အသက် ၁၁ နှစ် အရွယ်ကပင် ကလေးသရုပ်ဆောင် တစ်ဦးအဖြစ် ဘောလိဝုဒ် အသိုင်းအ၀ိုင်း အတွင်း အောင်မြင် ကျော်ကြား နေခဲ့သည့် သရုပ်ဆောင် ရှဝီတာ ပရာဆက်သည် ပြည့်တန်ဆာ မှုဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက အိန္ဒိယ နိုင်ငံ ဟိုင်ဒရာဘတ် မြို့တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
ဖမ်းဆီးခြင်း ခံရအပြီးတွင် အသက် ၂၃ နှစ် ရှိနေပြီ ဖြစ်သည့် မင်းသမီး က ဘောလိဝုဒ်၏ ငွေကုန်ကြေးကျ များသည့် နေထိုင်မှု ပုံစံကို အမှီလိုက် ရန် ကြိုးပမ်းရင်း လမ်းမှားကို လျှောက်မိခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ သည်။
“ကျွန်မ အနုပညာ သက်တမ်းမှာ အမှားအယွင်းတွေ လုပ်ခဲ့တာကြောင့် ငွေကုန်ကြေးကျ များလာခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ နေ့စဉ် အသုံးစရိတ် ကိုတောင် ကာမိဖို့ ခက်ခဲလာတယ်။ အဲဒီအချိန်မှာ ကျွန်မကို လူအချို့က ပြည့်တန်ဆာ လုပ်ဖို့ တိုက်တွန်း ခဲ့ကြတယ်။ ခုတော့ ကျွန်မ နောင်တရနေ ပါပြီ”ဟု ရှဝီတာ ပရာဆက်က ပြောခဲ့သည်။
ရှဝီတာ ပရာဆက်သည် အသက် ၁၁ အရွယ်တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် မက်ဒီး အမည်ရှိ ရုပ်ရှင် ကားကြောင့် အောင်မြင် ကျော်ကြားလာခဲ့ပြီး ယင်းရုပ်ရှင် အတွင်းမှ သူမ၏ သရုပ်ဆောင် မှုများကြောင့် အမျိုးသား ရုပ်ရှင်ဆုပေးပွဲတွင် အကောင်းဆုံး ကလေးသရုပ်ဆောင် ဆုကိုပင် ရယူနိုင်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေ နေ့က ဖြစ်ပွားခဲ့သည့် ဖမ်းဆီးမှုတွင် မင်းသမီး ပရာဆက် အပြင် အခြားသူ အချို့လည်း ဖမ်းဆီး ခံခဲ့ရပြီး ယင်းလူများ အထဲတွင် မွမ်ဘိုင်းမြို့မှ စီးပွားရေးသမား တစ်ဦးပင် ပါဝင်ကြောင်း သိရသည်။
![]() |
| ရှဝီတာ ပရာဆက် (ညာအစွန်ကို) အိန္ဒိယ အမျိုးသားရုပ်ရှင် ဆုပေးပွဲ၌ ထိုစဉ်က သမ္မတ အဗ္ဗဒူရယ် ကာလမ်နှင့် အတူ တွေ့ရစဉ်။ |





































No comments:
Post a Comment