Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

ဗွီဒီယိုဇာတ်ကားများ ပြန်လည်စစ်ဆေးတော့မည်




ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလကစပြီး ဗွီဒီယိုဇာတ်ကားတွေကို ပြန်လည်စစ်ဆေး တော့မယ်လို့ သိရပါတယ်။

ဗီဒီယိုဇာတ်ကားတွေကို ဆင်ဆာအဖွဲ့က ပြန်လည်စစ်ဆေးမှာနဲ့ ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း မြှင့် တင်ရေးက ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အခုလိုပြောပါတယ်။

"ခုလက်ရှိလဲ အရင်တုန်းကစစ်သလို အခုလည်းစစ်နေတယ်၊ နောက်ပိုင်း အတုယူမှားတာပေါ့နော် မင်းသား၊ မင်းသမီးဆိုတော့ ကျန်တဲ့သူတွေက အတုခိုးတာပေါ့၊ အဲ့လိုအတုခိုးမှာစိုးလို့ ဖြတ်မယ်တောက်မယ်ပေါ့"

အရင်က နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက် စက်ကြမ်းကြုတ်မှုများ မပါဝင်ရေးစတဲ့ ဆင်ဆာမူဝါဒဆိုင်ရာ အချက် ၁၀ ချက် သတ်မှတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ရာဇ၀င်ဇာတ်လမ်းတွေနဲ့ သရဲတစ္ဆေဇာတ်လမ်းတွေကို ရိုက်ကူးခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မြန်မာရုပ်ရှင်လုပ်ငန်း ဗွီဒီယိုဆင်ဆာအဖွဲ့ဟာ ကာရာအိုကေသီချင်း၊ ဗွီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ကားတွေ ကို ဆင်ဆာဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ