Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, September 23, 2014

အမှန်သိချင်ရင် စုံစမ်းရေးသားနိုင်တယ်လို့ ဝန်ကြီးပြော



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က သူ့ရဲ့ပိုင်ဆိုင်မှုတွေသိချင်ရင် မီဒီယာတွေအ
နေနဲ့ စုံစမ်းထောက်လှမ်းပြီး ဖော်ထုတ်ရေးသားတိုင် ကြားနိုင်တယ်လို့ ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကျန်း မာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းအောင်နဲ့ အတူ ကျမ်းသစ္စာကျိန်ဆိုအပြီး မီဒီယာ
တွေနဲ့တွေ့ဆုံရာမှာ ဝန်ကြီးဦးရဲထွဋ်က အခုလို ပြော ကြားခဲ့တာပါ။

“ကျနော့်ရဲ့ ပိုင်ဆိုင်မှုကို သိချင်လို့ရှိရင် ဥပဒေကြောင်းအရ တောင်းဆိုမှပဲရမယ်၊ ဆိုပါစို့ ခင်ဗျားတို့ အဂတိ လိုက်စားမှု ကော်မရှင်ကို ခင်ဗျားတို့ အထောက်အထားရှိရင်တိုင်၊ ဒါမှမဟုတ် ကျနော် အဂတိလိုက်စားတယ် ထင်လို့ရှိရင် ခင်ဗျားတို့ Eleven အနေနဲ့ ဖွင့်ချပြီးတော့ရေး၊ အဲ့ဒီအခါကျရင် ကျနော် ဥပဒေဘက်ကနေ ရင် ဆိုင်ဖို့အသင့်ပဲ၊ ဥပဒေအရမဟုတ်ဘဲ ကျနော်လည်း ဆောင်းပါးတစ်ပုဒ်ရေးပြီးတော့မှ Eleven Media အုပ်စု ထဲမှ အစုရှယ်ယာတွေ ဘယ်သူပါသလဲ၊ နေ့စဉ်အရှုံးခံမထုတ်နိုင်အောင် ဘယ်လိုများ ရပ်တည်နေပါသလဲ လို့ ကျနော်မေးဖူးရင် ဘယ်တရားမလဲ၊ ဒါခင်ဗျားတို့ရဲ့ လုပ်ပိုင်ခွင့်ပဲကိုး၊ ဒါကြောင့်မို့ ကျနော်တောင်းဆိုရင် လည်း မတရားဘူး၊ ခင်ဗျားတို့လည်း အဲ့လိုရေးနေမယ့်အစား ကျနော်တို့ပစ္စည်းတွေကို ထုတ်ပြပြီးတော့ လို အပ်တဲ့ အကြောင်းအခြင်းအရာတွေရှိရင် အဂတိလိုက်စားမှု ကော်မရှင်ကိုလည်း တိုင်နိုင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့ကလည်း Investigate Journalism အနေနဲ့ စုံစမ်းထောက်လှမ်းတဲ့ စာနယ်ဇင်းအတတ်ပညာနဲ့ ကျနော့်ကို ရေးနိုင်ပါတယ်၊ မှန်ရင်လည်း ကျနော်ခံသွားမှာပေါ့၊ မမှန်ဘူးဆိုရင်လည်း ကျနော် ဥပဒေအကာ အကွယ်ယူပြီး ကာကွယ်မှာပေါ့”

ပြီးခဲ့တဲ့ စက်တင်ဘာလ၂၁ ရက်နေ့က ထုတ်ခဲ့တဲ့ အလဲဗင်းသတင်းစာပါ ” ဦးရဲထွဋ်တုံ့ပြန်၍ဦးခင်အောင်မြင့်
ကိုယ်စား ကျွန်တော်ပြောချင်သည်” ဆောင်းပါးမှာ ဝန်ကြီးဦးရဲထွဋ်ရဲ့ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ရေး သားခဲ့တယ် လို့လည်း သိရပါတယ်။

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ