေဖြစ်ပြီး သူတို့ဟာ အများနဲ့မတူ တမူထူးခြားပါတယ်။ ဒီအစီအစဉ်ဟာလည်း ကျွန်ုပ်တို့အားလုံးအတွက် အထူးနေ့သစ်တစ်ရပ်ပဲ ဖြစ်တယ်လို့ ထောက်ခံအားပေးခဲ့ကြောင်း Times မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

ဒီအမျိုးသမီးနှစ်ဦးဟာ ၁၉၄၇ ခုနှစ်တွင် Davenport သို့ မရွှေ့ပြောင်းခင် သူတို့ရဲ့ မွေးရပ်ဇာတိ Yale မှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်။ အဲ့ဒီအချိန်တုန်းက Boyack ဟာ ကျောင်းဆရာမအဖြစ် လုပ်ကိုင်နေခဲ့သူဖြစ်ပြီး Dubes က တော့ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလစာ စာရင်းကိုင်အဖြစ် လုပ်ကိုခဲ့တယ် လို့ Associated Press ရဲ့ သတင်းအရသိရှိရပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ